Travel Insurance

ခရီးသွားအာမခံအကြောင်းသိချင်လို့ပါ?

ဟုတ်ကဲ့ ခရီးသွားအာမခံမှာဆိုရင်
– မိုင် 100 အထက်အထူးခရီးသွား အာမခံ
– မိုင် 100 အောက်အထူးခရီးသွား အာမခံနှင့်
– ပြည်တွင်း၊ ပြည်ပ လှည့်လည် ခရီးသွားအာမခံ ဆိုပြီး (3)မျိုးရှိပါတယ်။

မိုင် 100 အထက်အထူးခရီးသွား အာမခံဆိုတာဘာလဲခင်ဗ?
ခရီးစဉ်အစ(ဂိတ်အစ) မှအဆုံးအထိ (ခရီးတစ်ခေါက်) အာမခံ ဖြစ်ပါသည်။အနည်းဆုံး(၁)ယူနစ်ကို (300)ကျပ်နှုန်းနှင့် အများဆုံး(၂)ယူနစ် အထိ ဝယ်ယူရရှိနိုင်ပါသည်။
အာမခံထားမယ်ဆိုရင်ဘာတွေလိုအပ်သလဲခင်ဗျာ?

အာမခံထားမယ်ဆိုရင် လိုအပ်တာတွေကတော့-
– ခရီးစဉ် (Trip Plan)
– ကားနံပါတ်
– လူဦးရေ
– ယူနစ်ဘယ်လောက် ယူမလဲဆိုတာ လိုအပ်ပါတယ်။

ဘယ်လိုအကျိုးခံစားခွင့် ရရှိမလဲ?

မိုင် 100အထက်ခရီးသွားအာမခံ ဝယ်ယူထားမယ်ဆိုရင်အကျိုးခံစားခွင့်ကတော့-
– အာမခံထားငွေ (၁)ယူနစ်အတွက်ကျပ်သိန်း(၃၀)ရရှိမည်ဖြစ်ပါသည်။(သေဆုံးခြင်းနှင့်ထာဝစဉ်မသန်မစွမ်းအတွက်)
– ထိခိုက်ဒဏ်ရာ ရရှိပါက အချိုးကျနှုန်းထားများအတိုင်းရရှိမည်ဖြစ်ပြီး အမြင့်ဆုံး ကျပ် ၂၄သိန်းအထိရရှိနိုင်မည်ဖြစ်ပါသည်။

ခရီးသွားအာမခံဝယ်ယူမယ်ဆိုရင် မည်သည့်နေရာတွေမှာ ဝယ်ယူလို့ရပါသလဲ?
KBZMS ရုံးချုပ်နှင့် KBZMS ရုံးခွဲများတွင်လည်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ကျနော်တို့ KBZMS နှင့် စာချုပ် ချုပ်ထားသောယာဉ်လိုင်းများမှလည်းဝယ်ယူလို့ရပါတယ်။
မိုင်(၁၀၀)အောက် ခရီးသွား အာမခံဆိုတာဘာလဲခင်ဗျာ?
ခရီးစဉ်အစ (ဂိတ်အစ) မှအဆုံးအထိ (ခရီးတစ်ခေါက်)အတွက်တစ်ဦးလျှင်(၁၀၀)ကျပ်ဖြစ်ပါသည်။
အာမခံထားမယ်ဆိုရင်ဘာတွေလိုအပ်သလဲခင်ဗျာ?

အာမခံထားမယ်ဆိုရင်လိုအပ်တာတွေကတော့-
– ခရီးစဉ်(Trip Plan)
– ကားနံပါတ်
– လူဦးရေ
– ယူနစ်ဘယ်လောက် ယူမလဲဆိုတာ လိုအပ်ပါတယ်။

ဘယ်လိုအကျိုးခံစားခွင့် ရရှိမလဲ?

