Overseas Marine Cargo Insurance

ပြည်ပရေကြောင်းပို့ကုန်အာမခံသည် ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း သို့မဟုတ် လေကြောင်းတို့ဖြင့် သယ်ဆောင်စဉ် မမျှော်မှန်းနိုင်သော မတော်တဆဖြစ်ရပ်များကြောင့်  လုံးဝဆုံးရှုံးခြင်း နှင့် တစ်စိတ်တစ်ပိုင်း ဆုံးရှုံးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းတို့အတွက် အကာအကွယ်ပေးပါသည်။ ထို့အပြင် ကုန်းလမ်းဖြင့် တင်ပို့ခြင်းအတွက်လည်း အကာအကွယ်ရယူနိုင်ပါသည်။

Product Highlights

ရွေးချယ်နိုင်သော အကာအကွယ်များ –

ပြည်ပရေကြောင်းပို့ကုန်အာမခံကို အောက်ဖော်ပြပါ Institute Cargo Clauses (ICC) များဖြင့် အကာအကွယ်ရယူနိုင်ပါသည်။

Institute Cargo Clauses (A):

အကာအကွယ်အကျယ်ပြန့်ဆုံးဖြစ်ပြီး ပေါ်လစီတွင်ဖော်ပြထားသည့် အကျုံးမဝင်သောအချက်မှလွဲ၍ အကာအကွယ်ရရှိနိုင်ပါသည်။

Institute Cargo Clauses (B):

Clause (A) နှင့် နှိုင်းယှဉ်ပါက အာမခံ အကာအကွယ် နည်းပါးပါသည်။

Institute Cargo Clauses (C):

အနည်းဆုံးအကာအကွယ်အကျုံးဝင်ပြီးအန္တရာယ်အတိုင်းအတာကိုအကန့်အသတ်ဖြင့်အကာအကွယ်ပေးထားသည်။

ပရီမီယံနှုန်း

ပရီမီယံနှုန်းကို ကုန်ပစ္စည်းအမျိုးအစား၊ သယ်ယူပို့ဆောင်မည့်လမ်းကြောင်း၊ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း၊ ထုပ်ပိုးမှုစနစ် နှင့် လျော်ကြေးပေးချေမှုမှတ်တမ်းအပေါ်အခြေခံ၍ တွက်ချက်ပါသည်။

Coverage & Benefits

အကာအကွယ်ပေးသည်မှာ

Insurance Eligibility

အာမခံထားနိုင်သော အရာများ

ပြည်ပရေကြောင်းကုန်ပစ္စည်းအာမခံသည် တစ်နေရာမှတစ်နေရာသို့ အောက်ဖော်ပြပါ သယ်ယူပို့ဆောင်ရေးနည်းလမ်းအမျိုးမျိုးဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို အကာအကွယ်ပေးပါသည် –

ပင်လယ်ရေကြောင်း – ကွန်တိန်နာကုန်တင်သင်္ဘောများ။

လေကြောင်း – လေကြောင်းဖြင့်ကုန်စည်ပို့ဆောင်ခြင်းများ။

ကုန်းလမ်း – ကုန်တင်ကားများ။

အာမခံထားနိုင်ခွင့်ရှိသူ

ကုန်ပစ္စည်းပိုင်ရှင်များ (ရောင်းချသူ သို့မဟုတ် ဝယ်ယူသူ)

ကုန်ပစ္စည်းပို့ဆောင်သူများ

Logistics ကုမ္ပဏီများ

အာမခံသက်တမ်း

ကုန်ပစ္စည်းများဂိုဒေါင်(သို့မဟုတ်)သိုလှောင်ရာနေရာ (အာမခံစာချုပ်တွင်ဖော်ပြထားသည့်နေရာ) မှ စတင်ထွက်ခွာသည့်အချိန်မှစ၍ သယ်ဆောင်သည့်ယာဉ်(သို့မဟုတ်)အခြားသယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်သို့လွှဲပြောင်းတင်ဆောင်ချိန်မှစတင်၍အာမခံစာချုပ်တွင်ဖော်ပြထားသည့်နောက်ဆုံးသတ်မှတ်ထားသည့်ခရီးဆုံးသို့ရောက်ရှိ၍ကုန်ချပေးပြီးချိန်တွင်အာမခံအကာအကွယ်ပြီးဆုံးမည်ဖြစ်ပါသည်။

Document Download

Proposal Overseas Marine Cargo Insurance (PDF)
Brochure Overseas Marine Cargo Insurance (PDF)
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.