BCGE – Business Coalition for Gender Equality

Business Coalition for Gender Equality (BCGE) Association သည် အကျိုးအမြတ်မယူသော အသင်းအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များတွင် ကျား/မ ခွဲခြားခြင်းမရှိသော၊ တန်းတူညီမျှဖြစ်သော၊ မတူကွဲပြားခြားနားမှုများကို လက်ခံကျင့်သုံးသော အစရှိသည့် အလေ့အကျင့်များကို မြှင့်တင်နိုင်ရန် ကတိပြုထားသည့် ကုမ္ပဏီများနှင့် ပူးပေါင်းကာ လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့ KBZMS သည် BCGE အဖွဲ့ဝင်တစ်ဦးအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျား/မ ခွဲခြားခြင်းမရှိသော၊ တန်းတူညီမျှဖြစ်သော၊ မတူကွဲပြားခြားနားမှုများကို လက်ခံကျင့်သုံးသည့်အရာများတွင် ပါဝင်လျက်ရှိကာ လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်တစ်ခု ရရှိနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပါသည်။

KBZMS သည် ၂၀၁၉ ခုနှစ် မေလမှ စတင်ကာ မြန်မာနိုင်ငံရှိ EDGE Certificate အား ကိုင်ဆောင်ထားလျက်ရှိသော လုပ်ငန်းစုများအနက် EDGE Certificate ကို ပထမဆုံးရရှိခဲ့သည့် အာမခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းဖြင့် မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရေးနှင့် အမျိုးသမီးများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းအစရှိသော ကျား/မ တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ရန် အခိုင်အမာ ကတိကဝတ်ပြုပါသည်။

ကျွန်ုပ်တို့ KBZMS သည် မိသားစုဆန်သော လုပ်ငန်းခွင်နှင့် ကျား/မ ခွဲခြားခြင်းမရှိသော လုပ်ငန်းခွင်တစ်ခုကို ဖန်းတီးနိုင်ရန်အတွက် BCGE အဖွဲ့ဝင်ကုမ္ပဏီများနှင့် အတူ mothers’ room program project ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ winner အဖြစ်အနိုင်ရရှိခဲ့ပါသည်။ ဤ KBZMS Mother’s Room သည် ကုမ္ပဏီတွင် လက်တလော မီးဖွားထားသည့် မိခင်ဝန်ထမ်းများအတွက် မိခင်နို့တိုက်ကျွေးသည့်အခါတွင် သန့်ရှင်းသော ကိရိယာများကိုအသုံးပြုနိုင်ရန် အခန်းတွင်းထားရှိပြီး Alive & Thrive နှင့် ပူးပေါင်ကာ မိခင်နို့တိုက်ကျွေးခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများဖြင့် ဝန်ထမ်းများအပေါ် မိသားစုဆန်သော လုပ်ငန်းခွင်တစ်ခုဖြစ်စေရန် ပံ့ပိုးပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့ KBZMS သည် ဝန်ထမ်းများအားလုံးအတွက် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုအပါအဝင် ခွဲခြားဆက်ဆံမှုကင်းပြီး လုံခြုံစိတ်ချရသော ပျော်ရွှင်ဖွယ်ရာကောင်းသည့် လုပ်ငန်းပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ KBZMS သည် ဌာနအတွင်း သာမက လုပ်ငန်းခွင်ပြင်ပတွင်လုပ်ဆောင်လျက်ရှိသော ပွဲလမ်းသဘင်များ၊ လုပ်ငန်းနှင့် ပတ်သက်သောခရီးစဉ်များ၊ သင်တန်းများတွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအပါအဝင် မည်သည့်ပုံစံဖြင့်မဆို ခွဲခြားဆက်ဆံမှု၊ နိုင့်ထက်စီးနင်းပြုမှု၊ ထိပါးနှောင့်ယှက်မှုများအတွက် Anti-Harassment, Anti-Bullying and Non-Discrimination မူဝါဒကို ချမှတ်ထားပါသည်။

Harassment & Bullying

It Stops Here and Now Campaign

 

KBZMS သည် “မေတ္တာ၊ သတ္တိ၊ ဝီရိယ” ဆိုသည့် စံတန်ဖိုးများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး ထိုတန်ဖိုးများထဲမှ တစ်ခုဖြစ်သည့် မေတ္တာနှင့်အညီ လုပ်ငန်းခွင်အတွင်း ကျား/မ ခွဲခြားခြင်းမရှိခြင်း၊ တန်းတူညီမျှရှိခြင်း၊ မတူကွဲပြားခြားနားမှုများကို လက်ခံကျင့်သုံးခြင်းစသည့်အရာများတွင် ပါဝင်လျက်ရှိပြီး လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင်တစ်ခုရရှိနိုင်ရန်အတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

 

KBZMS သည် (၂၀၁၉) ခုနှစ် မေလမှ စတင်ကာ မြန်မာနိုင်ငံရှိ EDGE Certificate အား ကိုင်ဆောင်ထားလျက်ရှိသော လုပ်ငန်းစုများအနက် EDGE Certificate ကို ပထမဆုံးရရှိခဲ့သည့် အာမခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။ KBZMS ၏အဓိကရည်ရွယ်ချက်စံနှုန်းသည် အာမခံလုပ်ငန်းဖြင့် မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်း တိုးတက်စေရေးနှင့် အမျိုးသမီးများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်းအစရှိသော ကျား/မ တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ရန်ဖြစ်ပါသည်။ ထို့အပြင် မိသားစုဆန်သော လုပ်ငန်းခွင်နှင့် ကျား/မ ခွဲခြားခြင်းမရှိသော လုပ်ငန်းခွင်တစ်ခုကို ဖန်းတီးနိုင်ရန်အတွက် BCGE အဖွဲ့ဝင်ကုမ္ပဏီများနှင့် အတူ mothers’ room program project ကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ winner အဖြစ်လည်း အနိုင်ရရှိခဲ့ပါသည်။

 

နှစ်စဥ်  နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့သည် လိင်ပိုင်းဆိုင်ရာအခြေပြု ဖိနှိပ်မှုနှင့် အနှောင့်အယှက်များမှ ကင်းဝေးစေရေး (၁၆) ရက်တာ လှုပ်ရှားမှုကာလအဖြစ် ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပကြလေ့ရှိပါသည်။ 

ယခုနှစ်တွင်  “No Room for Harassment, Bullying, and Discrimination. It Stops Here and Now” ဟူသော ၁၆ ရက်တာလှုပ်ရှားမှု၏ ဆောင်ပုဒ်အတိုင်း  လူမှုအသိုင်းအဝိုင်းများတွင် ဘက်စုံအကြမ်းဖက်မှုများကို ဆန့်ကျင်ကာကွယ်ရန် ကတိကဝတ်ထား၍ လုပ်ဆောင်နေသည့်  Business Coalition for Gender Equality (BCGE) မှ စီစဥ်သော (၁၆)ရက်တာလှုပ်ရှားမှု အွန်လိုင်းကမ်ပိန်းတွင် KBZMS မှဝန်ထမ်းများသည် မတူကွဲပြားမှုများနှင့်ခြားနားမှုသည် သက်မှတ်ချက်တစ်ခုသာဖြစ်ပြီး စုံလင်ကွဲပြားမှုတိုင်းသည် တန်းတူညီမျှမှုရှိရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့်တက်ကြွစွာပါဝင်ခဲ့ကြပါသည်။ဤကဲ့သို့အွန်လိုင်းကမ်ပိန်းတွင်ပါဝင်ခြင်းသည် KBZMS သည် ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှုများကင်းပြီး ကွဲပြားမှုများကိုလက်ခံခြင်းနှင့်အတူ လုံခြုံစိတ်ချရပြီး ပျော်ရွှင်ဖွယ်ရာကောင်းသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ကြောင်းကို ပြသခြင်းပင်ဖြစ်ပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.