Personal Lines Insurance

KBZMS သည် တစ်သီးပုဂ္ဂလနှင့် လုပ်ငန်းသုံး နှစ်ခုလုံးအတွက် အဆင်ပြေအံဝင်ခွင်ကျစေမည့် Personal Lines Insurance
အာမခံဝန်ဆောင်မှုများကို စီစဉ်ပေးထားပါသည်။ ကျွန်ုပ်တို့၏ အာမခံဝန်‌ဆောင်မှုများတွင် မိမိပိုင်ဆိုင်သည့်ပစ္စည်းများအာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွား အာမခံနှင့် ငွေသားနှင့်ပတ်သက်သောအာမခံများ စသည့်တို့ပါဝင်ပါသည်။

Personal Lines Insurance

မော်တော်ယာဉ်အာမခံ

KBZMS မော်တော်ယာဉ် အာမခံဖြင့် စိတ်ချယုံကြည်စွာဖြင့်မောင်းနှင်လိုက်ပါ။ မော်တော်ယာဉ် အာမခံသည် လူကြီးမင်းတို့၏ ကားကို ထိခိုက်မှုမှ ကာကွယ်ပေးရုံသာမက အဖက်ဖက်မှ ကာကွယ်မှုအပြည့်အစုံပေးထားသောကြောင့် လူကြီးမင်းအား ယုံကြည်မှုကို တိုးစေမှာဖြစ်ပါသည်။

Personal Lines Insurance

ကျန်းမာရေးအာမခံ

လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။

Personal Lines Insurance

ခရီးသွားအာမခံ

ကျွန်ုပ်တို့၏ပြည်တွင်း/ပြည်ပခရီးသွားအာမခံ၊ မိုင် (၁၀၀) အောက် ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံတို့ဖြင့် စိတ်ပူပင်စရာ ကင်းမဲ့သော ခရီးစဉ်တစ်ခုကို ဖြတ်သန်းလိုက်ပါ။ မမျှော်လင့်ထားသော ခရီးသွားပြဿနာများမှ အကာအကွယ်ရယူကာ အသိပညာဗဟုသုတများဖြင့် စတိုင်လ်ကျကျ ခရီးသွားလိုက်ပါ။

Commercial Lines Insurance

KBZMS သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် Commercial Lines Insurance အာမခံဝန်ဆောင်မှုများဖြစ်သည့် Industrial All Risks (IAR), Construction All Risks (CAR)/Erection All Risks (EAR), Bailees, marine products တို့ကို စတင်မိတ်ဆက်ခဲ့ပါသည်။

Commercial Lines Insurance

Industrial All Risks Insurance (IAR)

မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။

Commercial Lines Insurance

Bailee’s Liability Insurance

Bailee Liability အာမခံသည် သင့်စောင့်ရှောက်မှု/ထိန်းချုပ်မှုအောက်ရှိ ကုန်ပစ္စည်းများ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးသွားသောအခါတွင် သင့်အား တာဝန်ယူမှုမှ ကာကွယ်ပေးသည့် ပေါ်လစီ တစ်ခုဖြစ်ပါသည်။

Commercial Lines Insurance

Contractors’ All Risks/Erection All Risks Insurance(CAR/EAR)

KBZMS သည် ဆောက်လုပ်ရေးနှင့် တည်ဆောက်ခြင်း အဆင့်များအတွင်း သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်များအတွက် အထူးအာမခံဖြေရှင်းချက်များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ကျယ်ပြန့်သော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို သုံးစွဲသူ Customer များ အဆင်ပြေစေရန် end-to-end စနစ်ကို အသုံးပြုထားပါသည်။ ၎င်းတွင် Personal Accidents နှင့် Travel Protect ကဲ့သို့သော အာမခံများကို Online မှတစ်ဆင့် ဝယ်ယူရန်နှင့် မိမိ၏ အာမခံ လျော်ကြေးအဆင့်ဆင့်ကို စီမံခန့်ခွဲရန် Customer Care အက်ပ်၊ လျော်ကြေးတောင်းခံမှု လျှောက်လွှာများကို လျှင်မြန်ထိရောက်စွာလုပ်ဆောင်ရန်အတွက် E-claim ပလပ်ဖောင်း တို့ပါဝင်ပါသည်။

working-at-home

အွန်လိုင်းအာမခံစနစ်

Personal Accidents နှင့် Travel Protect အာမခံများကို ကျွန်ုပ်တို့၏အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့်ဝယ်ယူနိုင်ပါသည်။
apps

Customer Care App အကြောင်း

ကျွန်ုပ်တို့ Customer Care App ကိုအသုံးပြုပြီး လူကြီးမင်း၏ KBZMSအာမခံပေါ်လစီ စီမံခန့်ခွဲမှုများနှင့် အချိန်နဲ့တပြေးညီအသိပေးချက်များကို ရှာဖွေနိုင်ပါသည်။
claim

About E-Claims အကြောင်း

လူကြီးမင်း၏လျော်ကြေးတောင်းခံမှုလျှောက်လွှာကို အချိန်နဲ့တပြေးညီလုပ်ဆောင်ပြီး ပျက်စီးဆုံးရှုံးမှုများအတွက်လျော်ကြေးငွေတောင်းခံမှုများကိုလည်း လျှင်မြန်စွာပြုလုပ်နိုင်ပါသည်။

ရရှိနိုင်သော Online ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ Personal Insurance နှင့် Travel Protect insurance စသည့် အာမခံဝန်‌ဆောင်များကို အွန်လိုင်းပေါ်မှ တစ်ဆင့် ခလုတ်တစ်ချက်နှိပ်လိုက်ပြီး လွယ်ကူစွာဝယ်ယူနိုင်ပါသည်။

Personal Accident
Insurance

Travel Protect
Insurance

သတင်းအချက်အလက်များ

ကျွန်ုပ်တို့ကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

photo-7
02 Nov 2026
General Insurance Company of the Year – 2026
မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ KBZMS အတွက် သမိုင်းဝင်အောင်မြင်မှု! KBZMS General Insurance မှ 30th Asia Insurance Industry Awards 2026 တွင် General Insurance Company of the Year ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါပြီ။ Asia Insurance Review မှ ကြီးမှူးကျင်းပတဲ့ ယခုနှစ် Asia Insurance Industry Awards တွင် ဆုအမျိုးအစား ၁၆ ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်မှု ၁၈၅ ခုနီးပါးရှိခဲ့ပြီး အာရှအာမခံလုပ်ငန်းနယ်ပယ်မှ ထူးချွန်တဲ့ ကုမ္ပဏီများကို ရွေးချယ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။ General Insurance Company of the Year ဆုအတွက် အာရှနိုင်ငံ ၅ နိုင်ငံမှ ထိပ်တန်း General Insurance ကုမ္ပဏီ ၅ ခု Finalists အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Allianz Ayudhya – Thailand KBZMS General Insurance – Myanmar MSIG Insurance (Singapore) – Singapore Phillip General Insurance (Cambodia) – Cambodia PVI Insurance Corporation – Vietnam အာရှထိပ်တန်းအာမခံကုမ္ပဏီများနဲ့အတူ Finalist အဖြစ် ရွေးချယ်ခံခဲ့ရပြီး General Insurance Company of the Year ဆုကြီးကို KBZMS က ဆွတ်ခူးရရှိခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ Insurance Industry အတွက်ပါ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ KBZMS အနေနဲ့ Customers တွေရဲ့ ယုံကြည်မှုကို အလေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့၊ Digital Innovation တွေကတစ်ဆင့် Insurance Protection ကို လူအများ ပိုမိုလက်လှမ်းမီလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ Insurance Industry ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် Disaster Risk Reduction နဲ့ Community Resilience လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရင်း သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ပိုမိုလုံခြုံစိတ်ချရတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ဆက်လက်ပံ့ပိုးပေးနေပါတယ်။ ဒီဆုဟာ KBZMS ရဲ့ Business Performance ကို အသိအမှတ်ပြုခြင်းသာမက စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနဲ့ အတူတကွ ကြိုးပမ်းအားထုတ်မှုတွေကို ပြသခဲ့တဲ့ ONE KBZMS Team တစ်ဖွဲ့လုံးရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ဒီအောင်မြင်မှုအတွက် အစဉ်အမြဲ ကြိုးစားပေးနေကြတဲ့ KBZMS ဝန်ထမ်းများ၊ Shareholders များ၊ Business Partners များနဲ့ KBZMS ကို ယုံကြည်အားပေးကြတဲ့ Customers များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ Proud to Represent Myanmar. Honored to Stand Among Asia’s Best. ရှေ့ဆက်ပြီးလည်း မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးရင်း ပိုမိုလုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
