The KBZMS Journey: Values, Protection, and Progress 2026

KBZMS 2026 Table Calendar သည် ကုမ္ပဏီ၏ စံတန်ဖိုးများ၊ ရည်မှန်းချက်နှင့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ရိုးရာဓလေ့များ၊ ကမ္ဘာ့အထိမ်းအမှတ်နေ့များ၊
မြန်မာ့ယဉ်ကျေးမှုပွဲတော်များနှင့် အမျိုးသားနေ့အထိမ်းအမှတ်များကို တစ်နှစ်တာပတ်လုံးနှင့်ကိုက်ညီပြီး သက်ဝင်ခံစားမှုများဖြစ်စေရန် ဖော်ပြထားပါသည်။

ဤကဲ့သို့ ဖော်ပြရာတွင် လတစ်လချင်းစီသည် KBZMS ၏စံတန်ဖိုးများဖြစ်သည့် “မေတ္တာ၊ သတ္တိ၊ ဝီရိယ”တို့ကို အခြေခံထားပြီး မီးအာမခံ၊ မော်တော်ယာဉ်အာမခံ၊ ရေကြောင်းကုန်စည်အာမခံ၊ ခရီးသွားအာမခံနှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ၊ကျန်းမာရေး အာမခံကဲ့သို့သော ထုတ်ကုန်များအား မည်ကဲ့သို့ ဝန်ဆောင်မှုများပေးနေသည်ကို ပုံဖော်ထားခြင်းဖြစ်ပါသည်။

ထို့အပြင် စိတ်ဝင်စားမှုကိုဖြစ်စေသော ဆောင်ပုဒ်များ၊ ခံစားသက်ဝင်မှုကိုဖြစ်စေသော စာသားများနှင့် ဖန်တီးမှုအားကောင်းသော ပုံရိပ်များမှတစ်ဆင့် မိသားစုများ၊ စီးပွားရေးလုပ်ငန်းများ၊ လူနေမှုအဖွဲ့အစည်းများကို ကာကွယ်မှုပေးရာတွင် KBZMS ၏ အခန်းကဏ္ဍကို AI ဖြင့်ဖန်တီးထားသော ကာတွန်းပန်းချီများဖြင့်လည်း
ဝေဆာစွာဖော်ပြထားပါသည်။

နှစ်သစ်ကို မေတ္တာတရားနှင့် အတူ စတင်ကြစို့။

နှစ်သစ်ကို မေတ္တာတရားနှင့် အတူ စတင်ကြစို့။
KBZMS သည် မြန်မာပြည်သူများ၏ လူနေမှုဘဝများတွင် မိတ်ဖက်တစ်ဦးအဖြစ် အမြဲအတူရပ်တည်လျက်ရှိပါသည်။
အခက်အခဲများကို ကြုံတွေ့ရသည့်အချိန်တိုင်းတွင်လည်း KBZMS သည် –
✔️ အာမခံထုတ်ကုန်များဖြင့် အကာအကွယ်ပေးခြင်း
✔️ တိကျမြန်ဆန်သော လျော်ကြေးဝန်ဆောင်မှုများ
ဖြင့် သင့်ဘဝကို အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန် မေတ္တာအပြည့်ဖြင့် ပံ့ပိုးကူညီလျက်ရှိပါသည်။

သတ္တိရှိခြင်းဆိုတာပြန်လည်ရှင်သန်ရပ်တည်ဖို့အတွက်စိတ်ခွန်အားရှိခြင်းပါပဲ

သတ္တိရှိခြင်းဆိုတာက ကြောက်ရွံ့မှုကင်းခြင်း မဟုတ်ဘဲ ပြန်လည်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် စိတ်ခွန်အားရှိခြင်းပဲဖြစ်ပါတယ်။
KBZMS ၏ ကျန်းမာရေးအာမခံနှင့် ပြင်းထန်သောကုသမှုရောဂါအာမခံသည် Customerများ၏ ဘဝအခက်အခဲဆုံးအချိန်များကို ကျော်လွှားနိုင်ရန် လိုအပ်သော ခွန်အားသတ္တိများကို ပေးစွမ်းနိုင်ရန်အတွက် ရည်ရွယ်ပါသည်။

 

သူမတို့အနာဂတ်လှပစေဖို့အတွက်ပံ့ပိုးကူညီလက်တွဲကြပါစို့

KBZMS တွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများသည် မေတ္တာတရားကိုသာ အခြေခံပါသည်။စစ်မှန်သော မေတ္တာတရားသည် ပေးကမ်းခြင်း၊ ကာကွယ်စောင့်‌ရှောက်ခြင်း၊ လူနေမှုဘဝအားမြှင့်တင်ပေးခြင်းတို့ကို ပြသခြင်းကြောင့်ပင်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် “ Give To Gain” Campaign သည် မေတ္တာတရား၊ စေတနာဖြင့်ပံ့ပိုးခြင်း၊ အပြန်အလှန်ကျေးဇူးပြုခြင်းတို့အပေါ်ကို အခြေခံထားပါသည်။ မိမိတွင်ရှိသော ဗဟုသုတ၊ အရင်းအမြစ်၊ အခွင့်အလမ်း၊ အထောက်အပံ့ စသည့် အရာများအား မေတ္တာဖြင့်ပေးခြင်းသည် တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်း၊ လူနေမှုအသိုင်းအဝိုင်းများအထိ တိုးတက်မှုများကို မြင့်တက်လာစေပါသည်။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်းသည်
တန်းတူညီမျှမှုအတွက်သာမကဘဲ သန်မာကြံ့ခိုင်သော လူမှုအဖွဲ့အစည်းကိုပါ ဖန်တီးပေးခြင်းဖြစ်ပါသည်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်တိုးတက်လာသည့်အခါ မိသားစုများတွင်လည်း စီးပွားဥစ္စာ၊အသိပညာများ တိုးတက်လာကြပြီး လူမှုအဖွဲ့အစည်းများလည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ထို့အတွက် ကျွန်ုပ်တို့အားလုံးရှေ့သို့ အတူတူပူးပေါင်း ‌ရှေ့ဆက်ကြရမည်ဖြစ်ပါသည်။
အချိန်နှင့် ကျွမ်းကျင်မှုများအား မျှဝေခြင်းသည် ကျားမတန်းတူညီမျှမှုအခွင့်အ‌ရေးအတွက် လုပ်ဆောင်ရာတွင် အမျိုးသမီးများ၏အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုသည့် အသံများပိုပါလာစေရန် စည်းရုံးလှုံဆော်ရာတွင် အခြေခံကျပါသည်။ ထို့ကြောင့် မေတ္တာတရားဖြင့် ပံ့ပိုးကူညီခြင်းသည် သူမတို့ကို အကာအကွယ်ပေးခြင်းသာမကဘဲ
တိုးတက်လာအောင် ဂရုစိုက်ပေးခြင်းပင်ဖြစ်ပါသည်။

ပြည့်စုံကြွယ်ဝ၊နှစ်သစ်အခါသမယ ဖြစ်ပါစေ

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် မြန်မာနိုင်ငံသားများအားလုံး ပြည့်စုံကြွယ်ဝမှုများဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေကြောင်း
KBZMS မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

KBZMS ၏ Personal Accident Insurance သည် အန္တရာယ်ကင်း၊ စိတ်အေးချမ်းစွာဖြင့် အတာပွဲကိုဆင်နွှဲနိုင်ရန် အတူရှိနေမည်ဖြစ်ပါသည်။

ဆုံးရှုံးမှုများစွာမဖြစ်ခင်ကြိုတင်ကာကွယ်ဖို့ရာမမေ့ပါနဲ့

မေလသည် မြန်မာနိုင်ငံ၏အပူချိန်အမြင့်မားဆုံးရာသီဖြစ်ပြီး
မီးဘေးအန္တရာယ်အတွက် အစိုးရိမ်ရဆုံးအချိန်ခါလည်းဖြစ်ပါသည်။

မီးဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သည့်အတွက် KBZMS သည် စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ (Fire and Industrial All Risks Insurance) ကို လူကြီးမင်းတို့၏တန်ဖိုးထားရာပိုင်ဆိုင်မှုများ စိတ်ချမှုရှိစေရန်နှင့် အကာအကွယ်ပေးနိုင်ရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

သို့ကြောင့် KBZMS ၏ စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံ (Fire and Industrial All Risks Insurance) သည် မမျှော်လင့်ထားသော မတော်တဆမှုဖြစ်ရပ်များမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး နွေရာသီကို စိတ်ချလုံခြုံမှုရှိစွာဖြင့် ရင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

မေတ္တာနှင့်လျှောက်လှမ်း ယုံကြည်မှုနှင့်ဖြတ်သန်း (၁၃)နှစ်တာသက်တမ်း

KBZMS သည် မြန်မာနိုင်ငံသားများ၏ ဘဝစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် မိသားစုများ၊ လုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများကို အကာအကွယ်ပေးခြင်းဖြင့် ရပ်တည်လာခဲ့သည်မှာ (၁၃) နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ပါသည်။
ဤနှစ်ပတ်လည်နေ့သည် ကျွန်ုပ်တို့ဖြတ်သန်းလာခဲ့သည့် (၁၃)နှစ်တာခရီးစဉ်ကြီးကို ဂုဏ်ပြုခြင်းသာမက မြန်မာပြည်သူများအတွက် ပိုမိုဘေးကင်းလုံခြုံသော အနာဂတ်တစ်ခုကို ပံ့ပိုးကူညီပေးခြင်းဖြင့် အတူတကွရှေ့ဆက်ကြရန် ကတိကဝတ်ပြုခြင်းဖြစ်ပါသည်။

(၇၉)နှစ်မြောက် အာဇာနည်နေ့

ဇူလိုင်လ (၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ၏လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့်
အနစ်နာခံသွားသောအာဇာနည်ပုဂ္ဂိုလ်ကြီး
များအားဂုဏ်ပြုလိုက်ပါသည်။

KBZMS သည် အာဇာနည်ပုဂ္ဂိုလ်များ၏
ဇွဲလုံ့လဝီရိယနှင့် သတ္တိရှိမှု၊ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုတို့ကိုအတုယူပြီး
Customer များ၏ စီးပွားရေးလုပ်ငန်းများ၊ မိသားစုဘဝများ၊ ရှင်သန်ရပ်တည်မှုများတွင် စိတ်စေတနာအပြည့်နှင့် အားထုတ်ကြိုးပမ်း ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဝဿာန်ကာလချိန်ခါစိတ်အေးချမ်းမှုဖြင့်သာရှင်သန်ပါ

မြန်မာနိုင်ငံ၏ မိုးရာသီသည် လယ်ကွင်းပြင်များကို စိမ်းစိုစေရန်နှင့် ဆန်စပါးဖြစ်စေရန်အတွက် အကူအညီပေးပြီး ပြန်လည်ရှင်သန်ခြင်းနှင့်ပြည့်စုံကြွယ်ဝခြင်းကို ကိုယ်စားပြုပါသည်။
‌ကောင်းမွန်သောအရာများနှင့်အတူ ရေကြီးမှု၊မုန်တိုင်းအန္တရာယ်ရှိမှုစသည့် မမျှော်လင့်ထားသော သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။
KBZMS ၏ သဘာဝဘေးအန္တရာယ်အကာအကွယ်ပါဝင်သည့် မီးအာမခံသည် မီးဘေးအန္တရာယ်အတွက် အကာအကွယ်ပေးရုံသာမက သဘာဝဘေးအန္တရာယ်များအတွက်ပါ အကာအကွယ်အပြည့်ရရှိစေမှာဖြစ်သည့်အတွက် မိုးရာသီသည် မြန်မာပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မျှော်လင့်ချက်များကို သယ်ဆောင်လာနိုင်မည်ဖြစ်ပါသည်။

 

လျှင်မြန်တဲ့ဝန်ဆောင်မှုတိုင်းက သင့်လက်တစ်ကမ်းမှာပါ

ဘဝမှာ အပြောင်းအလဲတွေက လျှင်မြန်စွာဖြစ်ပေါ်နေသလို သင့်အတွက်အကာအကွယ်ကလည်း လျှင်မြန်စွာရရှိဖို့လိုအပ်ပါသည်။

KBZMS ရဲ့ Customer Care App သည်ဒီဂျစ်တယ်ဝန်ဆောင်မှုရယူခြင်း ၊ အာမခံပေါ်လီစီအသစ် ဝယ်ယူခြင်းမှသည် Metta Rewards ရမှတ်များအားစစ်ဆေးခြင်း၊ အာမခံလျော်ကြေးငွေဝန်ဆောင်မှုများ ရယူခြင်းလုပ်ငန်းစဉ်များအထိ မြန်ဆန်ရိုးရှင်းပြီး အချိန်နေရာမရွေး သင့်၏နေ့စဉ်ဘဝတွင် အတူရှိနိုင်ရန်အတွက်
ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ဤ App ၏ရည်ရွယ်ချက်သည် သင့်အနာဂတ်ကို အကာအကွယ်အပြည့်နှင့် နေနိုင်ရန်အတွက် အချိန်အခါကိုစောင့်ဆိုင်းစရာမလိုဘဲ တစ်ခဏအတွင်းအရာအားလုံးကို လွယ်ကူစွာ လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်ပါသည်။

ဆင်နွှဲပွဲတော်ချိန်ခါ၊ခရီးသွားလာTravel Protect ကအတူရှိနေမှာ

အောက်တိုဘာလ(သီတင်းကျွတ်ချိန်ခါ)တွင် မိသားစုများသည် ပြန်လည်စုံစည်းကြခြင်း၊ ပွဲတော်များအတူဆင်နွှဲခြင်း၊ ခရီးသွားလာခြင်းတို့ကို ပြုလုပ်ကြပါသည်။
မြန်မာနိုင်ငံသားများအားလုံး အေးချမ်းပျော်ရွှင်မှုများနှင့်ပြည့်စုံပြီး ကြည်နူးဆွတ်ပျံ့ဖွယ်ရာ သီတင်းကျွတ်အခါသမယဖြစ်ကြပါစေကြောင်း KBZMS မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ပိတ်ရက်တွင်သွားလာသောခရီးစဉ်များသည် ဘေးကင်းရုံသာမက အဓိပ္ပာယ်ပြည့်ဝနေစေရန် KBZMS၏ Travel Protect (ခရီးသွားအာမခံ)က အကာအကွယ်အပြည့်‌ပေးနေမည်ဖြစ်ပါသည်။

ကူးသန်းစီးပွား ကုန်သွယ်မှုများအတွက်ဘေးကင်းလုံခြုံမှုကို

KBZMS Marine Cargo Insurance မှ တစ်ဆင့်ရယူပါ

 

နိုဝင်ဘာလသည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးကူးသန်း‌ရောင်းဝယ်ရေးကာလ
ဖြစ်ပြီး ကုန်ပစ္စည်းများအား နယ်နိမိတ်များနှင့် ပင်လယ်ပြင်မှဖြတ်၍ သယ်ယူပို့ဆောင်ကြရပါသည်။

KBZMS ၏ ရေကြောင်းကုန်ပစ္စည်းအာမခံ (Marine Cargo Insurance) သည် သယ်ယူပို့ဆောင်မှုတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှ ကာကွယ်ပေးပြီး ယုံကြည်စိတ်ချစွာဖြင့် ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ပါသည်။

ထိုကဲ့သို့ ကုန်သွယ်မှုကို အကာအကွယ်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာနိုင်ပြီး မြန်မာ့စီးပွားရေးကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် အထောက်အကူရရှိစေမည်ဖြစ်ပါသည်။

မြူနှင်းများကြားက လမ်းမထက်မှာစိတ်အေးချမ်းစွာမောင်းနှင်ပါ

ဒီဇင်ဘာလသည် နှစ်တစ်နှစ်၏ကုန်ဆုံးချိန်ဖြစ်ပြီး မိသားစုများခရီးထွက်ကြသည့်အချိန်၊ လမ်းမများတွင် ပိုစည်ကားသည့်အချိန်၊ အဓိပ္ပာယ်များနှင့်ပြည့်ဝနေသော ပျော်ရွှင်ဖွယ်ရာအချိန်ခါဖြစ်ပါသည်။

KBZMS ၏ မော်တော်ယာဉ်အာမခံ (Motor Insurance) သည် လမ်းမထက်ပေါ်မှ မတော်တဆမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် မျှော်လင့်မထားသော အန္တရာယ်များမှ သင့်အား ကာကွယ်ပေးရန်အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

ဤအာမခံသည် ဘေးကင်းစွာခရီးသွားလာခြင်းနှင့်အတူ  လုံခြုံစိတ်ချရသောခရီးစဉ်ဖြစ်စေရန်အတွက် မောင်းနှင်မှုတိုင်းတွင် အကာအကွယ်အပြည့်နှင့် အမြဲအတူရှိနေမည်ဖြစ်ပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.