Branch In-Charge (ရုံးခွဲတာ၀န်ခံ – ဟင်္သာတ)
Job Description
- မိတ်ဖက်ဘဏ်၊ ဘဏ်ခွဲများ၏ မန်နေဂျာများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်၊ ဒေသတွင်း စီးပွားရေး ကွန်ရက်များကို တိုးချဲ့ရန်။
- ရုံးချုပ်မှ ချမှတ်ထားသော Strategy များကို လိုက်နာပြီး ရုံးခွဲအတွက် သတ်မှတ်ထားသော Sales Target များကို ပြည့်မှီအောင် ဆောင်ရွက်ရန်။
- Branch Transformation လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။
- ကုမ္ပဏီ၏ နည်းဗျူဟာများ နှင့် အကောင်အထည် ဖော်ရန်အတွက် လိုအပ်ချက်များကို ဝန်ထမ်းများအား ပုံမှန် အသိပေး ဆောင်ရွက်ရန်။
- Survey, underwriting နှင့် Claims ဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်မှုပြုရန် နှင့် Distribution Channel များကို ပံ့ပိုး ကူညီဆောင်ရွက်ပေးရန်။
- ဧည့်သည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်။
- ရုံးခွဲ နှင့် သက်ဆိုင်သော Recruitment,Succession Planning, ဝန်ထမ်းများ၏ Career Development နှင့် အခြား ဝန်ထမ်းရေးရာကိစ္စများ ကို HR Department နှင့်ပူပေါင်း ဆောင်ရွက်ရန်။
- ရုံးခွဲရှိဝန်ထမ်းများအား စွမ်းဆောင်ရည်အကဲဖြတ်ခြင်း နှင့် လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းများကို ဆောင်ရွက်ရန်။
- KBZMS ရုံးခွဲ၏ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်အတွက် ရုံးအဆောက်အအုံများနှင့် ပစ္စည်းများကို ပုံမှန်စစ်ဆေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းရန်၊ ရုံးနှင့်ပက်သက်သော ပြုပြင် ထိန်းသိမ်းရေးကိစ္စရပ်များအတွက် Facility Management Department နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်။
- သတ်မှတ်ထားသော နယ်မြေရှိ ကားအလုပ်ရုံများနှင့် ထိရောက် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန်။
- ရုံးချုပ်မှ IT ဌာန၊ Operations ဌာန များနှင့်အတူ နည်းပညာဆိုင်ရာ ပဏာမ အကောင်အထည်ဖော်မှုများ ကို ပံ့ပိုးကူညီရန်။
- Financial Report များ ပြင်ဆင်ရန် အတွက် Finance Department နှင့်ပူးပေါင်းဆောင်ရွက်ရန်။
- ရုံးချုပ် မှ ချမှတ်ထားသော လုပ်ငန်းစဉ်များအားလုံးကို လိုက်နာဆောင်ရွက်ရန်။
- ရုံးခွဲရှိ ဝန်ထမ်းများကို ကောင်းမွန်သော အချိန်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနှင့် အဖွဲ့တစ်ခုတည်း (one team) ဖြစ်စေရန်အတွက် လမ်းပြဦးဆောင်ရန်။
Job Requirements
- Bachelor’s Degree ရရှိထားသူဖြစ်ရမည်
ဘဏ်ခွဲ၊ ရုံးခွဲ များကို စီမံခန့်ခွဲမှု အတွေ့အကြုံ (သို့) သက်ဆိုင်ရာအတွေ့ အကြုံ အနည်းဆုံး (၄) နှစ် အထက်ရှိရမည်။ - ခိုင်မာသည့် စီမံကိန်းရေးဆွဲနိုင်စွမ်းရှိပြီး အစီအစဉ်ကျကျ စီမံနိုင်ရမည်။
- Microsoft Word, Excel, Outlook နှင့် အခြားရုံးသုံး Software များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
- ရင့်ကျက်တည်ငြိမ်ပြီး၊ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲ မှု ကောင်းမွန်ရမည်။
- Strategy များရေးဆွဲပြီး ချမှတ်ထားသော Sales Target များကို ပြည့်မှီအောင် ဆောင်ရွက်နိုင်ရမည်။
- သွက်လက်ပြီး စီးပွားရေး Network ချဲ့ထွင်နိုင်သူဖြစ်ရမည်။
Job Details
Job Grade
Manager
Department
Hinthada Branch
Sub-Function
Location
Hinthada, Ayeyarwaddy Region