

Bailee’s Liability Insurance
Bailee’s Liability အာမခံဆိုတာဘာလဲ?
Bailee’s Liability အာမခံသည် အခြားသူများပိုင်ဆိုင်သော ပစ္စည်းများကို ယာယီ စောင့်ရှောက်ထားသော လုပ်ငန်းများ (ဘေလီ “ bailees” ) အတွက် အကာအကွယ်ပေးသည့် အာမခံတစ်ခုဖြစ်ပါသည်။ Bailee သည် အခြားသူတစ်ဦး၏ ပိုင်ဆိုင်မှုကို ယာယီပိုင်ဆိုင်ပြီး၊ မည်သည့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှု မတိုင်ခင်၌ လျော်ကြေးပေးရန်တာဝန်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါသည်။ ဘေလီ၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှု သို့မဟုတ် ထိန်းချုပ်မှု ကာလအတွင်း ဖောက်သည်များ၏ ပစ္စည်းများ ဆုံးရှုံးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းဖြစ်ပေါ်ပါက ဥပဒေအရတာဝန်များကို အကာအကွယ်ပေးပြီး၊ စီးပွားရေးလုပ်ငန်းများသည် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများအတွက် ဖောက်သည်များအား လျော်ကြေးပေးနိုင်ရန် အကာအကွယ်ပေးပါသည်။ အခြားသူများ၏ ပစ္စည်းများကို စောင့်ရှောက်ခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းကြောင့် ဥပဒေအရတာဝန်ရှိသော လုပ်ငန်းများအတွက် ဤအာမခံသည် မရှိမဖြစ်လိုအပ်ပါသည်။
Bailee’s Liability အာမခံကို ဘယ်သူတွေ လိုအပ်သလဲ။
မိမိတို့၏ စောင့်ရှောက်မှု၊ ထိန်းသိမ်းမှု ကာလအတွင်း သူတစ်ပါး၏ ပစ္စည်းများအတွက် ဥပဒေအရ လျော်ကြေးပေးရန်တာဝန်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတိုင်းမှာ Bailee’s Liability အာမခံကို လိုအပ်ပါသည်။
Bailee’s Liability အာမခံတွင် ဘာတွေကို အာမခံထားနိုင်ပါသလဲ?
- Warehouseman ၏ တာဝန်ယူမှု (သိုလှောင်မှု)
- ဝန်ဆောင်မှုပေးသူတာဝန်ယူမှု (သယ်ယူပို့ဆောင်ခြင်း)
စီးပွားရေးလုပ်ငန်းတစ်ခုသည် ဘာကြောင့် Bailee’s Liability အာမခံကို လိုအပ်တာလဲ?
Bailee’s Liability အာမခံကို ဝယ်ယူခြင်းဖြင့် လုပ်ငန်းများသည် ဖောက်သည်များ၏ ပစ္စည်းများကို စောင့်ရှောက်မှု ၊ ထိန်းသိမ်းမှု သို့မဟုတ် ထိန်းချုပ်မှု ကာလအတွင်း ဥပဒေအရတာဝန်ရှိသော ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများကို ကာကွယ်ပြီး၊ ပစ္စည်းများ၏ ဆုံးရှုံးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးမှုများကိုလည်း ကာကွယ်နိုင်ရန် သင့်လုပ်ငန်းအတွက် အရေးကြီးပါသည်။
ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?
အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 9500 77000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
မတော်တဆမှုဖြစ်တဲ့အခါ ကျွန်ုပ်ဘာလုပ်ဆောင်သင့်ပါသလဲ။
မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 9500 77000 သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။
- မတော်တဆဖြစ်မှုဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များ
- မတော်တဆဖြစ်မှုတည်နေရာ
- ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)
သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။