Personal Accident Insurance
သင်မမျှော်လင့်ထားဆုံး အချိန်တွင် မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။ မတော်တဆ ထိခိုက်မှုများ သို့မဟုတ် မတော်တဆမှုများအတွက် မိမိကိုယ်တိုင်နှင့် လူကြီးမင်းတို့၏ ချစ်ရသူများအား ကာကွယ်လိုက်ပါ။
Product Highlights
Personal Accident Insurance
KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ရခြင်း နှင့်/သို့မဟုတ် အလုပ်မလုပ်ကိုင်နိုင်ခြင်း ကဲ့သို့သော မမျှော်လင့်ထားသော ဆုံးရှုံးမှုဖြစ်ရပ်များတွင် အကာအကွယ်ပေးပါသည်။
အာမခံသက်တမ်း
ပရီမီယံပေးသွင်းသည့်နေ့မှစ၍ ၃လ၊ ၆လ၊ (သို့မဟုတ်) ၁နှစ် ဖြစ်ပါသည်။
သက်တမ်းတိုးနိုင်ပါသည်။
အာမခံထားငွေ
အနည်းဆုံး မြန်မာကျပ် (၅)သိန်း မှ အများဆုံး သိန်း (၂၀၀) အထိ ထားရှိနိုင်ပါသည်။
အနည်းဆုံး အမေရိကန်ဒေါ်လာ (၁,၀၀၀) မှ အများဆုံး (၂၀၀,၀၀၀) အထိ ထားရှိနိုင်ပါသည်။
အာမခံနှုန်းထားများ
အန္တရာယ်မများသည့် အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၀.၇ %
အန္တရာယ်များသည့် အလုပ်အကိုင်အတွက် အာမခံထားငွေ၏ ၀.၇၀၇ %
အကာအကွယ်များနှင့်အကျိုးခံစားခွင့်များ
Insurance Coverage
သေဆုံးခြင်း သို့မဟုတ် ထာ၀စဉ်မသန်စွမ်း ဖြစ်ခြင်းတွင် အာမခံထားငွေပမာဏကို တစ်လုံးတည်း ပေးလျော်ပါမည်။
ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်းတွင် ထိခိုက်ဒဏ်ရာ၏ ပြင်းထန်မှုအပေါ်မူတည်၍ အာမခံထားသောငွေ၏ အချိုးကျရာခိုင်နှုန်းကို ပေးလျော်ပါမည်။
ဆေးရုံတက်ရခြင်း သို့မဟုတ် အလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် ရက်သတ္တတစ်ပတ်လျှင် အာမခံထားငွေ၏ ၃% ဖြင့် အများဆုံး အာမခံထားငွေ၏ ၁၅% အထိ ပေးလျော်ပါမည်။
အာမခံထားခွင့်ရှိသူ
အာမခံထားခွင့်ရှိသူ
မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်သည့် အသက် ၁၆ နှစ် မှ ၆၅ နှစ်ကြားရှိ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် ဤအာမခံကို တစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့အလိုက် ထားရှိနိုင်ပါသည်။
အသက် ၁၆ နှစ် မှ ၁၈ နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
Related Products
Personal Lines Insurance
Health Insurance
လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။