Industrial All Risks Insurance

မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။

Product Highlights

စက်မှုလုပ်ငန်းအလုံးစုံအန္တရာယ်အာမခံသည် မမျှော်လင့်ထားသောနှင့် ရုတ်တရက်ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးမှုများ သို့မဟုတ် ပျက်စီးမှုများကို ပေါ်လစီတွင် ဖော်ပြထားသော အကျုံးမဝင်သည့် အန္တရာယ်များမှလွဲ၍ အောက်ပါအကာအကွယ်များအတွက် ငွေကြေးဆုံးရှုံးမှုအကာအကွယ်ကို ပေးထားပါသည်။

 

ပစ္စည်းထိခိုက်ပျက်စီးခြင်းအကာအကွယ်

ပစ္စည်းများနှင့် စက်ပစ္စည်းများကို ပြန်လည်အစားထိုးတန်ဖိုးအပေါ်တွင် အာမခံထားရှိမှုအပေါ်အခြေခံ၍ အကာအကွယ်ပေးပြီး ကုန်ပစ္စည်းများကို စျေးကွက်ပေါက်ဈေးတန်ဖိုးအရ အာမခံထားရှိမှုအပေါ် အကာအကွယ်ပေးပါသည်။

စီးပွားရေးလုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်းအကာအကွယ်

အပိုင်း-၁-ပစ္စည်းထိခိုက်ပျက်စီးခြင်းပေါ်လစီအောက်တွင် အာမခံထားသော အန္တရာယ်များကြောင့် ဖြစ်ပွားသည့် လုပ်ငန်းဝင်ငွေဆုံးရှုံးမှုတို့အတွက် အကာအကွယ်ပေးပါသည်။

သူတစ်ပါးသို့ပေးလျော်ရန်တာဝန်ရှိမှု

အာမခံထားသည့်စီးပွားရေးလုပ်ငန်းနှင့် ဆက်စပ်၍  သူတစ်ပါး၏ မတော်တဆကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် သူတစ်ပါး၏ပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ဥပဒေအရပေးလျော်ရန်တာဝန်ရှိမှုများကို အကာအကွယ်ပေးပါသည်။

Industrial All Risk_Content

ပရီမီယံနှုန်း

ပရီမီယံနှုန်းကို အောက်ပါအချက်များအပေါ် အခြေခံ၍ သတ်မှတ်ပါသည်။

လုပ်ငန်းတည်နေရာ

စီးပွားရေးလုပ်ငန်းသဘောသဘာဝ

လုံခြုံရေးစီမံခန့်ခွဲမှု

မီးဘေးကာကွယ်ရေး နှင့် လုံခြုံရေးစနစ်များ

အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာ

အာမခံထားငွေတန်ဖိုးအပေါ် အသေးစိတ်ပစ္စည်းစာရင်း

လွန်ခဲ့သော ၃ နှစ်အတွင်း လျော်ကြေးအတွေ့အကြုံအသေးစိတ် အစရှိသဖြင့်

Coverage & Benefits

အကာအကွယ်ပေးသည်မှာ

Insurance Eligibility

အာမခံထားနိုင်သော အရာများ

(၁) ပစ္စည်းထိခိုက်ပျက်စီးခြင်း

ပြန်လည်အစားထိုးတန်ဖိုးအပေါ်အခြေခံ၍ ပစ္စည်းများ –

အဆောက်အဦးများ – မြေတန်ဖိုးမပါဝင်ပါ။

စက်ယန္တရားများ၊ စက်ကိရိယာများ နှင့် ဆက်စပ်နေသောပစ္စည်းများ

ပါဝင်ပစ္စည်းများ – ပရိဘောဂပစ္စည်းများ၊ အဆောက်အအုံအတွင်းအသေတပ်ဆင်ထားသည့်ပစ္စည်းများ နှင့် အခြားပစ္စည်းများ ပါဝင်ပါသည်။

စျေးကွက်ပေါက်ဈေးတန်ဖိုးအရကုန်ပစ္စည်းများ – ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းလုပ်ဆောင်နေဆဲ နှင့် လုပ်ဆောင်ပြီးကုန်ချောပစ္စည်းများအပါအဝင် အောက်ပါရွေးချယ်မှုများဖြင့် အာမခံထားရှိနိုင်ပါသည်။

ကုန်ပစ္စည်းများအာမခံထားနိုင်သည်မှာ –

ပုံသေပေါ်လစီ – ပေါ်လစီစတင်ချိန်တွင် ကြိုတင်သတ်မှတ်ထားသည့် ကုန်ပစ္စည်းတန်ဖိုးကို အာမခံထား‌‌ငွေဟု အခြေခံ၍ အဝင်အထွက်စာရင်းအခြေအနေကို တသမတ်တည်းဟု သဘောတူညီမည်ဖြစ်ပါသည်။

အကြောင်းကြားပေါ်လစီ – မတည်ငြိမ်သော ကုန်ပစ္စည်းတန်ဖိုး အဝင်အထွက်ရှိသည့် လုပ်ငန်းအတွက် လိုက်လျောညီထွေရှိသော အကာအကွယ်ကို အဆိုပြုသည့် တစ်နှစ်သက်တမ်းပေါ်လစီဖြစ်ပါသည်။ အာမခံထားငွေကို ‌ဆုံးရှုံးချိန်ရှိ ဈေးကွက်ပေါက်ဈေးနှင့်အညီ လစဉ်အကြောင်းကြားတန်ဖိုးများပေါ် အခြေခံ၍ ညှိနှိုင်းပါသည်။

မှတ်ချက် – အကြောင်းကြားပေါ်လစီသည် နှစ်ရှည် (တစ်နှစ်) အကာအကွယ်အတွက် တည်ထွင်ထားခြင်းဖြစ်ပြီး သက်တမ်းတိုအာမခံ ထားရှိမှုများအတွက် အဆင်ပြေမည်မဟုတ်ပါ။

(၂) စီးပွားရေးလုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်းကြောင့်

လုပ်ငန်းဝင်ငွေဆုံးရှုံးမှု – အာမခံထားသည့်အန္တရာယ်များကြောင့် လုပ်ငန်းရပ်ဆိုင်းမှုဖြစ်ခြင်းကြောင့် ဝင်ငွေဆုံးရှုံးမှုအတွက် အကာအကွယ်ပေးပါသည်။

လစာ – လုပ်ငန်းရပ်ဆိုင်းမှုကာလအတွင်း လုပ်ခလစာပေးချေခြင်းကို အကာအကွယ်ပေးပါသည်။

အကြမ်းအမြတ် – ပစ္စည်းထိခိုက်ပျက်စီးခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသော အမြတ်ဆုံးရှုံးမှုအတွက် အကာအကွယ်ပေးပါသည်။

ပရော်ဖက်ရှင်နယ်ကြေး – လုပ်ငန်းရပ်ဆိုင်းမှုကို လျော့နည်းစေရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်ခြင်းအား အရှိန်မြှင့်ဆောင်ရွက်ရန် ဖြစ်ပေါ်လာသော အပိုကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။

ဆုံးရှုံးပစ္စည်းပြန်တည်ဆောက်ရာတွင် ထပ်တိုးအသုံးစရိတ်တိုးမြှင့်သုံးစွဲခြင်း – လုပ်ငန်းရပ်ဆိုင်းနေသည့်ကာလအတွင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် အပိုကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။

 

(၃) သူတစ်ပါးသို့ပေးလျော်ရန်တာဝန်ရှိမှု

ဥပဒေအရပေးလျော်ရန်တာဝန်ရှိမှုများ – အောက်ပါလျော်ကြေးတောင်းဆိုမှုများအတွက် အကာအကွယ်ပေးခြင်း –

မတော်တဆကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း – သူတစ်ပါးမှ လျော်ကြေးတောင်းဆိုမှုများအတွက် အကာအကွယ်ပေးပါသည်။

မတော်တဆပစ္စည်းများထိခိုက်ပျက်စီးခြင်း – သူတစ်ပါး၏ ပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများကို အကာအကွယ်ပေးပါသည်။

တရားရေးဆိုင်ရာကုန်ကျငွေ – အထက်ဖော်ပြပါအချက်များနှင့်ဆက်စပ်သည့် လျော်ကြေးတောင်းဆိုမှုများအတွက် ခုခံချေပကာကွယ်စဉ်တွင် ဖြစ်ပေါ်လာသော တရားရေးဆိုင်ရာကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။

အာမခံထားနိုင်ခွင့်ရှိသူ

(၁) ပစ္စည်းထိခိုက်ပျက်စီးခြင်း

ပစ္စည်းပိုင်ရှင်များ သို့မဟုတ် အာမခံထားနိုင်သည့် အကျိုးစီးပွားရှိသည့် မည်သူမဆို (ပစ္စည်း၏ လုံခြုံမှုအတွက် တရားဝင်တာဝန်ရှိသူ)

(၂) စီးပွားရေးလုပ်ငန်းအနှောင့်အယှက်ဖြစ်ခြင်း

အကာအကွယ်ပေးထားသည့်ဖြစ်ရပ်များကြောင့် ဝင်ငွေဆုံးရှုံးမှုများအတွက် အကာအကွယ်လိုအပ်သောလုပ်ငန်းများ။

(၃) သူတစ်ပါးသို့ပေးလျော်ရန်တာဝန်ရှိမှု

ဖောက်သည်များ၊ ရောင်းချသူများနှင့် အများပြည်သူများအပါအဝင် သူတစ်ပါးတို့နှင့် အပြန်အလှန်ထိတွေ့ဆက်ဆံရသော မည်သည့်လုပ်ငန်းမဆို

အာမခံသက်တမ်း

အာမခံ သက်တမ်းမှာ တစ်နှစ်အထိဖြစ်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။

Document Download

Proposal Industrial All Risks Insurance (PDF)
Brochure Industrial All Risks Insurance (PDF)

Related Products

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.