မီးအာမခံ
အဆောက်အအုံ၊ ပရိဘောဂ၊ စက်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကုန်ပစ္စည်း (ကုန်ကြမ်း၊ ကုန်ချော) စသည်တို့ကို မီးအာမခံထားနိုင်ပါသည်။
အခြေခံအကာကွယ်များ
၁။ မီးလောင်ကျွမ်းမှု။
၂။ မိုးကြိုးပစ်ခြင်း။
၃။ အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲမှု။
၄။ မီးငြိမ်းသတ်ခြင်းကြောင့် ပျက်စီးခြင်း။
အာမခံသက်တမ်း
အနည်းဆုံး(၁၀) ရက်မှ အများဆုံး (၁) နှစ်အထိ ထားရှိနိုင်ပါသည်။
လျော်ကြေးမတောင်းဆုကြေး
အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံမှုမရှိခဲ့လျှင် ယခင်နှစ်ပရီမီယံနှင့် ယခုနှစ်ပရီမီယံ နှိုင်းယှဉ်၍ နောင်နှစ်တွင်နည်းရာ ပရီမီယံ၏ ၂၅% ကိုလျော်ကြေးမတောင်းဆုကြေးအဖြစ် ခံစားခွင့်ရှိပါသည်။
ပရီမီယံနှုန်းထား
အဆောက်အအုံအတန်းအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင်တို့ပေါ် မူတည်၍ အနိမ့်ဆုံး ဝ.၁၃% မှ အမြင့်ဆုံး ၃.၅% အထိ။
အပိုအန္တရာယ်အကာအကွယ်များ
၁။ အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှုများ။
၂။ လေယာဉ်ဖြင့် ထိခိုက်ပျက်စီးမှု။
၃။ ကုန်းလမ်းသွားယာဉ်ဖြင့် ထိခိုက်ပျက်စီးမှု။
၄။ မြေကျွံ၊ မြေပြိုမှု။
၅။ မြေငလျင်မီး၊ မီးအပါအဝင် ငလျင်ကြောင့်ပြိုအက်ပျက်စီးမှု။
၆။ ပေါက်ကွဲပျက်စီးမှု။
၇။ အလိုအလျောက်မီးစွဲလောင်မှု။
၈။ လေပြင်းမုန်တိုင်းအမျိုးမျိုး။
၉။ ရေကြီးမှု၊ ရေလျှံမှု။
၁၀။ ဖောက်ထွင်းခိုးယူမှု။
၁၁။ စစ်ဘေးအန္တရာယ်။
Copyright © 2019 KBZMS - All Rights Reserved.