1
13 Oct 2026
Beyond Insurance.Beyond Awareness.Into Action.
Beyond Insurance.Beyond Awareness.Into Action. KBZMS အနေနဲ့ ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ စတင်ဆောင်ရွက်ရတာမဟုတ်ဘဲ မဖြစ်ပွားခင်ကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေနဲ့ စတင်ရမယ်လို့ ယုံကြည်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးနောက်ပိုင်း Mandalay Phoenix အစီအစဉ်တွေကနေ ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီခဲ့သလို၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေကနေတစ်ဆင့် လူဦးရေ ၃,၀၀၀ ကျော်ကိုပါ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ လျှော့ချရေးဆိုင်ရာ အသိပညာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အသိပညာပေးခြင်းမှ နောက်တစ်ဆင့်တက်လှမ်းပြီး ရပ်ရွာလူထုနဲ့အတူ လက်တွဲကာ လက်တွေ့အကျိုးပြုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ KBZMS ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုင်းလူမွန်အောင် ဦးဆောင်တဲ့ KBZMS စေတနာ့ဝန်ထမ်း ၅၀ ဦးဟာ FIN Myanmar၊ Early Childhood School Management Committee နဲ့ Community Resource Center တို့နဲ့ ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေဖို့၊ ရေဝပ်မှုတွေကို ကာကွယ်ဖို့နဲ့ ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ ရပ်ရွာပတ်ဝန်းကျင်တွေ ဖြစ်လာစေရန် ရည်ရွယ်ပြီး ရေနုတ်မြောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာကနေ အိမ်ထောင်စု ၂,၅၀၀ ကျော်နဲ့ လူဦးရေ ၁၂,၅၀၀ ခန့်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပုသိမ်နဲ့ ဟင်္သာတရုံးခွဲတွေက ဝန်ထမ်းတွေဟာလည်း မိမိတို့ဒေသတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ KBZMS အတွက် Beyond Insurance ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ ပြန်လည်ထူထောင်ရေးကို ကူညီပေးတာတင်မကဘဲ ဘေးအန္တရာယ်တွေကို ကြိုတင်လျှော့ချနိုင်ဖို့၊ ရပ်ရွာလူထုနဲ့အတူ လက်တွဲဆောင်ရွက်ဖို့နဲ့ ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
6 7
02 Oct 2026
Shared with Warm Compassion: KBZMS’s 5th Blood Donation Drive
စက်တင်ဘာလ (၂) ရက်နေ့တွင် KBZMS ဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ မြို့နယ်များရှိ သွေးလှူဘဏ်များတွင် မေတ္တာတရားရှေ့ထား၍ သွေးလှူဒါန်းခဲ့ကြပါသည်။ KBZMS ၏ တန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ ယခု (၅) ကြိမ်မြောက်အထိ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး CSR နှင့် လူထုအကျိုးပြု လုပ်ငန်းစဉ်များအဖြစ် လိုအပ်နေသူများ၏ အသက်များကို ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။ စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော ဝန်ထမ်းများအတွက် အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။

Our Valued Strategic Partners

KBZMS ၏ အာမခံထုတ်ကုန်များကို ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ပါတနာများမှတစ်ဆင့် ယခုအခါ ပိုမိုလွယ်ကူစွာ ရယူနိုင်ပြီဖြစ်ပါသည်။

သင်ယုံကြည်အားထားရသော မိတ်ဖက်ပါတနာများနှင့်အတူ သင့်အတွက် လိုအပ်သော အာမခံအကာအကွယ်များကို ပိုမိုနီးကပ်စွာ ဖြည့်ဆည်းပေးလျက်ရှိပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.