Motor Vehicle Insurance

မော်တော်ယာဉ်အာမခံပေါ်လစီ ထားချင်တယ် လိုအပ်တဲ့စာရွက်စာတမ်းတွေပြောပြပေးပါ။
မော်တော်ယာဉ်အာမခံပေါ်လစီ ထားမည်ဆိုလျှင် က.ည.န မှ ထုတ်ပေးထားသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်၊ က.ည.န မှ ထုတ်ပေးထားသည့် မော်တော်ယာဉ်သက်သေခံလက်မှတ်၊ ယာဉ်မောင်းလိုင်စဉ်မိတ္တူ၊ အငှားယာဉ်များအတွက် လုပ်ငန်းလိုင်စင် အပိုင်း(၁) (၂) တြိဂံပုံလိုင်စင် (က) (ခ) (ဂ) လိုင်စင်မိတ္တူ၊ မော်တော်ယာဉ်သက်သေခံလက်မှတ်မထွက်သေးပါက ကုန်သွယ်ရေးကြေညာလွှာ၊ အကောက်ခွန်ဌာနမှအခွန်ဆောင်ထားသည့် စာရွက်စာတမ်းများ၊ အမည်မပေါက်သေးပါက ပိုင်ရှင်ဆက်စပ်မှုစာချုပ် (အရောင်းအဝယ်စာချုပ်)၊ ဝန်ခံကတိပြုချက်များ လိုအပ်ပါတယ်ရှင်။ အလုံးစုံမော်တော်ယာဉ်အာမခံ အဆိုလွှာဖြည့်ရန်နှင့် ယာဉ်မောင်းအရေအတွက်စာရင်း၊ လိုင်စင်များ လိုအပ်ပါတယ်ရှင်။
အကာအကွယ်တွေကို သိပါရစေ။
အခြေခံအကာအကွယ်များအနေဖြင့် ယာဉ်တိုက်မိခြင်း/ ယာဉ်တိမ်းမှောက်ခြင်း/ ယာဉ်မီးလောင်ခြင်း/ မိုးကြိုးပစ်ဖြင်း/ ပြင်ပမီးကူးစက်ခြင်း/ ယာဉ်ပေါ်သို့မတော်တဆပစ္စည်းတစ်ခုခုပြုတ်ကျခြင်း/ ရေလမ်း/ကုန်းလမ်း ဓာတ်လှေကားဖြင့်သယ်ဆောင်စဉ်ပျက်စီးခြင်း/ သပိတ်မှောက် အဓိကရုဏ်း၊ဆူပူမငြိမ်မသက်မှုကြောင့် ထိခိုက်ပျက်စီးခြင်း၊ လေကာမှန်ထိခိုက်ပျက်စီးခြင်း – အစားထိုးတန်ဖိုး မိမိယာဉ်ထိခိုင်ပျက်စီးမှု – အစားထိုးတန်ဖိုး အခြားသူများအတွက်ပေးလျော်ရန်တာဝန်ရှိမှု လူတစ်ဦးသေဆုံးခြင်း – ကျပ် သိန်း(၃၀) ထိခိုက်ဒဏ်ရာရခြင်း – သူတစ်ပါးထိခိုက်မှုအာမခံနည်းဉပဒေပါအချိုးကျတန်ဖိုး။ သူတစ်ပါးပစ္စည်းထိခိုက်ပျက်စီးမှု – ဆုံးရှုံးပစ္စည်းတန်ဖိုး။ အာမခံထားသူနှင့်ယာဉ်မောင်းများအတွက် – ကိုယ်အင်္ဂါထိခိုက်မှု၊ဆေးကုသစရိတ်။ #အပိုအကာအကွယ်များ (၁) သဘာဝဘေးအန္တရာယ် (ရေကြီးခြင်း၊လေမုန်တိုင်းတိုက်ခြင်း၊မြေငလျင်လှုပ်ခြင်း၊စသဖြင့်။) (၂) စစ်ဘေးအန္တရာယ် (၃) ဖောက်ထွင်း၊ ခိုးယူခံရခြင်း
မော်တော်ယာဉ်အာမခံပေါ်လစီ အာမခံတစ်နှစ်ကိုဘယ်လောက်ဆောင်ရမှာလဲ?
က.ည.န တွင် မှတ်ပုံတင်ထားသော စက်တပ်ယာဉ် အားလုံးအတွက် အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိနိုင်ပါတယ်ရှင်။ အာမခံသက်တမ်းမှာ (၁) နှစ် ဖြစ်ပါသည်။ယာဉ်အသုံးပြုပုံ/ယာဉ်တန်ဖိုး/မော်ဒယ်အတန်းအစား/အမျိုးအစားနှင့်ထုတ်လုပ်သည့် ခုနှစ်၊ အင်ဂျင်ပါဝါ၊လူဦးရေတို့အပေါ်တွင် မူတည်၍အနိမ့်ဆုံး ၁.၀၇၂ % မှ အမြင့်ဆုံး ၁.၇၃၄ % အထိ သတ်မှတ်ထားပါတယ်ရှင်။
မော်တော်ယာဉ်အာမခံပေါ်လစီ)လျော်ကြေးမဲ့ဆုရပါသလား?
မော်တော်ယာဉ်အာမခံပေါ်လစီ အာမခံသက်တမ်းအတွင်း လျော်ကြေးတောင်းခံမှုမရှိခဲ့လျှင် နောက်နှစ်များတွင် အခြေခံပရီမီယံကြေး၏ကိုယ်ပိုင်ယာဉ်အတွက်အများဆုံး (၄၀ %)ထိနှင့်လုပ်ငန်းသုံးယာဉ်အတွက် အများဆုံး (၂၅ %)အထိပေးလျော့ပေးမည့် ဆုကြေးအဖြစ်ခံစားခွင့်ရှိသည်။လျော်ကြေးမတောင်းဆုကြေးကို အာမခံထားသူကသာပိုင်ဆိုင်သည်။အာမခံထားသည့် ယာဉ်နှင့်အတူ မပါသွားပါ။
လျော်ကြေးနှတ်ဖြတ်ငွေဆိုတာ ဘာလဲ
နှုတ်ဖြတ်ငွေ (Excess) စံနုတ်ဖြတ်ငွေ (Standard Excess) = ကျပ်တစ်သိန်း – အာမခံထားသူက လျော်ကြေးတွင် ဦးစွာကျခံရမည့်တန်ဖိုးဖြစ်ပါသည်။ – နုတ်ဖြတ်ငွေ တိုးမြှင့်သည်နှင့်အမျှ အာမခံပရီမီယံကြေးတွင် လျှော့ပေါ့ခံစားခွင့်ရှိပါတယ်ရှင်။
Refund ထုတ်ယူလို့ရပါသလား
မော်တော်ယာဉ်အာမခံအတွက် အာမခံသက်တမ်း(၉)လနှင့်အထက် ကျန်ရှိသေးပါက  ပြန်လည်ထုတ်ယူနိုင်ပါတယ်ရှင်
သက်တမ်းကုန်သွားရင် ဘယ်လိုပြန်လုပ်ရလဲ
လူကြီးမင်းထံသို့ အာမခံသက်တမ်း မပြည့်မီ တစ်လကြိုတင် အသိပေးအကြောင်းကြားစာ KBZMS အထွေထွေအာမခံဘက်မှ ပို့ပေးပါတယ်ရှင်။ Debit Note အဆင်သင့်ဖြစ်သည့်အခါတွင်လည်း ဖုန်းဆက် အကြောင်းကြားပေးပါတယ်ရှင်။  သက်တမ်းဆက်ပရီမီယံအား နီးစပ်ရာ  Bank မှ သော်လည်းကောင်း၊ Mobile Banking မှ သော်လည်းကောင်း၊ KBZ Pay (သို့) Wave Pay  မှ သော်လည်းကောင်း၊ KBZMSအထွေထွေအာမခံ ရုံးများသို့ ကိုယ်တိုင်လာ၍ သော်လည်းကောင်း အာမခံပရီမီယံ ပေးသွင်းနိုင်ပါတယ်ရှင်။  အိမ်သို့လာရောက်ပြီး သက်တမ်းဆက်ပရီမီယံကို ကောက်ခံပေးစေလိုသော customer များအတွက်လည်း အိမ်တိုင်ရာရောက် လာရောက် ကောက်ခံပေးသော  အခမဲ့ ဝန်ဆောင်မှုရှိပါတယ်ရှင်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment