KBZMS ဟာ အရည်အချင်းရှိသူတွေကို ပြုစုပျိုးထောင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေပေးလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Internship Program ဟာ သင်ရွေးချယ်ထားတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ အသိပညာနဲ့ လက်တွေ့အတွေ့အကြုံတွေကို ရရှိစေဖို့ ဒီဇိုင်းထုတ်ထားတဲ့ Program ဖြစ်ပါတယ်။
အတွေ့အကြုံရှိ Professional များနဲ့ အလုပ်အတူလုပ်ပြီး တန်ဖိုးရှိတဲ့ လမ်းညွှန်ပြမှုတွေ ကို ရရှိနိုင်ပါတယ်။
သင့်ရဲ့ အတတ်ပညာနဲ့ ဗဟုသုတ တွေကို ပိုမိုတိုးတက်စေမယ့် လက်တွေ့ Project များမှာ ပါဝင်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
သင့်အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းကို အထောက်အကူပြု တိုးတက်စေမယ့် သင်တန်းတွေ နဲ့ Development Program တွေမှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။
သင်ယူဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ နှင့် ဖွံ့ဖြိုးတိုးတက်ဖို့ ကို အားပေးတန်ဖိုးထား တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ခွင့်ရမှာြဖစ်ပါတယ်။
ထူးချွန်တဲ့ Intern တွေကို KBZMS ရဲ့ အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ ဖွင့်ပေးထားပါတယ်။
ကြာချိန်:
၃ လ
သတ်မှတ်ချက်:
KBZMS အနေနဲ့ လူတွေကသာ ကြီးမားတဲ့အောင်မြင်မှုကိုရရှိဖို့ အဓိက အချက်ဖြစ်ကြောင်း နားလည်လက်ခံထားပါတယ်။ လူတိုင်းမှာ အများနဲ့ ကွဲပြားတဲ့ ထူးခြားတဲ့ အရည်အချင်းတွေ အကြိုက်တွေ ရှိကြပါတယ်။ ဒီ Internship Program ကတော့ သင့်ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပေးမှာဖြစ်ပြီး သင့်ရဲ့အောင်မြင်မှုအလားအလာတွေ ကို ဖော်ထုတ်ပေးဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
Internship Program အတွက် လျောက်လွှာတွေကို ရွေးခြယ်တဲ့ အခါမှာ သင့်ရဲ့ စစ်မှန်တဲ့ လုပ်ဆောင်နိုင်စွမ်းအားအပြင် သင်ဟာ ကျွန်ုပ်တို့ရဲ့ အဖွဲ့အစည်းနဲ့ ကိုက်ညီမှုရှိမရှိကို သေချာအချိန်ယူ ကြည့်ရှုမှာဖြစ်ပြီးတော့ သင့်အနေနဲ့ သင့်ရဲ့ အားသာချက်တွေနဲ့ တိုးတက်ဖို့လိုနေသေးတဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်းသိရှိရဖို့ ပြုလုပ်ထားတဲ့ Assessment တွေ ကိုဖြေရမှာဖြစ်ပါတယ်။
တိုးတက်မှုတွေကို အစဉ်မပျက်ရှာဖွေနေတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် မိမိ Career ကို မြှင့်တင်ဖို့ KBZMS Internship Program ကနေ အကောင်းဆုံးအတွေ့အကြုံတွေရယူရင်း အောင်မြင်မှုပန်းတိုင်ကိုရှာဖွေနိုင်ပါသည်။
ဒီ Video ကတော့ KBZMS မှာ Internship (၃) လကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီး KBZMS ဌာနအသီးသီးမှာပြန်လည်လုပ်ကိုင်နေတဲ့ ဝန်ထမ်းများရဲ့ Internship ကာလအတွင်းဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ၊ စိန်ခေါ်မှုတွေနဲ့ တစ်နေ့တာလုပ်ဆောင်ပုံတွေကို မျှဝေထားတဲ့ Video ပဲဖြစ်ပါသည်။