Travel Protect Insurance

Embark on Your Journey with confidence—Our Protection has you covered! Whether it’s a round trip or one-way adventure, starting or ending in Myanmar, we ensure peace of mind every step of the way.

Product Highlights

Travel Protect Insurance

ပြည်တွင်းပြည်ပ ၂ ခုစလုံးအတွက် ဝယ်ယူနိုင်ပြီး အသွားအပြန်ခရီးစဥ်နှင့် တစ်ကြောင်းစာခရီးစဥ် ဟူ၍ခွဲခြားထားသည်။ အသွားအပြန်ခရီးစဉ်သည် မြန်မာနိုင်ငံတွင်စတင်ကာ မြန်မာနိုင်ငံတွင်ပြီးဆုံးရမည် ဖြစ်သည်။ တစ်ကြောင်းစာခရီးစဉ်သည် မြန်မာနိုင်ငံတွင် စတင်ခြင်း သို့မဟုတ် ပြီးဆုံးခြင်း ဖြစ်ရမည်။

အာမခံသက်တမ်း

ခရီးတစ်ခေါက်ခရီးစဉ်အတွက် အာမခံသက်တမ်းမှာ အများဆုံး ၃ ရက်သာဖြစ်ပါသည်။
အသွားအပြန်ခရီးစဥ်အတွက် အာမခံသက်တမ်းမှာ အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်အထိ ဖြစ်သည်။
အသွားအပြန်ခရီးစဥ်အတွက် မူလအာမခံသက်တမ်း ကုန်ဆုံးချိန်မှ နောက်ထပ်ရက်ပေါင်း (၃၀) အထိ တစ်ကြိမ်ထပ်မံ သက်တမ်းတိုးနိုင်ပါသည်။
အာမခံထားသူသည် သက်တမ်းတိုးရန်အတွက် မူလအာမခံကာလမကုန်ဆုံးမီ အနည်းဆုံး အလုပ်လုပ်ရက် ၃ ရက် ကြိုတင်အကြောင်းကြားရပါမည်။

အာမခံသက်တမ်း

ခရီးတစ်ခေါက်ခရီးစဉ်အတွက် အာမခံသက်တမ်းမှာ အများဆုံး ၃ ရက်သာဖြစ်ပါသည်။
အသွားအပြန်ခရီးစဥ်အတွက် အာမခံသက်တမ်းမှာ အနည်းဆုံး ၁ ရက်မှ အများဆုံး ၃၀ ရက်အထိ ဖြစ်သည်။
အသွားအပြန်ခရီးစဥ်အတွက် မူလအာမခံသက်တမ်း ကုန်ဆုံးချိန်မှ နောက်ထပ်ရက်ပေါင်း (၃၀) အထိ တစ်ကြိမ်ထပ်မံ သက်တမ်းတိုးနိုင်ပါသည်။
အာမခံထားသူသည် သက်တမ်းတိုးရန်အတွက် မူလအာမခံကာလမကုန်ဆုံးမီ အနည်းဆုံး အလုပ်လုပ်ရက် ၃ ရက် ကြိုတင်အကြောင်းကြားရပါမည်။

အာမခံနှုန်းထားများ

Coverage & Benefits

အခြေခံအကာအကွယ်များ

1. မတော်တဆထိခိုက်သေဆုံးခြင်းနှင့် ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း
2. ဆေးကုသမှုကုန်ကျစရိတ်များ
3. ရုပ်ကြွင်းပြန်လည်သယ်ယူခြင်း

အပိုအကာအကွယ်များ

1. ကူးစက်မြန်ရောဂါအပိုအကာအကွယ် (ကိုဗစ်-၁၉ အပါအဝင်)
2. ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း
3. ခရီးဆောင်အိတ်ပျောက်ဆုံး/ပျက်စီးခြင်း
4. လေယာဥ်ချိန်နှောင့်နှေးကြန့်ကြာခြင်း
5. ခရီးစဥ်ဖျက်သိမ်းခြင်း
6. ကိုယ်ရေးကိုယ်တာပေးလျော်ရန်တာဝန်ရှိမှု
အပိုအကာအကွယ်များကို အခြေခံအကာအကွယ်ဖြင့်သာ တွဲဖက်ဝယ်ယူရမည်ဖြစ်ပြီး သီးခြားဝယ်ယူ၍ မရနိုင်ပါ။ လေယာဉ်ဖြင့်သွားခြင်းမှလွဲ၍ ကျန်သည့်နည်းလမ်းများဖြင့်ခရီးသွားရာတွင် အပိုအကာအကွယ် (2)၊ (3) နှင့် (4) ကို ဝယ်ယူမရရှိနိုင်ပါ။

အခြေခံအကာအကွယ်များ

မတော်တဆထိခိုက်သေဆုံးခြင်းနှင့် ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း
အာမခံထားသူတစ်ဦးသည် ခရီးစဉ်အတွင်း ဒဏ်ရာတစ်ခုခုရရှိပြီး ထိုဒဏ်ရာကြောင့် ရက်ပေါင်း ၉၀ အတွင်း ကွယ်လွန်သွားခဲ့ပါက (သို့) ပြက္ခဒိန်ပါ ၁၂ လအတွင်း မသန်စွမ်းဖြစ်သွားခဲ့ပါက အောက်ဖော်ပြပါလျော်ကြေးဇယားတွင် ဖော်ပြထားသည့်အတိုင်း သေဆုံးမှု/ မသန်စွမ်းဖြစ်ခြင်းအတွက် လျော်ကြေးငွေကို ပေးအပ်ပါမည်။
ဆေးကုသမှုကုန်ကျစရိတ်များ
အာမခံထားသူမှ ခရီးစဉ်အတွင်း ဒဏ်ရာရရှိမှု သို့မဟုတ် ဖျားနာမှုခံစားရပြီး ဆရာဝန်မှ ဆေးကုသမှုခံယူရန်လိုအပ်သည်ဟု ပြောကြားမှုကြောင့် အမှန်တကယ်ကုန်ကျသည့် ဆေးကုသမှု၊ ခွဲစိတ်မှု သို့မဟုတ် ဆေးရုံစရိတ်များကို ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် Policy Schedule တွင်သတ်မှတ်ထားသည့် ကန့်သတ်ပမာဏထက်မကျော်လွန်ပဲ ရရှိမည်ဖြစ်ပါသည်။
အာမခံထားသူမှ ခရီးစဉ်အတွင်း ဒဏ်ရာရမှု သို့မဟုတ် နာမကျန်းမှုများကြောင့် ခရီးစဉ်အပြီးတွင်ဆေးဝါးကုသမှုများ ဆက်လက်လိုအပ်ပါက အာမခံကာလကုန်ဆုံးရက်မှ ရက်ပေါင်း ၃၀ အထိ ပေးချေရမည့် အမှန်တကယ်ကုန်ကျသည့် ဆေးကုသမှု၊ ခွဲစိတ်မှု သို့မဟုတ် ဆေးရုံစရိတ်များကို အကျိုးခံစားခွင့်ဇယားတွင်သတ်မှတ်ထားသည့် ကန့်သတ်ပမာဏ ထက်မကျော်လွန်ပဲ ကျွန်ုပ်တို့ ပေးချေပါမည်။
ရုပ်ကြွင်းပြန်လည်သယ်ယူခြင်း
ခရီးသွားစဉ် ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် နာမကျန်းမှုတစ်ခုကြောင့် သေဆုံးသွားပါက၊ ၎င်း၏အသက်မဲ့ခန္ဓာ သို့မဟုတ် မီးသဂြိုလ်ပြီးကြွင်းကျန်သောပြာအား နေအိမ်သို့လွှဲပြောင်းခြင်း သို့မဟုတ် ပြန်လည်သယ်ယူခြင်းအတွက် ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် Policy Schedule တွင်သတ်မှတ်ထားသည့် ကန့်သတ်ပမာဏထက်မကျော်လွန်သော အမှန်တကယ် ကုန်ကျစရိတ်များကို ရရှိမည်ဖြစ်သည်။

အပိုအကာအကွယ်များ

1. ကူးစက်မြန်ရောဂါအပိုအကာအကွယ် (ကိုဗစ်-၁၉ အပါအဝင်)
ခရီးစဉ်အတွင်း COVID-19 သို့မဟုတ် ကူးစက်မြန်ရောဂါတစ်ခုခုကူးစက်မှုကြောင့် ကျသင့်သည့် ဆေးကုသမှုစရိတ်အား ဝယ်ယူထားသော ပက်ကေ့ချ်အလိုက် Policy Schedule တွင်သတ်မှတ်ထားသည့် ကန့်သတ်ပမာဏထက် မကျော်လွန်ပဲ အာမခံထားသူ သို့မဟုတ် ဆေးရုံသို့ ပြန်အမ်းပေးပါမည်။
2. ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း
ခရီးစဉ်အတွင်း အာမခံထားသူ၏ Check-in လုပ်ထားသောခရီးဆောင်အိတ် ခေတ္တပျောက်ဆုံးသွားပါက သို့မဟုတ် ဝန်ဆောင်မှုပေးသူ၏ လွဲမှားစွာစီမံမှုကြောင့် စီစဉ်ထားသောခရီးဆုံး၏ အိတ်ကောက်ပွိုင့်သို့ရောက်ရှိပြီး ခြောက်နာရီအတွင်း အာမခံထားသူထံ ပြန်လည်ပေးအပ် နိုင်ခြင်းမရှိပါက ခြောက်နာရီဆက်တိုက်နှောင့်နှေးကြန့်ကြာမှုတိုင်းအတွက် ငွေကျပ် ၅၀,၀၀၀ ဖြင့် ဝယ်ယူထားသောပက်ကေ့ချ်အလိုက် Policy Schedule တွင် သတ်မှတ်ထားသည့်ပမာဏအထိ ရရှိမည်ဖြစ်သည်။
3. ခရီးဆောင်အိတ်ပျောက်ဆုံး/ပျက်စီးခြင်း
ခရီးစဉ်အတွင်း အာမခံထားသူပိုင်ဆိုင်သော Check-in လုပ်ထားသော အဝတ်သေတ္တာ၊ လက်ဆွဲသေတ္တာနှင့် အလားတူအိတ်များ လက်ပ်တော့ကွန်ပျူတာတစ်လုံးနှင့် မိုဘိုင်းကိရိယာတစ်ခုအပါအဝင် ခရီးဆောင်အိတ် မတော်တဆပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် Policy Schedule ၌ သတ်မှတ်ထားသည့်ပမာဏအထိ ပေးလျော်ပါမည်။ ပစ္စည်းတစ်ခု သို့မဟုတ် တစ်စုံ သို့မဟုတ် ပစ္စည်းအစုံလိုက် အတွက် အများဆုံးပေးချေမည့်ငွေမှာ မြန်မာကျပ် ၂၀၀,၀၀၀ ဖြစ်သည်။ ခရီးစဉ်တစ်ခုလျှင် အများဆုံး လက်ပ်တော့ ကွန်ပျူတာတစ်လုံးနှင့် မိုဘိုင်းကိရိယာတစ်လုံးကိုသာ လျော်ကြေးပေးအပ်ပါမည်။
4. လေယာဥ်ချိန်နှောင့်နှေးကြန့်ကြာခြင်း
အာမခံထားသူ၏ လေယာဉ်ခရီးစဉ်သည် ဆိုးရွားသောရာသီဥတုအခြေအနေ သို့ သဘာဝဘေးအန္တရာယ် သို့ ခရီးသည်တစ်ဦးဦး အတွက် အရေးပေါ်ဆေးကုသမှု သို့ လေယာဉ်၏ စက်ပိုင်းဆိုင်ရာပျက်စီးမှု တခုခု‌ကြောင့် နှောင့်နှေးပါက ခြောက်နာရီဆက်တိုက် ကြန့်ကြာမှု ပထမအကြိမ်အတွက် ကျပ် ၅၀,၀၀၀၊ ထို့ထက်ပို၍ နောက်ကျပါက ခြောက်နာရီဆက်တိုက် ကြန့်ကြာမှုတိုင်းအတွက် ငွေကျပ် ၁၀၀,၀၀၀ ဖြင့် ဝယ်ယူထားသောပက်ကေ့ချ်အလိုက် Policy Schedule ၌ သတ်မှတ်ထားသောပမာဏအထိ လျော်ကြေးပေးမည်ဖြစ်ပါသည်။ ကြန့်ကြာမှုအချိန်ကာလကို စီစဉ်ထားသောခရီးဆုံးသို့ မူလသတ်မှတ်ထားသည့် ဆိုက်‌ရောက်ရမည့်အချိန်မှ အမှန်တကယ်ဆိုက်ရောက် သည့်အချိန်အထိကို တွက်ချက်မည်ဖြစ်ပါသည်။
5. ခရီးစဥ်ဖျက်သိမ်းခြင်း
အာမခံထားသူမှ ပေးဆောင်ထားပြီး အသုံးမပြုလိုက်ရသော ခရီးစရိတ်၊ တည်းခိုခ စရံငွေများ သို့မဟုတ် အာမခံထားသူ တရားဝင်ပေးဆောင်ရမည့် ငွေပေးချေမှုများနှင့် အခြားအရင်းအမြစ်မှ ပြန်လည်ရယူ၍မရနိုင်သည့် အမှန်တကယ် ကုန်ကျငွေများအား Policy Schedule ၌ သတ်မှတ်ထားသည့်ပမာဏအထိ ပေးအပ်ပါမည်။ အာမခံရယူပြီးနောက်နှင့် ခရီးစဉ်စီစဉ်ပြီးနောက် မထင်မှတ်ဘဲ ဖြစ်ပွားလာသော အောက်ပါအချက်များကြောင့် ခရီးစဉ်မစတင်မီ ရက်ပေါင်း ၃၀ အတွင်း မလွှဲမရှောင်သာ ဖျက်သိမ်းလိုက်ရခြင်းဖြစ်ရမည်။
အာမခံထားသူ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်တစ်ဦးဦး သေဆုံးခြင်း၊ ပြင်းထန်သောဒဏ်ရာ သို့မဟုတ် ပြင်းထန်သောနာမကျန်းမှုဖြစ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ရရှိထားသော စစ်ဆေးရေး စင်တာများတွင် COVID-19 ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိရခြင်း။
အာမခံထားသူအား မြန်မာနိုင်ငံတရားရုံးတွင် သက်သေအဖြစ် ဆင့်ခေါ်ခြင်း။
ဖောက်ထွင်းမှု၊ မီး၊ ရေကြီးမှု၊ တိုင်ဖွန်း၊ မြေငလျင် သို့မဟုတ် မြေပြိုမှုတို့ကြောင့် အာမခံထားသူ၏ မြန်မာနိုင်ငံတွင်းရှိ နေအိမ် သို့မဟုတ် လုပ်ငန်းနေရာ အပြင်းအထန်ပျက်စီးခြင်း သို့မဟုတ် နေထိုင်ရန်သင့်လျော်မှုမရှိခြင်း။
အာမခံထားသူ စီစဉ်ထားသည့် ခရီးစဉ်အဆုံးနေရာ၌ မမျှော်လင့်ထားသော သပိတ်မှောက်မှု၊ အလုပ်သမားအလုပ်ရှင်၊ အဓိကရုဏ်းများ၊ လူထုအုံကြွမှုများ ဖြစ်ပွားသဖြင့် ခရီးစဉ်စတင်ရန်ဖျက်သိမ်းရခြင်း။
အာမခံထားသူ စီစဉ်ထားသည့် ခရီးစဉ်အဆုံးသတ်မည့်နေရာ၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားသဖြင့် ခရီးစဉ် ဖျက်သိမ်းရခြင်း။
အာမခံထားသူ ခရီးသွားရာ၌ အသုံးပြုရမည့် လေဆိပ် သို့မဟုတ် လေပိုင်နက် ပိတ်ခြင်း။
6. ကိုယ်ရေးကိုယ်တာပေးလျော်ရန်တာဝန်ရှိမှု
အာမခံထားသူတစ်ဦးချင်းစီ၏ ပယောဂကြောင့် ခရီးစဉ်ကာလအတွင်းဖြစ်ပေါ်သည့် တရားဥပ‌ဒေအရ ပေးလျော်ရန် တာဝန်ရှိသော အောက်ဖော်ပြပါ မတော်တဆမှုများအတွက် ပကတိတန်ဖိုးပမာဏမှ နုတ်ယူစရာရှိသည်တို့ကို နုတ်ယူပြီးနောက် Policy Schedule ၌ သတ်မှတ်ထားသည့်အတိုင်း ပေးလျော်ပါမည်။
အခြားသူတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ်
အခြားသူပိုင်ပစ္စည်း ဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း အတွက် အာမခံထားသူမှ ကျပ် ၂,၅၀၀,၀၀၀ ပေးလျော်ပြီးနောက် ကျန်ရှိသည့်တန်ဖိုး

Insurance Eligibility

အာမခံထားခွင့်ရှိသူ

ပြည်တွင်း၊ ပြည်ပခရီးစဉ်ကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးငှားယာဉ်ဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ (နိုင်ငံခြားသားများအပါအဝင်)၊ အများပြည်သူသုံးအဝေးပြေးယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ (နိုင်ငံခြားသားများအပါအဝင်)။ အသက် တစ်လသားအထက်မှ ၇၀ နှစ်အထိ ဝယ်ယူရရှိနိုင်ပါသည်။

Document Download

Policy Wording ENG version Travel Protect Insurance (PDF)
Policy Wording MM version Travel Protect Insurance (PDF)
Proposal Form Travel Protect Insurance (PDF)

Related Products

Personal Lines Insurance

Health Insurance

လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။

Personal Lines Insurance

Personal Accident Insurance

သင်မမျှော်လင့်ထားဆုံး အချိန်တွင် မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။ မတော်တဆ ထိခိုက်မှုများ သို့မဟုတ် မတော်တဆမှုများအတွက် မိမိကိုယ်တိုင်နှင့် လူကြီးမင်းတို့၏ ချစ်ရသူများအား ကာကွယ်လိုက်ပါ။

Embark on Your Journey with confidence—Our Protection has you covered! Whether it’s a round trip or one-way adventure, starting or ending in Myanmar, we ensure peace of mind every step of the way.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment