Travel Protect Insurance

ခရီးသွားအာမခံအကြောင်းသိချင်လို့ပါ?
ခရီးသွားအာမခံမှာဆိုရင် -ပြည်တွင်းပြည်ပ (၂)ခုစလုံးအတွက်ဝယ်ယူနိုင်ပြီး အသွားအပြန်ခရီးစဉ်နှင့်တစ်ကြောင်းစာခရီးစဉ် ဆိုပြီးရှိပါသည်။
အသွားအပြန်ခရီးစဉ်ဆိုတာဘာလဲ?
အသွားအပြန်ခရီးစဉ်သည် မြန်မာနိုင်ငံတွင်စတင်ကာ မြန်မာနိုင်ငံတွင်ပြီးဆုံးရမည် ဖြစ်ပြီး အာမခံသက်တမ်းမှာ အနည်းဆုံး (1)ရက်မှ ရက်(30)ထိဖြစ်ပါသည်။
တစ်ကြောင်းစာခရီးစဉ်ဆိုတာဘာလဲ?
ခရီးတစ်ခေါက်ခရီးစဉ်သည် မြန်မာနိုင်ငံတွင်စတင်ခြင်း သို့မဟုတ် ပြီးဆုံးခြင်းဖြစ်ပြီး အာမခံသက်တမ်းမှာ အများဆုံး(3) ရက်သာဖြစ်ပါသည်။
အာမခံကိုဘယ်သူတွေထားခွင့်ရှိလဲ?
ဖြေ-အသက်(၁)လသားမှ (၇၀)နှစ် အတွင်းရှိသော ပြည်တွင်းပြည်ပ ခရီးသည်များ အပြင်၊နိုင်ငံခြားသားများပါ အာမခံ ထားရှိနိုင်ပါသည်။
ပရီမီယံကို ဘယ်လိုပေးသွင်းရမလဲ?
ပရီမီယံကို တစ်လုံးတစ်ခဲတည်းပေးသွင်းရမည် ဖြစ်ပါသည်။
ခရီးသွားအာမခံကို ဘယ်မှဝယ်ယူလို့ရနိုင်ပါသလဲ?
ဟုတ်ကဲ့ခရီးသွားအာမခံကို ရုံးတွင်လည်းလာရောက်ဝယ်ယူလို့ရပြီး အကယ်၍ Customer များရုံးလာရောက်ဝယ်ယူရန် ခက်ခဲပါက Marketing Team နှင့်လည်းချိတ်ဆက်ပီးဝယ်ယူလို့ရပါသည်။
ဘာအကာကွယ်တွေပါပါသလဲ?
အခြေခံအကာကွယ်တွေကတော့မတော်တဆထိခိုက်သေဆုံးခြင်း၊ထာဝရမသန်မစွမ်းဖြစ်ခြင်း၊ဆေးကုသမှုကုန်ကျစရိတ်များနှင့်ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတွေ ပါပါတယ်ခင်ဗျာ။အခြေခံအကာကွယ်အပြင်အပိုအကာကွယ်တွေအနေနဲ့လည်းအကာကွယ်၆ခုထပ်ဝယ်လို့ရပါတယ်ခင်ဗျာ။အပိုအကာကွယ်တွေကတော့ကူးစက်မြန်ရောဂါအပိုအကာကွယ်၊ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ခရီးဆောင်အိတ်ပျောက်ဆုံး/ပျက်စီးခြင်း၊လေယာဉ်ချိန်နှောင့်နှေးကြန့်ကြာခြင်း၊ခရီးစဉ်ဖျက်သိမ်းခြင်း၊ကိုယ်ရေးကိုယ်တာပေးလျော်ရန်တာဝန်ရှိမှု တို့ပါပါတယ်။အပိုအကာကွယ်(၂,၃,၄) တို့ကတော့လေယာဉ်နဲ့ခရီးသွားရတဲ့အခါပဲဝယ်ယူလို့ရပါသည်။
ခရီးသွားအာမခံဝယ်ယူရန်ဘာတွေလိုအပ်ပါသလဲ?

(a) အဆိုလွှာဖြည့်ရမည်။
(b) Air Ticket မိတ္တူ(ပြည်တွင်း/ပြည်ပ)
(c) Passport မိတ္တူ(ပြည်ပ)
(d) မှတ်ပုံတင်
(e) Trip Plan
(f) declaration Form ဖြည့်ရမည်။ (Baggage ထဲတွင်ပါသောပစ္စည်းများအတွက်သာ)

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment