Marine Cargo Insurance

သင့်လုပ်ငန်းအတွက် ကုန်ပို့ကုန်သွယ် လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှတဆင့် ငွေကြေးဆုံးရှုံးမှုများအား လျှော့ချလိုက်ပါ။

Product Highlights

အာမခံသက်တမ်း

ခရီးတစ်ခေါက်အာမခံအမျိုးအစားဖြစ်ပြီး ခရီးစဉ်တစ်ခုချင်း အလိုက်ထားရှိရပါမည်။ ကုန်ပစ္စည်းများကို စတင်သယ်ယူသည့်နေရာမှ ဆိုက်ရောက်သည့် နေရာသို့ ရောက်ရှိသည့်အချိန် ကာလအထိ အကာအကွယ်ပေးပါသည်။ ယာဉ်မထွက်ခွာမီ ကြိုတင်အာမခံထားရှိရန် နှင့် ယာဉ်ထွက်ခွာသည့် ခန့်မှန်းရက်စွဲများဖြင့် အာမခံထားရှိရန်ဖြစ်ပါသည်။

အာမခံထားငွေ

ကုန်ပစ္စည်းတန်ဖိုးပေါ်တွင် အလုပ်သမားခ နှင့် အာမခံကြေးများ ထပ်မံပေါင်းထည့်နိုင်ပါသည်။ အာမခံထားရှိရာတွင် ‌စျေးကွက်ပေါက်စျေး အမှန်တန်ဖိုးအတိုင်းထားရှိနိုင်ပြီး ကုန်တန်ဖိုး၏ ၁၀%ကို ထည့်ပေါင်းနိုင်ပါသည်။

အာမခံနှုန်းထားများ

ပရီမီယံကို အာမခံထားသည့်ငွေအပေါ်တွင်မူတည်၍တွက်ချက်ပါသည်။ ကုန်ပစ္စည်းအမျိုးအစား၊ မြစ်တွင်း ၊ကမ်းရိုးတန်း နှင့် ကုန်းလမ်းတို့ အပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
အထွေထွေကုန်စည်များအတွက်
(က)
မြစ်တွင်းနှင့်ကုန်းလမ်း ပို့ဆောင်ရေးတို့တွင်
၀.၁၄%
(ခ)
ကမ်းရိုးတန်းပို့ဆောင်‌ရေးတွင်
– နွေရာသီအတွက်
၀.၂၈%
– နှင့် မိုးရာသီအတွက် မေ၁ရက်နေ့မှ အောက်တိုဘာ ၁၅ရက်နေ့အထိ
၀.၅၆% ဖြစ်ပါသည်။
ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓါတ်ငွေ့အတွက်
(က)
မြစ်တွင်းနှင့် ကုန်းလမ်း ပို့ဆောင်ရေးတို့တွင်
၀.၂၈%
(ခ)
ကမ်းရိုးတန်းပို့ဆောင်ရေးတွင်
– နွေရာသီအတွက်
၀.၄၂%
– နှင့် မိုးရာသီအတွက်
၀.၈၄% ဖြစ်ပါသည်။
ကွဲရှလွယ်သော ကုန်ပစ္စည်းများအတွက် ကုန်းလမ်းပို့ဆောင်ရေးတွင်
၀.၈၀% ဖြစ်ပါသည်။
ဆိပ်ကမ်းရက်လွန်ကြေးအတွက် အခြေခံပရီမီယံ၏ ၁၀% ဖြစ်ပါသည်။

အကာအကွယ်များနှင့်အကျိုးခံစားခွင့်များ

အကာအကွယ်များ

လုံးဝဆုံးရှုံးမှုအကာအကွယ် – အာမခံထားသည့်ကုန်ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်သည် သဘာဝ ဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မတော်တဆ ထိခိုက်မိ၍ သော်လည်းကောင်း၊ မီးလောင်၍ သော်လည်းကောင်း သင်္ဘောလုံးဝနစ်မြုပ်ပြီး (သို့) သင်္ဘောလုံးဝပျက်စီးသွားပြီး ကုန်ပစ္စည်းများ လုံးဝဆုံးရှုံးမှု ရှိမှသာလျှင် ပေးလျော်ပါသည်။ ကုန်းလမ်းခရီးစဉ်တွင် ကုန်ပစ္စည်းတင်ဆောင်လာသော ယာဉ်တိမ်းမှောက် ပျက်စီးမှုကြောင့် လည်းကောင်း၊ မီးလောင်၍ သော်လည်းကောင်း ကုန်ပစ္စည်းများ လုံးဝဆုံးရှုံးမှုရှိမှသာလျှင် ပေးလျော်ပါသည်။ တစ်စိတ်တစ်ဒေသ ဆုံးရှုံးပါက ပေးလျော်ခြင်းမရှိပါ။
ထို့အပြင် သင်္ဘော/ ယာဉ်လုံးဝနစ်မြုပ်မှုဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ အလုပ်သမားခများ၊ Sue & Labour Charges ကို ပေးလျော်ရန် တာဝန်ယူပါသည်။

ထပ်မံဝယ်ယူနိုင်သည့်အာမခံအကာအကွယ်

စစ်နှင့်စစ်အသွင် အပိုအကာအကွယ် (ရေကြောင်းကုန်စည်အာမခံ အတွက်သာ)
စစ်ပွဲ၊ ပြည်တွင်းစစ်၊ တော်လှန်ရေး၊ ပုန်ကန်မှု၊ ပိတ်ပင်မှု၊ ပြည်တွင်းပဋိပက္ခ၊ ရန်ပြုမှု၊ နှင့် အဖွဲ့အစည်း (သို့မဟုတ်) နိုင်ငံ တစ်ခုခု၏ တိုက်ခိုက်ဖျက်ဆီးခြင်း‌ကြောင့်ဖြစ်‌ပေါ်လာ‌သော ပျက်စီးဆုံးရှုံးခြင်းများ။
ဆိပ်ကမ်းရက်လွန် အပိုအကာအကွယ်
ရေယာဥ်စတင်ထွက်ခွာချိန်မှ ခရီးဆုံးရာဆိပ်ကမ်းသို့ ဆိုက်ကပ်ချိန်အထိ အကာအကွယ် ရရှိမည်ဖြစ်ပါသည်။ သင်္ဘောပေါ် ကုန်တင်နေစဥ်နှင့် ဆိပ်ကမ်းမှစတင်မထွက်ခွာမီ ထိခိုက်ပျက်စီးမှုကို တာဝန်မယူကြောင်း ရေယာဥ်ဆိပ်ကမ်းသို့မကပ်မီ လုံလောက်သော အကြောင်းတစ်စုံတစ်ရာကြောင့် ကပ်မည့်ဆိပ်ကမ်းသို့မကပ်နိုင်လျှင် ၎င်းဆိပ်ကမ်းအနီးသို့ ရောက်ရှိသည့်နေ့အပါအဝင် (၃)ရက်အထိ တာဝန်ယူမည်ဖြစ်ပြီး ဆိပ်ကမ်းသို့ ရေယာဥ်ဆိုက်ကပ်ပြီး အကြောင်းကြောင်းကြောင့် အာမခံထားသောကုန်ပစ္စည်းများ ရေယာဥ်ပေါ်မှသယ်ချခြင်း မပြုရသေးပါက ဆိုက်ရောက်သည့်နေ့အပါအဝင် (၃)ရက်အထိသာ အကာအကွယ်ရမည်ဖြစ်ပါသည်။
ရေယာဥ်ပေါ်သို့ ကုန်တင်နေစဥ်နှင့် ကုန်တင်ပြီးရေယာဥ်မထွက်ခွာမီရက်များအတွင်းရှိ အန္တရာယ်၊ ရေယာဥ်ဆိပ်ကမ်းမကပ်နိုင်ဘဲ ရေထဲတွင် စောင့်ဆိုင်းသည့် ရက်(၃)ရက်ထက်ကျော်မည့်ကာလအတွက် အန္တရာယ်နှင့် ရေယာဥ်ဆိပ်ကမ်းကပ်ပြီး ကုန်မချနိုင်ဘဲ (၃)ရက်ထက်ကျော်သော ကာလတွင်ဖြစ်မည့် အန္တရာယ်များအတွက် အကာအကွယ်ရယူလိုပါက အခြေခံပရီမီယံ၏ ၁၀% ကို ထပ်ဆောင်း၍ အပိုအကာအကွယ် ရယူနိုင်ပါသည်။

အာမခံထားခွင့်ရှိသူ

အာမခံထားခွင့်ရှိသူ

ကုန်စည်ကူးသန်းရောင်း၀ယ်ကြသည့် ကုန်ပစ္စည်းပိုင်ရှင်များ
ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူများ
ကုန်ပစ္စည်းပိုင်ရှင်၏ကိုယ်စားလှယ်များ

ဝယ်ယူနိုင်သော ကုန်စည်ပို့ဆောင်ရေးအာမခံအမျိုးအစားများ

ရေကြောင်းကုန်စည်အာမခံ
– မြစ်တွင်းရေကြောင်းကုန်စည်အာမခံ
– ကမ်းရိုးတန်းရေကြောင်း ကုန်စည်အာမခံ
ကုန်းလမ်းကုန်စည်အာမခံ

အာမခံထားနိုင်သော ကုန်ပစ္စည်းများ

အထွေထွေကုန်ပစ္စည်းများ
မီးလောင်လွယ်သော ကုန်ပစ္စည်းများ (ရေနံဆီ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ဓါတ်ငွေ့)
ကွဲရှလွယ်သော ကုန်ပစ္စည်းများ

Document Download

Proposal Marine & Inland Cargo Insurance (PDF)
Brochure Marine & Inland Cargo Insurance (PDF)
Terms & Conditions Marine & Inland Cargo Insurance (PDF)

Related Products

Personal Lines Insurance

Marine Hull Insurance

KBZMS ၏ ရေယာဉ်ကိုယ်ထည် အာမခံသည်စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းနှင့် ပြည်ပတွင် လည်ပတ်နေသော သင်္ဘောကိုယ်ထည်နှင့် စက်ယန္တရားများအတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်မှုများ ပေးပါသည်။

Commercial Lines Insurance

Overseas Marine Cargo Insurance

ပြည်ပရေကြောင်းကုန်ပစ္စည်းအာမခံသည် ကုန်ပစ္စည်းများကို ရေယာဥ်၊ လေယာဥ်တို့ဖြင့် သယ်ယူပို့ဆောင်နေချိန်အတွင်း ယင်းကုန်ပစ္စည်းများ၏ အလုံးစုံဆုံးရှုံးပျက်စီးခြင်းနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးပျက်စီးခြင်းကြောင့် ငွေကြေးဆိုင်ရာဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment