Celebrate Thingyan in Pattaya with KBZMS Campaign

Celebrate Thingyan in Pattaya with KBZMS Campaign ၏ ကံထူးရှင်များသည် ဧပြီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ သင်္ကြန်အားလပ်ရက်များကို ထိုင်းနိုင်ငံတွင် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါသည်။ Campaign အထမြောက်အောင် ပူးပေါင်းပါဝင်ပေးသော Figo Travels and Tours နှင့် သက်ဆိုင်ရာ လူကြီးမင်းများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားအပ်ပါသည်။
Agent Power Up Contest

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ မတ်လ (Financial Year Quarter 4) အတွင်း ရောင်းအားရလဒ်အရ စွမ်းဆောင်ရည်အမြင့်မားဆုံး နှင့် ရောင်းအားအမြင့်မားဆုံးကိုယ်စားလှယ်တော်များအား ဆုချီးမြှင့်သည့် Power Up Contest ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ The Brunch Society တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၌ ကျင်းပခဲ့ပါသည်။