Overseas Marine Cargo Insurance

ကုန်ပစ္စည်းများကို အာမခံထားရန်အတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ?

  • ကုန်ပစ္စည်းပိုင်ရှင်များ (ရောင်းချသူ သို့မဟုတ် ဝယ်ယူသူ)
  • ကုန်ပစ္စည်းပို့ဆောင်သူများ
  • Logistics ကုမ္ပဏီများ

INCOTERMS ဆိုတာဘာလဲ?

INCOTERMS (အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုစည်းကမ်းချက်များ) သည် ပို့ဆောင်တင်ပို့မှု၊ အာမခံ နှင့် ကုန်ပစ္စည်းများ၏ အန္တရာယ်တို့နှင့် စပ်လျဉ်း၍ ဝယ်ယူသူများနှင့် ရောင်းချသူများ၏ တာဝန်ရှိမှုများကို ရှင်းလင်းပြတ်သားစွာသတ်မှတ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးတွင် အသုံးပြုသည့် စံချိန်စံညွှန်းသတ်မှတ်ထားသော ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ဆိုလိုပါသည်။ ငွေပေးချေသူနှင့် ကုန်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်များကို ရှင်းလင်းစွာ သတ်မှတ်ရန် အသုံးပြုပါသည်။

ပြည်ပရေကြောင်းပို့ကုန်အာမခံကို ဘာကြောင့် ရယူသင့်ပါသလဲ?

ပြည်ပရေကြောင်းပို့ကုန်အာမခံသည် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကာလအတွင်း မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သင်္ဘောနစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ သဘာဝဘေးအန္တရာယ်များစသည့်အန္တရာယ်များကြောင့် ကုန်ပစ္စည်းများ ဆုံးရှုံးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်းများအတွက် အကာအကွယ်ပေးထားခြင်းကြောင့် ရယူသင့်ပါသည်။

ထွက်ခွာမည့်ရက်မတိုင်မီ အပြောင်းအလဲတစ်စုံတစ်ရာရှိခဲ့ပါက ဘာလုပ်ဆောင်သင့်သလဲ?

ထွက်ခွာမည့်ရက်မတိုင်မီ အပြောင်းအလဲတစ်စုံတစ်ရာရှိခဲ့ပါက ပြင်ဆင်ချက် (endorsement) ရယူရန်အတွက် KBZMS သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရပါမည်။

ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ်ဘာလုပ်သင့်ပါသလဲ?

အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 9500 77000  သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?

ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့် များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။

မတော်တဆမှုဖြစ်တဲ့အခါ ကျွန်ုပ်ဘာလုပ်ဆောင်သင့်ပါသလဲ။

မတော်တဆမှုဖြစ်တဲ့အခါ KBZMS Call Center (+959) 9500 77000  သို့ ချက်ချင်းအကြောင်းကြားပြီး အောက်ပါတို့ကို အသိပေးရန်လိုအပ်ပါသည်။

  • မတော်တဆဖြစ်မှုဖြစ်စဉ်၏ အသေးစိတ်အချက်အလက်များ
  • မတော်တဆဖြစ်မှုတည်နေရာ
  • ဆက်သွယ်ရမည့်အချက်အလက်များ (အမည်၊ ဖုန်းနံပါတ်)

သက်ဆိုင်ရာ လျော်ကြေးအဖွဲ့က သင့်ထံသို့ အခြားလိုအပ်သောစာရွက်စာတမ်းများကို ဆက်သွယ်တောင်းဆိုပါလိမ့်မည်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment