Contractors’ All Risk Erection All Risk

ကန်ထရိုက်တာအလုံးစုံအာမခံဆိုသည်မှာ အဘယ်နည်း။

– ကန်ထရိုက်တာ အလုံးစုံအာမခံဖြင့် အာမခံထားရှိနိူင်သည့် စီမံကိန်းဥပမာအချို.
– အိမ်ယာ၊ရှော့ပင်းမောလ်နှင့်စျေးဝယ်စင်တာ၊ စက်ရုံအလုပ်ရုံ၊ သိုလှောင်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ
– လေဆိပ်၊ဆိပ်ကမ်း၊လမ်းတံတားနှင့် အများပြည်သူဆိုင်ရာအခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ
– မြို. ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများဖြစ်သည့် ဓါတ်အားပေးစက်ရုံ၊ရေသန်.စင်စက်ရုံ၊ဆက်သွယ်ရေး ကွန်ယက်များတည်ဆောက်ခြင်းလုပ်ငန်းများ
– စာသင်ကျောင်း၊ တက္ကသိုလ်နှင့်ကောလိပ်၊ ဆေးရုံဆေးပေးခန်း စသည့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများ

တည်ဆောက်တပ်ဆင်မှုအလုံးစုံအာမခံဆိုသည်မှာ အဘယ်နည်း။

– တည်ဆောက်တပ်ဆင်မှု အလုံးစုံအာမခံဖြင့် အာမခံထားရှိနိူင်သည့် စီမံကိန်းဥပမာအချို.
– လျှပ်စစ်နှင့် စက်ပိုင်းဆိုင်ရာကိရိယာ တပ်ဆင်ခြင်းလုပ်ငန်းများ
– ဆက်သွယ်ရေးတာဝါတိုင် တပ်ဆင်ခြင်းလုပ်ငန်းများ
– ဆိုလာပြား တပ်ဆင်ခြင်း၊လေအားလျှပ်စစ်အတွက် လေရဟတ်တပ်ဆင်ခြင်းလုပ်ငန်းများ
– ဓါတ်အားပေးစက်ရုံအတွက် တာဘိုင်စက်များတပ်ဆင်ခြင်းလုပ်ငန်းများ

မည်သည်တို့ကို အကာအကွယ်ပေးသနည်း။

ဖြေ အဓိကအကာအကွယ်များ (CAR/EAR အာမခံပေါ်လစီနှစ်ခုစလုံးအတွက် အကျုံးဝင်ပါသည်)

 

အပိုင်း-၁- အာမခံထားသည့် ပစ္စည်းများဆုံးရှုံးပျက်စီးမှု

မီးဘေးအန္တရာယ်၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှု၊ လေယာဉ်ပျက်ကျခြင်းကြောင့်ပျက်စီးဆုံးရှုံးမှု၊ စက်တပ်ယာဉ်ကြောင့် ပျက်စီးဆုံးရှုံးမှု၊ ဖေါက်ထွင်းခိုးယူမှု၊ လေပြင်းမုန်တိုင်း၊ ဟာရီကိန်း၊ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း စသည်တို.ကြောင့်ပျက်စီးဆုံးရှုံးမှုများအား အကာအကွယ်ပေးပါသည်။

 

အပိုင်း-၂- သူတစ်ပါးအားပေးလျော်ရန်တာဝန်ရှိမှု

သူတစ်ပါး၏ကိုယ်လက်အင်္ဂါထိခိုက်စေမှုကြောင့်နှင့် သူတစ်ပါး၏ပစ္စည်းဥစ္စာပျက်စီးစေမှုတို.ကြောင့် ဥပဒေအရပေးလျော်ရန်တာဝန်ရှိမှု

 

အာမခံထားခွင့်ရှိသူတွေကို ပြောပါ။

အာမခံထားခွင့်ရှိသူများတွင် လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းပိုင်ရှင်နှင့် ဆက်စပ်သူများ ပါဝင်သည်။ ၎င်းတို့မှာ –  

  • ကိုယ်စားလှယ်၊ ပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်
  • ကန်ထရိုက်တာ
  • ကန်ထရိုက်တာခွဲများ 
  • အတိုင်ပင်ခံ၊ အင်ဂျင်နီယာ 
CAR နှင့် EAR တို့တွင် အာမခံတန်ဖိုးကို မည်သို့ တွက်ချက်သနည်း။

ဖလုပ်ငန်းပြီးဆုံးသည်အထိ ပါဝင်သည့်လုပ်ငန်းများ၏စာချုပ်တန်ဖိုးအပေါ်တွင် အာမခံတန်ဖိုးကို တွက်ချက်ပါသည်။

  • ကုန်ပစ္စည်းကုန်ကျစရိတ် သို့မဟုတ် ကုန်သွင်းသူများ၏ပစ္စည်းများ (ပစ္စည်းကုန်ကျစရိတ်)၊ အခွန်၊ အကောက်ခွန်များ၊ အာမခံကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်စရိတ် အစရှိသော ဆောက်လုပ်မှုကုန်ကျစရိတ်များ
  • ဆောက်လုပ်မှု/ တည်ဆောက်မှုကုန်ကျစရိတ် (အလုပ်သမားကုန်ကျစရိတ်)
  • အခြားသော ကုန်ကျစရိတ်များ (ကော်မရှင်)
  • လုပ်ငန်းရှင်မှ ထောက်ပံ့ပေးသော လုပ်ငန်းခွင်ဝန်ဆောင်မှု ပစ္စည်းကိရိယာများ
တည်ဆောက်တပ်ဆင်မှုအလုံးစုံအာမခံကို မည်သို့သော လုပ်ငန်းများက ဝယ်ယူသင့်သနည်း။
အမျိုးမျိုးသော စက်ပစ္စည်းများ တပ်ဆင်ခြင်း / တည်ဆောက်ခြင်း၊ စက်ရုံ / အလုပ်ရုံတည်ဆောက်ခြင်း၊ တံတားနှင့် သံမဏိတာဝါတိုင်တပ်ဆင်တည်ဆောက်ခြင်း ကဲ့သို့သော အန္တရာယ်ဖြစ်ပေါ်ရန် အလားအလာအလွန်များသော တည်ဆောက်‌ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအတွက် လိုအပ်သော အာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။
ကန်ထရိုက်တာအလုံးစုံအာမခံကို မည်သို့သော လုပ်ငန်းများက ဝယ်ယူသင့်သနည်း။
ရုံးအဆောက်အဦး၊ စက်ရုံ၊ ဈေးဝယ်စင်တာ၊ လူနေအိမ်ခန်းများ၊ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ သင်္ဘောဆိပ်၊ ဉမင်လှိုဏ်ခေါင်း၊ ဆည်ကာတာ၊ ရေပိုလွှဲ၊ လေဆိပ်နှင့် မြေအောက်ဈေးဝယ်စင်တာများ ဆောက်လုပ်ဆဲကာလတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကြောင့် ဆုံးရှုံးမှုကို ကာကွယ်ရန် တည်ဆောက်‌ရေး လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအတွက် လိုအပ်သော အာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment