

ကျွန်ုပ်တို့ဆုများ
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်များနှင့် ဝန်ထမ်းများ၏စိတ်ကျေနပ်မှုကြောင့် ရရှိလာသည့် ဆုတံဆိပ်များအတွက် များစွာဂုဏ်ယူဝမ်းသာမိပါသည်။ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ပျော်ရွှင်ဖွယ်ရာလုပ်ငန်းခွင်အဖြစ်ဖန်တီးပေးခြင်း၊ သင်ယူလေ့လာနိုင်ခွင့်တို့ကို ပေးထားသည့် ကြိုးစားအားထုတ်မှုများအတွက် ဤဆုများဖြင့် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။

Employee Engagement Initiative of the Year Award 2025
KBZMS သည် အာမခံနယ်ပယ်တွင် ပထမဦးဆုံးသောပုဂ္ဂလိကအထွေထွေအာမခံကုမ္ပဏီဖြစ်ပြီး ဝန်ထမ်းများအတွက်လည်း “Performance Based Culture” ပေါ်အခြေခံ၍ ဝန်ထမ်းများ၏ အရည်အချင်း၊စွမ်းဆောင်ရည်များကိုအသိအမှတ်ပြုတန်ဖိုးထားပြီး တန်းတူညီမျှမှုများဖြင့် အကျိုးခံစားခွင့်ပေးသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
ဝန်ထမ်းများ၏အရည်အချင်း၊ အရည်အသွေးမြင့်တက်လာခြင်းသည် ကုမ္ပဏီ၏တန်ဖိုးမြင့်တက်လာခြင်းနှင့်တူသည်ဟု ယုံကြည်မှုသည် နိုင်ငံတကာမှအသိအမှတ်ပြုသည့် “Employee Engagement Initiative of the Year” ကသက်သေတစ်ခုပင်ဖြစ်ပါသည်။
(၂၀၂၄) ခုနှစ်တွင်လည်း KBZMS အနေဖြင့် JobNet Myanmar မှ ပေးအပ်သည့် “Best Companies to Work in Myanmar” Award ကိုလက်ခံရရှိခဲ့ပါသည်။
KBZMS ၏စံတန်ဖိုးများဖြစ်သည့် “မေတ္တာ၊ သတ္တိ၊ ဝီရိယ”ထဲမှ “မေတ္တာ”နှင့်အညီ ဝန်ထမ်းများအား တန်းတူညီမျှသောလုပ်ငန်းခွင်နှင့် ကြိုးစားမှုအလိုက် မိမိတို့ရဲ့အရည်အချင်းများအားပြသနိုင်ခွင့်၊ အကျိုးခံစားခွင့်များအားပေးပြီး ဝန်ထမ်းများဘက်မှလည်း “သတ္တိ၊ဝီရိယ”များနှင့်အညီ ကြိုးစားအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း ဝန်ထမ်းပေါင်း (၇၀၀) ကျော်မှ Team Challenge ကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပြီး စွမ်းဆောင်ရည်ထက်ကျော်လွန်သော ရလာဒ်များကိုစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ယခုအောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်ပါသည်။
ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီ၏ပံ့ပိုးဆောင်ရွက်မှုများသည် KBZMSအောင်မြင်မှု၏အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် One Team စိတ်ဓာတ်ဖြင့် ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သောအကျိုးခံစားခွင့်များ၊ အခွင့်အလမ်းများနှင့် ပံ့ပိုးမှုများကို ဆက်လက်ဖန်တီးပေးနေမည်ဖြစ်ပြီး ရှေ့ဆက်၍လည်းကောင်းမွန်သောအရွေ့များကို ဆက်လက်ပုံဖော်သွားမည်ဖြစ်ပါသည်။

Best Companies to Work in Myanmar Awards 2024
KBZMSသည် ၂၀၂၄ ခုနှစ်တွင် JobNet မှချီးမြှင့်သည့် “Best Companies to Work in Myanmar” ဆုကိုလက်ခံရရှိခဲ့ပါသည်။ဤဆုသည် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုနှင့် လုပ်ဆောင်နိုင်မှုစွမ်းရည်များကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့ကုမ္ပဏီသည် ဝန်ထမ်းများ၏ တိုးတက်မှုစွမ်းရည်များကိုအသိအမှတ်ပြုပြီး စိတ်ပျော်ရွှင်မှုဖြစ်စေသော လုပ်ငန်းခွင်ဖြစ်စေရန် ဖန်တီးပေးမှုတို့ကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးလုပ်ငန်းခွင်တစ်ခုအဖြစ် ပေးအပ်ခံရခြင်းဖြစ်ပါသည်။
BCIM ဆုများပေးအပ်ချီးမြှင့်ခြင်းကို ၂၀၂၀ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဝန်ထမ်းများ၏ မိမိတို့လုပ်ငန်းခွင်အပေါ် စိတ်ကျေနပ်မှုရှိခြင်းတို့အပေါ် အချက်အလက်များစုဆောင်းပြီး စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဤဆုများသည် မိမိတို့ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ် မြင်သည့်အမြင်၊ စွမ်းဆောင်ရည်များ၊ သုံးသပ်ချက်များအား ပွင့်လင်းစွာ၊ လွတ်လပ်စွာ ပြောခွင့်ရသည့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါသည်။
ဤကဲ့သို့ သုံးသပ်ချက်များအပေါ်မူတည်၍ လုပ်ငန်းရှင်များအနေဖြင့် ပိုမိုကောင်းမွန်သောလုပ်ငန်းခွင်ကို ပုံဖော်နိုင်ရန်၊ စီးပွားရေးဆောင်ရွက်မှု ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။

Myanmar Employer Award 2020
Excellence in Workplace Environment (Gold Award)
ဤဆုသည် ဝန်ထမ်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူးကောင်းမွန်သော အလုပ်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး အစဉ်မပြတ်ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။
Best Use of Internal Marketing for Company Pride 2020 (Bronze Award)
ဤဆုသည် Internal Marketing Strategies များဖြင့် ကုမ္ပဏီအတွက် ဂုဏ်ဆောင်နိုင်မှုများကို မြှင့်တင်ရာတွင် ကြိုးပမ်းအားထုတ်မှုများအတွက် အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။
People’s Choice Award (Local)
ကျွန်ုပ်တို့၏ အပြုသဘောဆောင်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကြောင့် မြန်မာပြည်သူများ၏ ယုံကြည်မှု၊ တန်ဖိုးထားမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။

Myanmar Employer Award 2019
Best Use of Internal Marketing for Company Pride (Local Bronze Award)
ကုမ္ပဏီအပေါ် ဝန်ထမ်းများ၏စိတ်ဝင်စားမှုကို တိုးတက်လာစေရန် ရည်ရွယ်၍ ဆန်းသစ်တီထွင်သောနည်းလမ်းများကိုဖန်တီးပေးခြင်းအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။
Best Learning and Development Program (Local Bronze Award)
ဝန်ထမ်းများ၏အရည်အချင်းမြှင့်တင်ရေး၊ သင်တန်းပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။
Excellence in Workplace Environment (Local Bronze Award)
ဖန်တီးနိုင်စွမ်းနှင့် အရည်အချင်းများ တိုးတက်လာစေရန်အတွက် လုံလောက်သည့်အရင်းအမြစ်များနှင့် ခေတ်မှီသော၊ အဆင်ပြေသော၊ အားလုံးအတူတူ ပါဝင်ဆောင်ရွက်နိုင်သော အလုပ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခြင်းအတွက် အသိအမှတ်ပြုခံရခြင်းဖြစ်ပါသည်။

These accolades serve as a testament to
our unwavering commitment to our employees’
well-being and professional growth.
These accolades serve as a testament to our unwavering commitment to our employees’ well-being and professional growth.
