KBZMS General Insurance နှင့် ATOM Myanmar Limited တို့သည် မြန်မာနိုင်ငံတွင် Digital Platform မှတစ်ဆင့် အာမခံဝန်ဆောင်မှုများကို မြန်မာပြည်သူများလွယ်ကူစွာဝယ်ယူနိုင်ရန်တွက် အတူလက်တွဲပူးပေါင်းဖန်တီးခြင်း သဘောတူညီစာချုပ်ကို အောက်တိုဘာလ (၂၉)ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် နှစ်ဖက်သော ကုမ္ပဏီမှ CEO များမှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤသို့လက်တွဲပူးပေါင်းလုပ်ဆောင်ရခြင်းသည်
မြန်မာပြည်သူများအတွက် အထောက်အကူပြုအကာအကွယ်ရစေမည့် Travel Protect (ခရီးသွားအာမခံ)နှင့် Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ)တို့ကို ATOM Store App မှ တစ်ဆင့် ဒီဂျစ်တယ်နည်းပညာဖြင့် လွယ်ကူမြန်ဆန်စွာဝယ်ယူနိုင်ခြင်း
ATOM ၏ ဒီဂျစ်တယ်နည်းပညာဦးဆောင်မှု၊ KBZMS ၏ လုံခြုံစိတ်ချရသော အာမခံအကာအကွယ်ပံ့ပိုးမှုများကိုပေါင်းစပ်ပြီး မြန်မာနိုင်ငံအတွက် လုံခြုံစိတ်ချရသောအကာအကွယ်၊နည်းပညာများဖြင့် ပိုမိုကောင်းမွန်သော ခေတ်မီနေထိုင်မှုဘဝကို ဖန်တီးပေးနိုင်ခြင်းတို့ကိုရည်ရွယ်ပါသည်။
အတူလက်တွဲခြင်းမှသည် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုအရွေ့များကို ပုံဖော်နိုင်ရန်အတွက် ဆက်လက်ကြိုးစားသွားပါမည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.