အာမခံထားငွေ (၁)ယူနစ်အတွက်ကျပ်သိန်း(၂၀)ရရှိမည်ဖြစ်ပါသည်။(သေဆုံးခြင်းနှင့်ထာဝစဉ်မသန်မစွမ်းအတွက်)
– ထိခိုက် ဒဏ်ရာ ရရှိ၍ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၊ထိခိုက် ဒဏ်ရာ ရရှိခြင်းတို့အတွက်ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးလျော်မည်။
– ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတက်၍ဆေးဝါးကုသခြင်း ခံယူရပါက (၁) ပတ်တစ်ယူနစ်အတွက်ကျပ်(၃,၂၀၀)နှုန်းဖြင့် ရက်သတ္တပတ်(၅၂)ပတ်အထိ ခံစားခွင့်ရရှိပါမည်။

သွားအာမခံဝယ်ယူမယ်ဆိုရင် မည်သည့်နေရာတွေမှာ ဝယ်ယူလို့ရပါသလဲ?
KBZMS ရုံးချုပ်နှင့် KBZMS ရုံးခွဲများတွင်လည်း ဝယ်ယူနိုင်ပါသည်။ကျနော်တို့ KBZMS နှင့် စာချုပ် ချုပ်ထားသောယာဉ်လိုင်းများမှလည်းဝယ်ယူလို့ရပါသည်။
ပြည်တွင်းလှည့်လည် ခရီးသွားအာမခံ ဆိုတာဘာလဲခင်ဗျာ?
ပြည်တွင်းလှည့်လည်ခရီးသွားအာမခံမှာအနည်းဆုံး(၁)ရက်မှအများဆုံး(၃)လအထိအာမခံဝယ်ယူနိုင်ပါတယ်
ပရီမီယံနှုန်းထားတွေကတော့ ဘယ်လို့ပေးပါရသလဲ?

ပြည်တွင်းမှာဆိုရင် ပရီမီယံနှုန်းထားလေးတွေကတော့-
(၁)ရက်ခရီးအတွက် ကျပ်(၁၀၀)
(၃)ရက်ခရီးအတွက် ကျပ်(၁၅၀)
(၁)ပတ်ခရီးအတွက် ကျပ်(၂၀၀)
(၂)ပတ်ခရီးအတွက် ကျပ်(၂၅၀)
(၁)လခရီးအတွက် ကျပ်(၃၀၀)
(၁)လနှင့်(၁၅)ရက်ခရီးအတွက် ကျပ်(၃၅၀)
(၂)လခရီးအတွက် ကျပ်(၄၀၀)
(၂)လနှင့်(၁၅)ရက်ခရီးအတွက် ကျပ်(၄၅၀)
(၃)လခရီးအတွက် ကျပ်(၅၀၀)

အာမခံထားမယ်ဆိုရင်ဘာတွေလိုအပ်သလဲခင်ဗျာ?

အာမခံထားမယ်ဆိုရင် လိုအပ်တာတွေကတော့-
– ခရီးစဉ် (Trip Plan)
– သွား/ပြန် ရက်(Due Date)
– ကားနံပါတ်
– လေယာဉ်ပျံနှင့်သွားမယ်ဆိုရင် Air Ticket မိတ္တူနှင့် လေယာဉ်အမည်
– လူဦးရေဘယ်လောက်သွားမလဲ
– ယူနစ်ဘယ်လောက် ယူမလဲဆိုတာ လိုအပ်ပါသည်။

ဘယ်လိုအကျိုးခံစားခွင့် ရရှိမလဲ?

ပြည်တွင်းလှည့်လည် ခရီးသွားအာမခံ ဝယ်ယူထားမယ်ဆိုရင်အကျိုးခံစားခွင့်ကတော့-
– အနည်းဆုံး (၁) ယူနစ်ဝယ်ယူထားမယ်ဆိုရင် ကျပ် (၅) သိန်း မှ အများဆုံး(၂၀)ယူနစ်အတွက်ကျပ်သိန်း(၁၀၀)အထိ ရရှိမည်ဖြစ်ပါသည်။(သေဆုံးခြင်းနှင့်ထာဝစဉ်မသန်မစွမ်းအတွက်)
– ထိခိုက်ဒဏ်ရာ ရရှိ၍ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာ ရရှိခြင်းတို့အတွက် ဆရာဝန်၏ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးလျော်မည်။
– ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ဆေးဝါးကုသခြင်း ခံယူရပါက (၁)ပတ် တစ်ယူနစ်အတွက်ကျပ်(၄,၀၀၀)နှုန်း ဖြင့်ရက်သတ္တပတ်(၅၂)ပတ်အထိခံစားခွင့်ရရှိပါမည်။

ပြည်ပခရီးသွားလှည့်လည်အတွက်အာမခံဝယ်ယူမယ်ဆိုရင် မည်သည့်နေရာတွေမှာ ဝယ်ယူလို့ရပါသလဲ?

