Personal Lines Insurance

KBZMS သည် တစ်သီးပုဂ္ဂလနှင့် လုပ်ငန်းသုံး နှစ်ခုလုံးအတွက် အဆင်ပြေအံဝင်ခွင်ကျစေမည့် Personal Lines Insurance
အာမခံဝန်ဆောင်မှုများကို စီစဉ်ပေးထားပါသည်။ ကျွန်ုပ်တို့၏ အာမခံဝန်‌ဆောင်မှုများတွင် မိမိပိုင်ဆိုင်သည့်ပစ္စည်းများအာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွား အာမခံနှင့် ငွေသားနှင့်ပတ်သက်သောအာမခံများ စသည့်တို့ပါဝင်ပါသည်။

Personal Lines Insurance

မော်တော်ယာဉ်အာမခံ

KBZMS မော်တော်ယာဉ် အာမခံဖြင့် စိတ်ချယုံကြည်စွာဖြင့်မောင်းနှင်လိုက်ပါ။ မော်တော်ယာဉ် အာမခံသည် လူကြီးမင်းတို့၏ ကားကို ထိခိုက်မှုမှ ကာကွယ်ပေးရုံသာမက အဖက်ဖက်မှ ကာကွယ်မှုအပြည့်အစုံပေးထားသောကြောင့် လူကြီးမင်းအား ယုံကြည်မှုကို တိုးစေမှာဖြစ်ပါသည်။

Personal Lines Insurance

ကျန်းမာရေးအာမခံ

လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။

Personal Lines Insurance

ခရီးသွားအာမခံ

ကျွန်ုပ်တို့၏ပြည်တွင်း/ပြည်ပခရီးသွားအာမခံ၊ မိုင် (၁၀၀) အောက် ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံတို့ဖြင့် စိတ်ပူပင်စရာ ကင်းမဲ့သော ခရီးစဉ်တစ်ခုကို ဖြတ်သန်းလိုက်ပါ။ မမျှော်လင့်ထားသော ခရီးသွားပြဿနာများမှ အကာအကွယ်ရယူကာ အသိပညာဗဟုသုတများဖြင့် စတိုင်လ်ကျကျ ခရီးသွားလိုက်ပါ။

Commercial Lines Insurance

KBZMS သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် Commercial Lines Insurance အာမခံဝန်ဆောင်မှုများဖြစ်သည့် Industrial All Risks (IAR), Construction All Risks (CAR)/Erection All Risks (EAR), Bailees, marine products တို့ကို စတင်မိတ်ဆက်ခဲ့ပါသည်။

Commercial Lines Insurance

Industrial All Risks Insurance (IAR)

မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။

Commercial Lines Insurance

Bailee’s Liability Insurance

Bailee Liability အာမခံသည် သင့်စောင့်ရှောက်မှု/ထိန်းချုပ်မှုအောက်ရှိ ကုန်ပစ္စည်းများ ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးသွားသောအခါတွင် သင့်အား တာဝန်ယူမှုမှ ကာကွယ်ပေးသည့် ပေါ်လစီ တစ်ခုဖြစ်ပါသည်။

Commercial Lines Insurance

Contractors’ All Risks/Erection All Risks Insurance(CAR/EAR)

KBZMS သည် ဆောက်လုပ်ရေးနှင့် တည်ဆောက်ခြင်း အဆင့်များအတွင်း သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်များအတွက် အထူးအာမခံဖြေရှင်းချက်များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် ကျယ်ပြန့်သော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို သုံးစွဲသူ Customer များ အဆင်ပြေစေရန် end-to-end စနစ်ကို အသုံးပြုထားပါသည်။ ၎င်းတွင် Personal Accidents နှင့် Travel Protect ကဲ့သို့သော အာမခံများကို Online မှတစ်ဆင့် ဝယ်ယူရန်နှင့် မိမိ၏ အာမခံ လျော်ကြေးအဆင့်ဆင့်ကို စီမံခန့်ခွဲရန် Customer Care အက်ပ်၊ လျော်ကြေးတောင်းခံမှု လျှောက်လွှာများကို လျှင်မြန်ထိရောက်စွာလုပ်ဆောင်ရန်အတွက် E-claim ပလပ်ဖောင်း တို့ပါဝင်ပါသည်။

working-at-home

အွန်လိုင်းအာမခံစနစ်

Personal Accidents နှင့် Travel Protect အာမခံများကို ကျွန်ုပ်တို့၏အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့်ဝယ်ယူနိုင်ပါသည်။
apps

Customer Care App အကြောင်း

ကျွန်ုပ်တို့ Customer Care App ကိုအသုံးပြုပြီး လူကြီးမင်း၏ KBZMSအာမခံပေါ်လစီ စီမံခန့်ခွဲမှုများနှင့် အချိန်နဲ့တပြေးညီအသိပေးချက်များကို ရှာဖွေနိုင်ပါသည်။
claim

About E-Claims အကြောင်း

လူကြီးမင်း၏လျော်ကြေးတောင်းခံမှုလျှောက်လွှာကို အချိန်နဲ့တပြေးညီလုပ်ဆောင်ပြီး ပျက်စီးဆုံးရှုံးမှုများအတွက်လျော်ကြေးငွေတောင်းခံမှုများကိုလည်း လျှင်မြန်စွာပြုလုပ်နိုင်ပါသည်။

ရရှိနိုင်သော Online ဝန်ဆောင်မှုများ

ကျွန်ုပ်တို့၏ Personal Insurance နှင့် Travel Protect insurance စသည့် အာမခံဝန်‌ဆောင်များကို အွန်လိုင်းပေါ်မှ တစ်ဆင့် ခလုတ်တစ်ချက်နှိပ်လိုက်ပြီး လွယ်ကူစွာဝယ်ယူနိုင်ပါသည်။

Personal Accident
Insurance

Travel Protect
Insurance

သတင်းအချက်အလက်များ

ကျွန်ုပ်တို့ကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

6 7
02 Oct 2026
Shared with Warm Compassion: KBZMS’s 5th Blood Donation Drive
စက်တင်ဘာလ (၂) ရက်နေ့တွင် KBZMS ဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ မြို့နယ်များရှိ သွေးလှူဘဏ်များတွင် မေတ္တာတရားရှေ့ထား၍ သွေးလှူဒါန်းခဲ့ကြပါသည်။ KBZMS ၏ တန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ ယခု (၅) ကြိမ်မြောက်အထိ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး CSR နှင့် လူထုအကျိုးပြု လုပ်ငန်းစဉ်များအဖြစ် လိုအပ်နေသူများ၏ အသက်များကို ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။ စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော ဝန်ထမ်းများအတွက် အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။
Cover 1
25 Sep 2026
Partnership Agreement Signing Ceremony
ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် ပိုမိုလုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် KBZMS General Insurance နှင့် Myanmar Airways International (MAI) တို့ ပူးပေါင်းဆောင်ရွက်သည့် Partnership Agreement Signing Ceremony ကို “ Myanmar Trade Partners Session” အခမ်းအနားတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် KBZMS နှင့် MAI တို့သည် လေကြောင်းခရီးသွားများအတွက် လိုအပ်သည့် ခရီးသွားအာမခံ (Travel Insurance) ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ ထိရောက်စွာ ရယူနိုင်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ “ Myanmar Trade Partners Session” အခမ်းအနားတွင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အပြင် MAI ၏ Brand Ambassador များ ပါဝင်ဆွေးနွေးသည့် Panel Discussion နှင့် တက်ရောက်လာကြသည့် မိတ်ဖက်စီးပွားရေး အဖွဲ့အစည်းများအကြား အနာဂတ် လုပ်ငန်းစဉ်ဆိုင်ရာ ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများလည်း ပါဝင်ခဲ့ပါသည်။ KBZMS General Insurance အနေဖြင့် ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် စိတ်အေးချမ်းမှုနှင့် လုံခြုံမှုအပြည့် ပေးအပ်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အာမခံဝန်ဆောင်မှုများဖြင့် အစဉ်အမြဲ အနီးကပ် စောင့်ရှောက်ပေးလျက် ရှိပါသည်။
9
14 Aug 2026
BEYOND INSURANCE: Connecting Culture, Communities and Business Through Resilience
KBZMS General Insurance မှ Building Continuity Through Resilience Seminar ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး KBZMS ရဲ့ 2026–2027 Disaster Risk Reduction (DRR) Roadshow ရဲ့ ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ယခု Seminar သို့ တက်ရောက်အားပေးခဲ့ကြတဲ့ KBZ Group Vice Chairman ဦးညိုမြင့်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ တို့နှင့်အတူ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ လင်းယုန်ပရဟိတအဖွဲ့၊ Inle Youth Volunteer Network တို့အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒီနေ့ပွဲကို တက်ရောက်အားပေးပြီး အတူတကွ ပူးပေါင်းပါဝင်ပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ KBZMS အတွက် အာမခံဆိုတာ အာမခံအကာအကွယ်ပေးခြင်းနဲ့ လျော်ကြေးငွေပေးအပ်ခြင်းမှာပဲ ရပ်တန့်မနေပါဘူး။ “Beyond Insurance” Approach ကနေ လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အန္တရာယ်တွေကို ပိုမိုနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ အတူတကွ လက်တွဲဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဒီတောင်ကြီးဆွေးနွေးပွဲမှာတော့ Culture, Communities and Business ဆိုတဲ့ မတူညီတဲ့ ရှုထောင့်သုံးခုကို Resilience ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအောက်မှာ ချိတ်ဆက်ဆွေးနွေးခဲ့ကြပါတယ်။ Preserving Culture Through Resilient Building STATEMENT Architecture + Design မှ Architect & Researcher ဒေါ်ချောကလျာ မှ ငလျင်ဘေးအန္တရာယ်က ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး ရှမ်းပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဒေသခံဗိသုကာလက်ရာတွေနဲ့ လက်မှုပညာတွေကို ထိန်းသိမ်းရင်း ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ အဆောက်အအုံတွေ ဘယ်လိုပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မျှဝေဆွေးနွေးခဲ့ပါတယ်။ Empowering Communities to Lead Inle Resource Center (IRC) ရဲ့ Excellence & Resilience Lead ဒေါ်ယမုံသော် မှ ဒေသခံတွေရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို အားကောင်းစေပြီး ကိုယ့်ဒေသရဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပုံကို မျှဝေခဲ့ပါတယ်။ Understanding Risk & Ensuring Business Continuity KBZMS ရဲ့ Head of Survey & Engineering ဦးကျော်ဇေယျာလင်း မှ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ Disaster Risk Management နဲ့ Business Continuity Planning (BCP) ကနေ စီးပွားရေးလုပ်ငန်းတွေ အန္တရာယ်တွေကို ကြိုတင်နားလည်ပြီး ပြင်ဆင်နိုင်ဖို့နဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ မျှဝေခဲ့ပါတယ်။ မတူညီတဲ့ ရှုထောင့်တွေဖြစ်ပေမယ့် အားလုံးဟာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အပြန်အလှန် ချိတ်ဆက်နေပါတယ်။ Resilience ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အားထုတ်မှုနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေ အားလုံး အတူတကွ လက်တွဲပူးပေါင်းမှသာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ KBZMS ရဲ့ “Beyond Insurance” Approach ဖြစ်ပါတယ်။ KBZMS ရဲ့ 2026–2027 DRR Roadshow နဲ့အတူ လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဆက်လက်ချိတ်ဆက်ပြီး ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ မြန်မာနိုင်ငံဆီသို့ အတူတကွ ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.