ကုလသမဂ္ဂအဖွဲ့အစည်းကိုတည်ထောင်ခြင်းနှင့်အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို (၁၉၄၅) ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် သြဇာအကြီးဆုံးနှင့်တာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး sanctionsများချမှတ် ထုတ်ပြန်နိုင်ရုံသာမက စစ်ရေးအရလည်းအာဏာရှိသည်။ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလန်၊ အမေရိကန် နိုင်ငံများမှာ အမြဲတမ်းအဖွဲ့ဝင်(၅)နိုင်ငံများဖြစ်ကြပြီး ၎င်းတို့တွင် ကုလသမဂ္ဂလုခြုံရေးကောင်စီမှ ချမှတ်သောဆုံးဖြတ်ချက်များကို သဘောမတူညီလျှင် vetoအာဏာဖြင့် ငြင်းပယ်ပိုင်ခွင့်လည်းရှိသည်။ အခြားကုလသမဂ္ဂအဖွဲ့ဝင်(၁၀)နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို vetoအာဏာ ကျင့်သုံးနိုင် ခြင်းမရှိပဲ (၂)နှစ်လျှင်တစ်ကြိမ် အလှည့်ကျအရွေးချယ်ခံ၍ ဆောင်ရွက်ကြရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂအဖွဲ့ဝင်(၁၅)နိုင်ငံမှ သဘော တူညီသောသို့မဟုတ် လက်ခံသောဆုံးဖြတ်ချက်ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့သည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပထမဦးစားပေးထိန်းသိမ်းရန်အတွက် တာဝန်ဝတ္တရားအပြည့်ရှိသည်။ UN charter သည် non-procedural matter များအပေါ်တွင်ချမှတ်သော ဆုံးဖြတ်ချက်မူကြမ်းတစ်ခုဖြစ်ပါက ကောင်စီအဖွဲ့ဝင်(၁၅)နိုင်ငံအနက်(၉)နိုင်ငံမှလက်ခံ၍ အမြဲတမ်းအဖွဲ့ဝင်(၅)နိုင်ငံအနက်တစ်နိုင်ငံမှ veto အာဏာအသုံးမပြုလျှင် အတည်ဖြစ်သည်။ procedural matter များအပေါ်တွင်ချမှတ်သော ဆုံးဖြတ်ချက်မူကြမ်းဖြစ်ပါက မည်သည့်ကောင်စီအဖွဲ့ဝင်(၉)နိုင်ငံမဆို သဘောတူညီလျှင် အတည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်ဧပြီလ၁၉ရက်နေ့မှစ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု အနေဖြင့်ပါဝင်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(အက်ဖ်အေတီအက်ဖ်)၊ ကုလသမဂ္ဂလူ့အခွင့်အရေးတာဝန်ဝတ္တရားများနှင့် ကုလသမဂ္ဂအထွေထွေညီလာခံမဲပေးခြင်းစသည့် နယ်ပယ်ဆိုင်ရာကုလသမဂ္ဂစည်းမျဉ်းများကိုလည်း လိုက်နာရသည်။