KBZMS ရုံးချုပ်နှင့် KBZMS ရုံးခွဲများတွင်လည်း ဝယ်ယူနိုင်ပါသည်။

ပြည်ပလှည့်လည် ခရီးသွားအာမခံ ဆိုတာဘာလဲခင်ဗျာ?

ပြည်ပလှည့်လည်ခရီးသွားအာမခံမှာ
– အနည်းဆုံး(၁)ပတ်မှအများဆုံး(၃)လအထိ အာမခံဝယ်ယူနိုင်ပါတယ်

ပရီမီယံနှုန်းထားတွေကတော့ ဘယ်လို့ပေးပါရသလဲ?

ပြည်ပမှာဆိုရင် ပရီမီယံနှုန်းထားလေးတွေကတော့-
(၁)ပတ်ခရီးအတွက် ကျပ်(၂၀၀)
(၂)ပတ်ခရီးအတွက် ကျပ်(၂၅၀)
(၁)လခရီးအတွက် ကျပ်(၃၀၀)
(၁)လနှင့်(၁၅)ရက်ခရီးအတွက် ကျပ်(၃၅၀)
(၂)လခရီးအတွက် ကျပ်(၄၀၀)
(၂)လနှင့်(၁၅)ရက်ခရီးအတွက် ကျပ်(၄၅၀)
(၃)လခရီးအတွက် ကျပ်(၅၀၀)ဖြစ်ပါတယ်။

အာမခံထားမယ်ဆိုရင်ဘာတွေလိုအပ်သလဲခင်ဗျာ?

အာမခံထားမယ်ဆိုရင် လိုအပ်တာတွေကတော့-
– ခရီးစဉ်(Trip Plan)
– သွား/ပြန် ရက်(Due Date)
– ကားနံပါတ်
– လေယာဉ်ပျံနှင့်သွားမယ်ဆိုရင် Air Ticket မိတ္တူနှင့် လေယာဉ်အမည်
– လူဦးရေဘယ်လောက်သွားမလဲ
– ယူနစ်ဘယ်လောက် ယူမလဲဆိုတာ လိုအပ်ပါသည်။

ဘယ်လိုအကျိုးခံစားခွင့် ရရှိမလဲ?

ပြည်ပလှည့်လည် ခရီးသွားအာမခံ ဝယ်ယူထားမယ်ဆိုရင်-
– အနည်းဆုံး(၁)ယူနစ် ကျပ်(၅)သိန်းမှ အများဆုံး(၂၀)ယူနစ် ကျပ်သိန်း(၁၀၀)အထိရရှိမည်ဖြစ်ပါသည်။(သေဆုံးခြင်းနှင့်ထာဝစဉ်မသန်မစွမ်းအတွက်)
– ထိခိုက်ဒဏ်ရာ ရရှိ၍ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက် ဒဏ်ရာ ရရှိခြင်းတို့အတွက် ဆရာဝန်၏ထောက်ခံချက်အပေါ် အခြေခံ၍ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ပေးလျော်မည်။
– ရရှိသည့် ဒဏ်ရာကြောင့် ဆေးရုံတက်၍ဆေးဝါးကုသခြင်း ခံယူရပါက (၁)ပတ် တစ်ယူနစ်အတွက်ကျပ်(၄,၀၀၀)နှုန်း ဖြင့်ရက်သတ္တပတ်(၅၂)ပတ်အထိခံစားခွင့်ရရှိပါမည်။

ပြည်ပခရီးသွားလှည့်လည်အတွက်အာမခံဝယ်ယူမယ်ဆိုရင် မည်သည့်နေရာတွေမှာ ဝယ်ယူလို့ရပါသလဲ?

KBZMS ရုံးချုပ်နှင့် KBZMS ရုံးခွဲများတွင်လည်း ဝယ်ယူနိုင်ပါသည်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment