Claims
သည် ဝန်ထမ်းများ၏ အသက်မွေးဝမ်းကြောင်းတိုးတက်စေမှုနှင့် ပုဂ္ဂိုလ်ရေးအရ တိုးတက်လာစေရန်အတွက် ပြီးပြည့်စုံသောသင်တန်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ကျွန်ုပ်တို့ KBZMS သည် စဥ်ဆက်မပြတ်သင်ယူလေ့လာမှုများနှင့် အတူ ပြီးပြည့်စုံသောကျန်းမာခြင်းကို ရရှိစေမည့် ပတ်ဝန်းကျင်အား ပေးဆောင်နိုင်ရန် ကတိပြုပါသည်။
သည် စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များဖြင့် ဝန်ထမ်းများ၏ စွမ်းရည်များကို စဉ်ဆက်မပြတ် တိုးတက်လာစေရန် ကတိပြုလျက်ရှိပါသည်။
ရှိဝန်ထမ်းများသည် ထိရောက်စွာ သင်ယူနိုင်စွမ်းရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် Learning Leverage Management System ဖြစ်သော e-learning ပလပ်ဖောင်းကို အသုံးပြုကာ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။
သည် ဝန်ထမ်းများ၏ ပင်ကိုယ်စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အစီအစဥ်များနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို တိုးတက်စေရန်အတွက် ရည်ရွယ်သော Social Clubs များဖြစ်သည့် (ကြက်တောင်၊ ဘောလုံး၊ ယောဂ၊ ဇမ်ဘာ အစရှိသော) လှုပ်ရှားမှုများဖြင့် ဝန်ထမ်းများအတွက် ပံ့ပိုးပေးလျက်ရှိပါသည်။ ထိုအစီအစဥ်များသည် KBZMS ဝန်ထမ်းများအတွက် လုပ်ငန်းခွင်အတွင်း ကျန်းမာသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာပြုလုပ်ပေးရခြင်းဖြစ်ပါသည်။