Cash in Transit Insurance
အဖွဲ့အစည်း အသီးသီးမှ ငွေများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ငွေပို့ငွေသယ်အာမခံကို ထားနိုင်ပါသည်။
ငွေသယ်ယာဉ်လိုင်စင်မိတ္တူ၊ ရုံးအမိန့်စာ၊ ငွေကိုတာဝန်ယူသူတာဝန်ပေးအပ်စာ၊ ဝန်ထမ်းကဒ်မိတ္တူ၊ ငွေကိုတာဝန်ယူသူ နေထိုင်ကြောင်းထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ယာဉ်မောင်းလိုင်စင် များလိုအပ်ပါသည်။
လုယက်ခံရခြင်း၊ အတင်းအကြပ်ပြုယူဆောင်ခြင်း၊ ခိုးယူခံရခြင်း၊ အခြားသော ဘေးအန ္တရာယ်အာလုံး ရရှိနိုင်ပါသည်။
အကွာအဝေး၊ လုံခြုံမှုအစီအစဉ်နှင့် လမ်းခရီးအခြေအနေ တို့ပေါ်မူတည်၍ အနိမ့်ဆုံး ဝ.၀၁၇% မှ အမြင့်ဆုံး ဝ.၀၉% ထိကောက်ခံပါသည်။လက်နက်ကိုင်အစောင့်ပါလျှင် ပရီမီယံပေါ်မှာ ၁၀%လျော့ပါမည်။
၁ – ၁၀ မိုင် ၁၀၀၀ ပေါ်မှာ ၂၇ပြား ဝ.၀၂၇%
၁၀ – ၁၅ မိုင် ၁၀၀၀ ပေါ်မှာ ၅၄ပြား ဝ.၀၅၄%
၁၅ – ၂၀ မိုင် ၁၀၀၀ ပေါ်မှာ ၈၁ပြား ဝ.၀၈၁%
မိုင်၂၀ အထက် ၁၀၀၀ပေါ်မှာ ၉၀ပြား ဝ.၀၉%
အာမခံသက်တမ်းကတော့ ခရီးစဉ်တစ်ခေါက်ဖြစ်ပါသည်။