Fire & Allied Perils Insurance
မီးအာမခံနှုန်းထားများမှာ များစွာရှိပါသည်။အဆောက်အဦး ဆောက်လုပ်ထားသည့် အတန်းအစားလိုက်နှင့် အဆောက်အဦးအား အသုံးပြုပုံ၊ပတ်ဝန်းကျင်လေးဖက်ရှိ အဆောက်အဦးများ၏ အမျိုးအစား၊အသုံးချပုံ စသည်တို့ဖြင့် ဆက်စပ်ပြီး နှုန်းထားသတ်မှတ်ပြီးမှ ပရီမီယံအားတွက်ချက် ရပါသည်။ အဆောက်အဦးများအား အုတ်ဖြင့်တည်ဆောက်ပါက ပထမတန်းစား အုတ်နှင့် သစ်သားညှပ်၍ဆောက်ပါ ကဒုတိယတန်းစား သစ်သားခင်းပျဉ်ကာ၊သွပ်မိုးဖြစ်ပါက တတိယတန်းစား၊ဝါးဓနိသက်ကယ် တို့ဖြင့် ဆောက်ပါက စတုတ္ထတန်းစားအဖြစ် သတ်မှတ်ရပါသည်။
မီးအာမခံ ပထမတန်းစား အနိမ့်ဆုံးမှာ နေအိမ်အတွက်(ဝ.၂၀%)မှအမြင့်ဆုံး(၁.၄၀%)နှင့်စက်ရုံ၊အလုပ်ရုံနှင့် လုပ်ငန်းများ အလိုက်အမြင့်ဆုံး(၂.၅၂%)အထိရှိပါသည်။သာမာန် မီးအာမခံနှုန်းနှင့် တွဲဖက်၍အပိုအန ္တရာယ် အကာအကွယ်(၁၁)မျိုးထားရှိနိုင်ပါသည်။
စဉ် အပိုအကာအကွယ် နှုန်း
(၁) အဓိကရုဏ်း၊သပိတ်၊မသမာဖျက်ဆီးမှု(RSM) 0.06%
(၂) လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း(Air Craft Damage) 0.10%
(၃) ကုန်းလမ်းသွားယာဉ်များဖြင့်ထိခိုက်ပျက်စီးခြင်း(Impact Damage) 0.10%
(၄) မြေကျွံ၊မြေပြိုခြင်း(Subsidence and Landslide) 0.10%
(၅) မြေငလျင်မီးနှင့်ပြိုအက်ပျက်စီး(Eq) 0.10%
(၆) ပေါက်ကွဲပျက်စီးခြင်း(Exp:) 0.10%
(၇) အလိုအလျောက် မီးစွဲလောင်မှု(SC) 0.08%
(၈) လေမုန်တိုင်းအမျိုးမျိုး(Storm,Typhoon,Hurricane,Building,Furniture,Machine,Tempest,Cyclone) Goods/Stocks-0.20%,Water Damage for Goods/Stocks- 0.25%
(၉) ရေကြီးရေလျှံခြင်း(Flood) 0.10%
(၁၀) ဖောက်ထွင်းခိုးယူခြင်း(Burglary) First Class Building-0.25%
(မီးအာမခံပေါ်လစီနှင့်တွဲဖက်၍ယူသည့်ဖောက်ထွင်း Second Class Building-0.50%
အာမခံထားငွေအရကျသင့်ပရီမီယံအပေါ်10%လျှော့ပေါ့ Third Class Building-0.75%, ကောက်ခံရန်။) 1%
(၁၁) စစ်ဘေးအန ္တရာယ်(War Risk) 0.10%
မီးအာမခံအား အာမခံထားသူ၏ ဆန္ဒအရ သက်တမ်း(၁၀)ရက်မှ (၁)နှစ်အထိ ထားရှိနိုင်ပါသည်။