Marine Hull Insurance
KBZMS ၏ ရေယာဉ်ကိုယ်ထည် အာမခံသည်စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းနှင့် ပြည်ပတွင် လည်ပတ်နေသော သင်္ဘောကိုယ်ထည်နှင့် စက်ယန္တရားများအတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်မှုများ ပေးပါသည်။
Product Highlights
Marine Hull Insurance
မြန်မာပြည်တွင်း နှင့် ပြည်ပတွင် ခုတ်မောင်းသွားလာသည့် ရေယာဥ်များအတွက် ရေယာဥ်ကိုယ်ထည်အာမခံ အကာအကွယ်ရရှိစေရန် ဖြစ်ပါသည်။
အာမခံသက်တမ်း
(က) ခရီးတစ်ခေါက်ပေါ်လစီ – ခရီးတစ်ခေါက်
(ခ) အချိန်ပိုင်းပေါ်လစီ – ၁လ မှ ၁နှစ်
(ပရီမီယံပေးသွင်းသည့် ရက်နေ့မှစ၍)
အာမခံထားငွေ
ရေယာဥ်၏ ဝယ်ရောင်းစာချုပ်အရတန်ဖိုး/ ရာဖြတ်တန်ဖိုးကို အာမခံထားငွေအဖြစ် သတ်မှတ်နိုင်ပါသည်။
တံဆိပ်ခေါင်းဘိုး
အာမခံထားငွေ ကျပ်တစ်သိန်းလျှင် တံဆိပ်ခေါင်း ကျပ် ၁၀/- ကပ်ရန်ဖြစ်ပါသည်။
အာမခံနှုန်းထားများ
ရေယာဥ်အမျိုးအစား၊ အရွယ်အစား (အကျယ်၊ အရှည်၊ ဇောက်)၊ အင်ဂျင်၊ မှတ်ပုံတင်ထားသော အသားတင် တန်ချိန်ပေါင်း (Gross Registered tonnage)၊ သက်တမ်း (တည်ဆောက်သည့်ခုနှစ်)၊ အသုံးပြုသည့် ရေနယ်နိမိတ် စသည့် အချက်များပေါ်မူတည်၍ သတ်မှတ်ထားပါသည်။
(မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၏ ရေယာဥ်များမှအပ အခြားရေယာဥ်များအတွက်သာ၊)
သံကိုယ်ထည် – အလုံးစုံအန္တရာယ်အကာအကွယ် (All Risks)
(က)
မြစ်တွင်းသွား-အထွေထွေကုန်တင်
2.0%
မြစ်တွင်းသွား-လောင်စာဆီတင်
2.6%
(ခ)
ကမ်းရိုးတန်းသွား- အထွေထွေကုန်တင်
2.4%
ကမ်းရိုးတန်းသွား- လောင်စာဆီတင်/ ငါးဖမ်း
3.0%
သံကိုယ်ထည် – လုံးဝနစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် (Total Loss Only)
(က)
မြစ်တွင်းသွား-အထွေထွေကုန်တင်
1.0%
မြစ်တွင်းသွား-လောင်စာဆီတင်
1.2%
(ခ)
ကမ်းရိုးတန်းသွား- အထွေထွေကုန်တင်
1.4%
ကမ်းရိုးတန်းသွား- လောင်စာဆီတင်/ ငါးဖမ်း
1.6%
မှတ်ချက် ။ ။ ရေယာဥ်သက်တမ်းအနှစ် (၂၀) ကျော်ပါက ကျသင့်ပရီမီယံအပေါ် ၁၀% ထပ်ဆောင်းကောက်ခံပါသည်။
အာမခံအကာအကွယ်များနှင့်အကျိုးခံစားခွင့်များ
အလုံးစုံအန္တရာယ်အကာအကွယ် (All Risks)
ရေယာဥ်ကိုယ်ထည် နှင့် စက်ကိရိယာကို အောက်ပါအန္တရာယ်များမှ အာမခံအကာအကွယ်ပေးပါသည်။
မြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာအတွင်းဖြစ်သော ဘေးအန္တရာယ်များ
မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
သင်္ဘောအပြင်မှ ခိုးယူခြင်း
သင်္ဘောပေါ်မှ ပစ်ချခြင်း
ပင်လယ်ဓါးပြ
နျူကလီးယား အဆောက်အဦ (သို့မဟုတ်) အနုမြူဓါတ်ပေါင်းဖို မတော်တဆချို့ယွင်းပျက်စီးမှု
လေယာဥ်နှင့်တိုက်မိခြင်း၊ (သို့) အလားတူအရာများနှင့်တိုက်မိခြင်း (သို့) အပေါ်မှ ပြုတ်ကျလာသောအရာများနှင့်တိုက်မိခြင်း၊ ကုန်းလမ်းယာဥ်၊ သင်္ဘောကျင်း (သို့) ဆိပ်ကမ်းတွင်ရှိသော ပစ္စည်းများနှင့် တိုက်မိခြင်း
မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးကြိုးပစ်ခြင်း
ကုန်တင်ကုန်ချ (သို့) ကုန်များ (သို့) လောင်စာဆီများရွှေ့ပြောင်းရာတွင် ထိခိုက်ပျက်စီးခြင်း
ဘွိုင်လာပေါက်ကွဲခြင်း၊ ရှပ်ကျိုးခြင်း နှင့် တည်ဆောက်မှုမှားယွင်းခြင်းကြောင့် ပျက်စီးခြင်း
သင်္ဘောသား၊ ကပ္ပတိန် နှင့် အရာရှိများ ရေကြောင်းပြတို့၏ ပေါ့ဆမှားယွင်းခြင်းကြောင့် ပျက်စီးခြင်း
ငှားရမ်းသူများ၊ ပြင်ဆင်သူများ၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်း
ရေယာဥ်မှူး (သို့) အရာရှိ (သို့) သင်္ဘောသားများ ပုန်ကန်ခြင်းကြောင့် ပျက်စီးမှုများ အာမခံထားသူ (သို့) သင်္ဘောပိုင်ရှင် (သို့) မန်နေဂျာများ၏ ပေါ့ဆမှုမပါစေရ။
လုံးဝနစ်မြုပ်ဆုံးရှုံးမှုအကာအကွယ် (Total Loss Only)
အာမခံထားသော ရေယာဥ်သည် အောက်ဖော်ပြပါ အန္တရာယ်များကြောင့် လုံးဝနစ်မြုပ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် အကာအကွယ်ပေးပါသည်။
မြစ်ကြောင်း၊ ပင်လယ်သမုဒ္ဒရာအတွင်းဖြစ်သော ဘေးအန္တရာယ်များ
မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း
ရေယာဥ်မှူး (သို့) အရာရှိ (သို့) သင်္ဘောသားများ ပုန်ကန်ခြင်းကြောင့် ပျက်စီးမှုများ
လုံးဝနစ်မြုပ်ဆုံးရှုံးမှု အဓိပ္ပါယ်ဖွင့်ဆိုချက်
အာမခံထားသောပစ္စည်းသည် ဖျက်ဆီးခံရပြီး သို့မဟုတ် အာမခံထားသောပစ္စည်းအဖြစ် မသတ်မှတ်နိုင်လောက်အောင် ပျက်စီးသွားပြီး အာမခံထားသူသည် အဖတ်ဆယ်မရအောင် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့လျှင် အမှန်တကယ် လုံးဝနစ်မြုပ်ဆုံးရှုံးမှုဟု သတ်မှတ်သည်။
အာမခံထားသောအရာကို ပြန်လည်ဆယ်ယူရာတွင် ကုန်ကျသောအသုံးစရိတ်သည် ဆယ်ယူရသော ပစ္စည်းများတန်ဖိုး၏ အနည်းဆုံး ၉၀% ရှိလျှင် လုံးဝနစ်မြုပ်ဆုံးရှုံးမှုသကဲ့သို့ ပျက်စီးမှုဖြစ်ပေါ်ခြင်းဟု သတ်မှတ်သည်။
အပိုအကာအကွယ်
Institute Voyage/ Time Clauses-Hull 1.10.83 တွင် အကျုံးမဝင်သော စစ်ဘေး၊ သပိတ်မှောက်ခြင်း၊ မသမာသည့်လုပ်ရပ် နှင့် နျူကလီးယား အကာအကွယ်တစ်မျိုးမျိုးကို ပူးတွဲထားလိုပါက ကျသင့်ပရီမီယံ၏ ၀.၅၀ ရာခိုင်နှုန်း ထပ်တိုးစည်းကြပ်ရမည်ဖြစ်ပါသည်။
Insurance Eligibility
အာမခံထားခွင့်ရှိသူ
ဖော်ပြပါရေယာဥ်ကိုယ်ထည်ကို ပိုင်ဆိုင်သူ (သို့) ငှားရမ်းသုံးစွဲသူ (လူ/ အဖွဲ့အစည်း)
ဝယ်ယူနိုင်သည့် အာမခံအမျိုးအစားများ
နိုင်ငံတကာတွင် ကျင့်သုံးနေသောမူများနှင့်အညီ Institute Time Clauses-Hulls 1.10.83 နှင့် Institute Voyage Clauses-Hulls 1.10.83 တို့ကို အခြေခံ၍ ပြည်တွင်း နှင့် ပင်လယ်ရပ်ခြား ဟူ၍ ပေါ်လစီ (၂) မျိုးခွဲခြားထားပြီး၊ ပေါ်လစီပုံစံများမှာ အောက်ပါအတိုင်း (၄)မျိုး ဖြစ်ပါသည်။
ပြည်တွင်းရေယာဥ်ကိုယ်ထည်အာမခံ (ခရီးစဥ်တစ်ခေါက်ပေါ်လစီ)
ပြည်တွင်းရေယာဥ်ကိုယ်ထည်အာမခံ (အချိန်ပိုင်းပေါ်လစီ)
ပြည်ပရေယာဥ်ကိုယ်ထည်အာမခံ (ခရီးစဥ်တစ်ခေါက်ပေါ်လစီ)
ပြည်ပရေယာဥ်ကိုယ်ထည်အာမခံ (အချိန်ပိုင်းပေါ်လစီ)
Related Products
Commercial Lines Insurance
Overseas Marine Cargo Insurance
ပြည်ပရေကြောင်းကုန်ပစ္စည်းအာမခံသည် ကုန်ပစ္စည်းများကို ရေယာဥ်၊ လေယာဥ်တို့ဖြင့် သယ်ယူပို့ဆောင်နေချိန်အတွင်း ယင်းကုန်ပစ္စည်းများ၏ အလုံးစုံဆုံးရှုံးပျက်စီးခြင်းနှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးပျက်စီးခြင်းကြောင့် ငွေကြေးဆိုင်ရာဆုံးရှုံးမှုများကို အကာအကွယ်ပေးပါသည်။
Personal Lines Insurance
Marine & Inland Cargo
Insurance
သင့်လုပ်ငန်းအတွက် ကုန်ပို့ကုန်သွယ် လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှတဆင့် ငွေကြေးဆုံးရှုံးမှုများအား လျှော့ချလိုက်ပါ။