Fire & Allied Perils Insurance

KBZMS ၏ မီးအာမခံဖြင့် မထင်မှတ်ထားသော ဘေးဆိုးများမှ လူကြီးမင်း၏ တန်ဖိုးကြီးသော ပစ္စည်းများကို ကာကွယ်ပါ။

Product Highlights

မီးအာမခံဝယ်ယူထားရှိနိုင်သည့်အရာများ

အဆောက်အအုံများ (လူနေအိမ်,လုံးချင်း/တိုက်ခန်း)၊ ရုံးအဆောက်အဦး၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စျေးဆိုင်ခန်း၊ ဟိုတယ်၊ ဆေးရုံ၊ စာကြည့်တိုက်၊ ပြတိုက်၊ ပန်းချီပြခန်း၊ ရုပ်ရှင်ရုံ၊ ကစားကွင်း၊ လေဆိပ်၊ ဘူတာရုံ၊ ကာရာအိုကေရုံ၊ စက်ရုံ/အလုပ်ရုံများ၊ အစရှိသဖြင့်)
စက်/ကုန်ပစ္စည်းများ (ထရန်စဖော်မာများ၊ မီးစက်များ၊ အစရှိသဖြင့်)
ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများ
လုပ်ငန်းသုံးနှင့် လူသုံးပစ္စည်းများ

အာမခံသက်တမ်း

မီးအာမခံ သက်တမ်းမှာ အနည်းဆုံး (၁၀)ရက် မှ အများဆုံး (၁)နှစ် ထားရှိနိုင်ပါသည်။ အာမခံသက်တမ်း (၁၀) ရက်မှ (၆) လအထိကို သက်တမ်းတိုနှုန်းဖြင့် တွက်ချက်မည်ဖြစ်၍ (၆) လအထက်ထားရှိသော မီးအာမခံအတွက် ပရီမီယံတစ်နှစ်စာ ကောက်ခံမည်ဖြစ်ပါသည်။

အာမခံထားငွေ

အာမခံတန်ဖိုးမှာ ရှိသင့်အမှန်တန်ဖိုးဖြစ်ရမည်။ အာမခံထားလိုသူက အာမခံထားရှိရန် အဆိုပြုတင်ပြသည့် တန်ဖိုးသည် အမှန်တကယ်ရှိသည့်တန်ဖိုးထက် လျော့နည်းမထားရပါ။ လျော့နည်းထားရှိပါက ကျန်သောတန်ဖိုးမှာ အာမခံထားသူ၏ တာဝန်ဖြစ်ပါသည်။
အဆောက်အအုံတန်ဖိုး အာမခံလက်ခံစဉ်းစားရာတွင် အဆောက်အအုံ၏ တစ်ယူနစ်ဧရိယာခန့်မှန်းတန်ဖိုး PAE (Per Area Estimate) တန်ဖိုးကို စိစစ်ပါသည်။ အာမခံထားသူ၏ အဆိုပြု PAE၊ အဆောက်အအုံ၏ ကာလဒေသပေါက်စျေး PAE နှင့် သက်မှတ်တန်ဖိုး PAE တို့ကိုစိစစ်၍ လက်ခံတွက်ချက်ပါသည်။

ပရိဘောဂနှင့်စက်ပစ္စည်းများ လက်ခံရာတွင် အဆိုပြုအသေးစိတ်စာရင်း၊ မျက်မြင်စစ်ဆေးတွေ့ရှိမှုစာရင်း၊ (Invoice Value) တန်ဖိုးအထောက်အထား သို့မဟုတ် အာမခံထားသူနှင့် လက်ခံသူ နှစ်ဦးသဘောတူသတ်မှတ်သောတန်ဖိုး တို့ဖြင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံတွက်ချက်ပါသည်။

ကုန်ပစ္စည်းများ လက်ခံရာတွင် အဆိုပြုအသေးစိတ်စာရင်း၊ မျက်မြင်စစ်ဆေးတွေ့ရှိမှုစာရင်း၊ ကုန်လက်ကျန်စာရင်း၊ (Invoice Value) တန်ဖိုးအထောက်အထားတို့ဖြင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံတွက်ချက်ပါသည်။

အာမခံနှုန်းထားများ

မီးအာမခံပရီမီယံနှုန်းထားမှာ အာမခံထားငွေ၏ အနိမ့်ဆုံး (၀.၁၃%) မှ အမြင့်ဆုံး (၃.၅%) အထိ အောက်ပါအချက်တို့ အပေါ်မူတည်၍ ကောက်ခံမည်ဖြစ်ပါသည်။
အဆောက်အအုံ တည်ဆောက်မှု အတန်းအစား
အဆောက်အအုံ အသုံးပြုပုံ နှင့်
သတ်မှတ်ပေအကွာအဝေးအတွင်းရှိ ဘေးပတ်ဝန်းကျင်အဆောက်အအုံ
မီးလောင်လွယ်သောကုန်ပစ္စည်းများ
အာမခံလက်စွဲအရ စည်းမျဥ်းစည်းကမ်းများ
မီးအာမခံအပိုအကာအကွယ်များ

Coverage & Benefits

အခြေခံအကာအကွယ်များ

မတော်တဆလောင်ကျွမ်းမီး၊ အခြားမှ ကူးစက်ခံရသောမီး။
မိုးကြိုးပစ်ခြင်းကြောင့် လောင်ကျွမ်းသောမီး။
အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲခြင်းကြောင့် လောင်ကျွမ်းသောမီး။
မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေး(သို့)ရေကြောင့်ပျက်စီးခြင်း။
မီးလောင်နေသည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများရွှေ့ပြောင်းစဉ် ပျက်စီးခြင်း။
မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးခြင်း။
မီးလောင်မှုကြောင့် အမိုး၊ ကြမ်းခင်း၊ နံရံ ပျက်စီးခြင်း။
မီးလောင်နေသည့် ပစ္စည်းများပြင်ပတွင် စုပုံထားရှိစဉ် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးခြင်း။

အပိုအကာအကွယ်များ

အဓိကရုဏ်း၊ သပိတ်၊ မသမာဖျက်ဆီးမှု
အလိုအလျောက် မီးစွဲလောင်မှု
လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း
ကုန်းလမ်းသွားယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း
မြေကျွံ၊ မြေပြိုခြင်း
မြေငလျင်မီး နှင့် ပြိုအက်ပျက်စီးခြင်း
ပေါက်ကွဲပျက်စီးခြင်း
ရေကြီး၊ ‌ရေလျှံခြင်း
စစ်ဘေးအန္တရာယ်
လေမုန်တိုင်းအမျိုးမျိုး (ရေကြောင့်ထိခိုက်ပျက်စီးမှုလွယ်ခြင်း)
ဖောက်ထွင်းခိုးယူခြင်း (အဆောက်အဦးအတန်းအစားပေါ်မူတည်၍)

Benefits

လျော်ကြေးမဲ့ဆု

မီးအာမခံထားရာတွင် (၁)နှစ်အတွင်း ပျက်စီးဆုံးရှုံးမှုမရှိပါက နောက်(၁)နှစ်အတွက် သက်တမ်းဆက်ရာတွင် ယခင်နှစ်စုစုပေါင်းပရီမီယံနှင့် ယခုနှစ်သက်တမ်းဆက်စုစုပေါင်း ပရီမီယံကို နှိုင်းယှဥ်၍ နည်းရာပေါ်တွင် လျော်ကြေးမဲ့ဆုအဖြစ် (၂၅%) ကိုခံစားခွင့်ရှိပါသည်။

Insurance Eligibility

အာမခံထားခွင့်ရှိသူ

အာမခံသဘောတရားအရ ငွေရေးကြေးရေးအရ တရားဝင်ပိုင်ဆိုင်ခွင့် (insurable interest) ရှိသူတိုင်း အာမခံထားခွင့်ရှိသည်။
အာမခံဖြင့် ကာကွယ်နိုင်သော အန္တရာယ်များဖြစ်ပွားချိန်တွင် ပစ္စည်းဥစ္စာဆုံးရှုံးမှုခံစားရနိုင်သည့် မည်သည့်ပုဂ္ဂိုလ်/ ကုမ္ပဏီ/ အဖွဲ့အစည်း/ ဌာန မဆို မီးအာမခံစာချုပ်အရ ၎င်းတို့၏ပစ္စည်းဥစ္စာအား အာမခံထားနိုင်ပါသည်။
၎င်းတို့ကို အောက်ပါအတိုင်း အမျိုးအစားခွဲနိုင်သည် –
ပိုင်ရှင်များ၊ ပူးတွဲပိုင်ရှင်များ
အာမခံပေးသူ၊ ငှားရမ်းသူ၊ လက်ဝယ်ရှိသူ၊ ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အပေါင်ခံသူများ၊ ပေါင်နှံသူများ၊ အပေါင်လက်ခံ၍ငွေချေးသူများ၊ အပေါင်ပွဲစားများ
ဂိုဒေါင်စောင့်များ၊ ပစ္စည်းလက်ခံထိန်းသိမ်းသူများ
အကြွေးမဆပ်နိုင်၍ပိုင်ဆိုင်မှုများထုခွဲရောင်းချရာ၌ တရားဝင်လက်ခံသူများ သို့မဟုတ် တာဝန်ပေးသူများ
တရားဝင် လက်ဝယ်ရှိသူတစ်ဦး (ဥပမာ- အများသုံး လေကြောင်းလိုင်း/သယ်ယူ ပို့ဆောင်သူ၊ ဆိပ်ခံတံတားထိန်းသိမ်းသူ၊ ကော်မရှင် ကိုယ်စားလှယ်၊ စသည်ဖြင့် …)
ဂေါပက၊ ပရဟိတအဖွဲ့အစည်း

Document Download

Proposal Fire & Allied Perils Insurance (PDF)
Brochure Fire & Allied Perils Insurance (PDF)
Terms & Conditions Fire & Allied Perils Insurance (PDF)

Related Products

Commercial Lines Insurance

Industrial All Risks Insurance (IAR)

မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။

Commercial Lines Insurance

Contractors’ All Risks/Erection All Risks Insurance(CAR/EAR)

KBZMS သည် ဆောက်လုပ်ရေးနှင့် တည်ဆောက်ခြင်း အဆင့်များအတွင်း သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်များအတွက် အထူးအာမခံဖြေရှင်းချက်များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

Personal Lines Insurance

Motor Vehicle Insurance

Our motor vehicle insurance not only safeguards against damage to your car but also covers damage to third parties. Drive with confidence, knowing both you and others are fully protected.

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment