

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ထားရှိရန်အတွက် ဘာစာရွက်စာတမ်းများ လိုအပ်သလဲ?
- ပြည့်စုံစွာဖြည့်စွက်ထားသည့်အဆိုလွှာ
- မှတ်ပုံတင်မိတ္တူ
ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝယ်ယူရန်အတွက် အသက်ကန့်သတ်ချက် ရှိပါသလား?
အသက် ၁၆ နှစ် မှ ၆၅ နှစ်အတွင်းရှိသော ကျန်းမာသူတိုင်း ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို ဝယ်ယူနိုင်ပါသည်။ အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်းရှိသော အာမခံထားရှိသူများအတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူမှ ဝယ်ယူပေးနိုင်ပါသည်။
ကျွန်ုပ်၏ အာမခံထားငွေပမာဏကို ကျွန်ုပ် ဘယ်လိုရွေးချယ်နိုင်မလဲ?
သင်၏ အာမခံထားငွေပမာဏကို အနည်းဆုံး ကျပ် ၅၀၀,၀၀၀ မှ အများဆုံး ကျပ် ၂၀,၀၀၀,၀၀၀ အထိ ရွေးချယ်နိုင်ပါသည်။
ကျွန်ုပ်သည် KBZMS ဝက်ဘ်ဆိုဒ်တွင် ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို ဝယ်ယူနိုင်ပါသလား?
KBZMS ဝက်ဘ်ဆိုဒ်ဖြစ်သော (www.kbzms.com) တွင် ဝယ်ယူနိုင်ပါသည်။
ကျွန်ုပ်တွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး မေးခွန်းများရှိပါက ကျွန်ုပ် ဘာလုပ်သင့်ပါ သလဲ?
သင့်ထံတွင် အသေးစိတ်အချက်အလက်များနှင့် ရှင်းလင်းချက်များအတွက် မေးခွန်းများ ရှိပါက KBZMS Call Center (+959) 95 007 7000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပရီမီယံပေးချေမှုအတွက် ရွေးချယ်စရာနည်းလမ်းတွေက ဘာတွေဖြစ်မလဲ?
ပရီမီယံပေးချေမှုအတွက် Debit Note ကို လက်ခံရရှိပြီးနောက် KBZMS ရုံးချုပ်/ရုံးခွဲများမှတစ်ဆင့် သို့မဟုတ် KBZ Bank QuickPay ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် အခြား KBZMS မှ သတ်မှတ်ထားသော Mobile Banking အကောင့်များမှတစ်ဆင့် သို့မဟုတ် Internet Banking သို့မဟုတ် နီးစပ်ရာဘဏ်ခွဲများမှတစ်ဆင့် KBZMS ၏ ဘဏ် အကောင့်များသို့ တိုက်ရိုက်ပေးချေနိုင်ပါသည်။ ဘဏ်အကောင့် အသေးစိတ်အချက် အလက်ကို Debit Note တွင် ကြည့်ရှုနိုင်ပါသည်။
ကျွန်ုပ်၏ ပေါ်လစီကို ဘယ်လိုသက်တမ်းတိုးနိုင်ပါသလဲ?
ပေါ်လစီသက်တမ်းမကုန်ဆုံးမီ အာမခံဆက်လက်ထားရှိနိုင်ပါရန် သက်တမ်းတိုး အသိပေးအကြောင်းကြားစာအား သင့်ထံသို့ ပေးပို့ပေးမည်ဖြစ်ပြီး နောက်ပေါ်လစီ သက်တမ်းအတွက် ပရီမီယံကြေးပေးဆောင်ခြင်းဖြင့် သင်၏ပေါ်လစီကို သက်တမ်းတိုးနိုင်မည် ဖြစ်ပါသည်။
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ဘယ်အချိန်အထိအကျုံးဝင်ပါသလဲ?
အာမခံအကာအကွယ်သည် သက်တမ်းကုန်ဆုံးရက်၏ ညသန်းခေါင် (၁၂း၀၀) နာရီအချိန် အထိ အကျုံးဝင်ပါသည်။