

Industrial All Risks Insurance
စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံဆိုတာဘာလဲ?
စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် စက်မှုလုပ်ငန်း နှင့် ထုတ်လုပ်ရေးလုပ်ငန်းများအတွက် မမျှော်လင့်ထားသော၊ ရုတ်တရက်နှင့် ကြိုတင်မမြင်နိုင်သော ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုများ သို့မဟုတ် ပျက်စီးမှုများကို အန္တရာယ်အမျိုးမျိုးမှ ကာကွယ်ပေးသည့် အလုံးစုံအာမခံပေါ်လစီတစ်ခု ဖြစ်ပါသည်။ သာမန်မီးအာမခံထက် ပိုမိုကျယ်ပြန့်သော အကာအကွယ်များကို ပေးစွမ်းပြီး ပေါ်လစီတွင် ဖော်ပြထားသော အကျုံးမဝင်သည့် အန္တရာယ်များမှလွဲ၍ မမျှော်လင့်ထားသော အန္တရာယ်အမျိုးမျိုးကို အကာအကွယ်ပေးပါသည်။ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် အခြားစက်မှုလုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပိုမိုကျယ်ပြန့်သော အကာအကွယ်များ ပေးထားပြီး အာမခံ အကာအကွယ်များတွင် စီးပွားရေးလုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်း နှင့် သူတစ်ပါးသို့ပေးလျော်ရန် တာဝန်ရှိမှုကဲ့သို့သော အပိုအကာအကွယ်များလည်း ရရှိနိုင်ပါသည်။
မီးအာမခံ နှင့် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ ဘယ်လိုမျိုး ကွာခြားပါသလဲ?
| မီးအာမခံ | စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ |
အာမခံထားငွေ | · အမှန်တကယ်တန်ဖိုးအပေါ် သတ်မှတ်ထားသည်။ | · ပြန်လည်အစားထိုးတန်ဖိုးအပေါ် သတ်မှတ်ထားသည်။ |
ပရီမီယံနှုန်း | · ပုံသေသတ်မှတ်ထားသောနှုန်း | · ပုံသေသတ်မှတ်မထားသောနှုန်း – အာမခံနှုန်းထားသည် အဆောက်အဦး တည်ဆောက်ပုံနှင့် အသုံးချပုံ၊ ဘေးအန္တရာယ်ကာကွယ်ထားရှိမှုများ၊ ဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ချေရှိမှု၊ အန္တရာယ်စီမံခန့်ခွဲမှု၊ ဆုံးရှုံးမှုမှတ်တမ်းများ နှင့် အခြားအန္တရာယ်အချက်များကို ထည့်သွင်းစဉ်းစားပါသည်။ |
လျော်ကြေးမတောင်းဆုကြေး | · မီးအာမခံထားရှိရာတွင် (၁)နှစ်အတွင်း လျော်ကြေးတောင်းဆိုမှုမရှိခဲ့ပါက နောက်(၁)နှစ်အတွက် သက်တမ်း ဆက်ရာတွင် ယခင်နှစ် စုစုပေါင်းပရီမီယံနှင့် ယခုနှစ် သက်တမ်းဆက်စုစုပေါင်း ပရီမီယံကို နှိုင်းယှဥ်၍ နည်းသည့်ပမာဏအပေါ်တွင် လျော်ကြေးမတောင်းဆုကြေးအဖြစ် (၂၅%) ကို ခံစားခွင့်ရှိပါသည်။ | · မရရှိနိုင်ပါ။ |
Sub-Limit
| · မသတ်မှတ်ထားပါ | · သတ်မှတ်ထားသည်။ |
နုတ်ဖြတ်ငွေသတ်မှတ်ခြင်း | · မသတ်မှတ်ထားပါ | · သတ်မှတ်ထားသည်။ |
အကာအကွယ်များ | · မီး နှင့် အပိုထပ်ဆောင်းအန္တရာယ်များ အကာအကွယ်အတွက် ရွေးချယ်နိုင်ပါသည်။ | · အန္တရာယ်အားလုံး (All Risks) အကာအကွယ် ပေးသည့် အလုံးစုံပေါ်လစီဖြစ်သည်။ |
စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံကို ဘာကြောင့်မို့ ဝယ်ယူသင့်တာလဲ?
စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံကို ဝယ်ယူခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အလုံးစုံအာမခံပေါ်လစီတစ်ခုအနေဖြင့် အန္တရာယ်အမျိုးမျိုးကို အကာအကွယ်ပေးပါသည်။ ဤအာမခံသည် မမျှော်လင့်ထားသော ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုများနှင့် ပျက်စီးမှုများကို အကာအကွယ်ပေးရုံသာမက လုပ်ငန်းလုပ်ဆောင်မှုအတွင်း မမျှော်လင့်ထားသော ဆုံးရှုံးမှုကြောင့် နှောင့်နှေးမှုများဖြစ်ပေါ်ချိန်တွင် လုပ်ငန်းဝင်ငွေနှင့် လုပ်ငန်းဆက်လက်လည်ပတ်ရန်လိုအပ်သော ကုန်ကျစရိတ်များကိုလည်း ထောက်ပံ့ ပေးပါသည်။ ထို့အပြင် သူတစ်ပါးသို့ပေးလျော်ရန် တာဝန်ရှိမှုအကာအကွယ် ပါဝင်မှုကြောင့် စီးပွားရေးလုပ်ငန်းအတွက် ဥပဒေရေးရာနှင့် ငွေကြေးဆိုင်ရာအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ပါသည်။
IAR ပေါ်လစီနှင့်အတူ Business Interruption (BI) ကို ဝယ်ယူရရှိနိုင်ပါသလား?
IAR ပေါ်လစီနှင့်အတူ စီးပွားရေးလုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်း (Business Interruption – BI) ကို ဝယ်ယူနိုင်ပါသည်။ သို့သော် BI အကာအကွယ်သည် အပိုပရီမီယံကြေးပေးဆောင်၍ ဝယ်ယူရမည့် အပိုအကာအကွယ်တစ်ခု ဖြစ်ပါသည်။
IAR အာမခံအတွက် လျော်ကြေးမတောင်းဆုကြေး (NCB) ကို ရနိုင်ပါသလား?
IAR အာမခံအတွက် NCB ကို ရရှိနိုင်မည်မဟုတ်ပါ။ လျော်ကြေးမတောင်းဆုကြေး (NCB) ကို မီးနှင့်အပိုအန္တရာယ်အာမခံ နှင့် မော်တော်ယာဉ်အာမခံတွင်သာ ရရှိနိုင်ပါသည်။
ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?
အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 9500 77000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
မတော်တဆမှုဖြစ်တဲ့အခါ ကျွန်ုပ်ဘာလုပ်ဆောင်သင့်ပါသလဲ။
မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 9500 77000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- မတော်တဆဖြစ်မှုဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များ
- မတော်တဆဖြစ်မှုတည်နေရာ
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ် တောင်းဆိုပါလိမ့်မည်။
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ဘယ်အချိန်အထိ အကျုံးဝင်ပါသလဲ?
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။