Contractors’ All Risks/
Erection All Risks Insurance

KBZMS သည် ဆောက်လုပ်ရေးနှင့် တည်ဆောက်ခြင်း အဆင့်များအတွင်း သယ်ယူပို့ဆောင်ရေး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အန္တရာယ်များအတွက် အထူးအာမခံဖြေရှင်းချက်များအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

Product Highlights

ကန်ထရိုက်တာအလုံးစုံအန္တရာယ်/တည်ဆောက်တပ်ဆင်မှုအလုံးစုံအန္တရာယ်အာမခံသည် ငွေကြေးဆုံးရှုံးမှုတို့အတွက် အောက်ပါအကာအကွယ်များဖြင့် အကာအကွယ် ပေးပါသည်။

ပစ္စည်းထိခိုက်ပျက်စီးခြင်း

ဆောက်လုပ်ရေး သို့မဟုတ် ပြုပြင်ရေးစီမံကိန်းများအတွင်း အာမခံထားသော ပစ္စည်းများ ရုတ်တရက် မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးခြင်းများကို ဖွဲ့စည်းတည်ဆောက်မှု နှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများအတွက် အကာအကွယ်ပေးသည်။

လျှပ်စစ်ပိုင်းဆိုင်ရာ နှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်းတို့အတွက် အကာအကွယ်များ ပါဝင်ပါသည်။

switchgear တပ်ဆင်ခြင်း၊ ကုန်ထုတ်လုပ်သည့်စက်များ တည်ဆောက်တပ်ဆင်ခြင်း၊ ဓာတ်အားပေးစက်ရုံစက်ယန္တရားများနှင့် အစရှိသဖြင့်ပါဝင်သည်။

Asian two business man construction engineers supervising progress of construction project at construction site.

သူတစ်ပါးသို့ပေးလျော်ရန်တာဝန်ရှိမှု

ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်စပ်၍ သူတစ်ပါး၏ မတော်တဆကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သို့မဟုတ် သူတစ်ပါး၏ပစ္စည်းများ ရုပ်ပိုင်းဆိုင်ရာဆုံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် ဥပဒေအရပေးလျော်ရန်တာဝန်ရှိမှုများကို အကာအကွယ်ပေးပါသည်။

ပရီမီယံနှုန်း

ပရီမီယံနှုန်းကို အောက်ပါအချက်များအပေါ် အခြေခံ၍ သတ်မှတ်ပါသည်။

လုပ်ငန်းတည်နေရာ နှင့် ဆိုက်လုပ်ငန်းခွင်အစီအစဉ်

စာချုပ်သက်တမ်း

စီမံကိန်းလုပ်ငန်း၏လုပ်ဆောင်မှုအတိုင်းအတာ

လုံခြုံရေးစီမံခန့်ခွဲမှု

အန္တရာယ်အကဲဖြတ်ချက်အစီရင်ခံစာ

စာချုပ်တန်ဖိုး

လွန်ခဲ့သော ၃ နှစ်အတွင်း လျော်ကြေးအတွေ့အကြုံအသေးစိတ် အစရှိသဖြင့်

Coverage & Benefits

အကာအကွယ်ပေးသည်မှာ

Insurance Eligibility

အာမခံထားနိုင်သော အရာများ

ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ

ဖွဲ့စည်းတည်ဆောက်မှု နှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများ – အဆောက်အဦ နှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်း စီမံကိန်းများအပါအဝင် ဖွဲ့စည်းတည်ဆောက်မှုအစိတ်အပိုင်းများ နှင့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းလုပ်ဆောင်မှုများ

တည်ဆောက်တပ်ဆင်မှုအလုံးစုံအန္တရာယ်အာမခံ

လျှပ်စစ်ပိုင်းဆိုင်ရာ နှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်း – switchgear တပ်ဆင်ခြင်း၊ ဆိုလာ panel များ တပ်ဆင်ခြင်း နှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်းကဲ့သို့သော လျှပ်စစ်ပိုင်းဆိုင်ရာ နှင့် စက်ပိုင်းဆိုင်ရာပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆက်စပ်နေသော အန္တရာယ်များအတွက် အကာအကွယ်ပေးပါသည်။

အာမခံထားနိုင်ခွင့်ရှိသူ

လုပ်ငန်းပိုင်ရှင်

ကန်ထရိုက်တာ/လက်ခွဲကန်ထရိုက်တာ

အကြံပေးအင်ဂျင်နီယာများ

အာမခံသက်တမ်း

စာချုပ်တွင် သတ်မှတ်ထားသည့်အတိုင်း တပ်ဆင်မှုအဆင့် နှင့် ပြုပြင်ထိန်းသိမ်းမှုကာလတို့ အပါအဝင် စာချုပ်သက်တမ်းကာလတစ်ခုလုံးကို အကာအကွယ်ပေးပါသည်။

Document Download

Proposal Contractors’ All Risks (CAR) Insurance (PDF)

Proposal Erection All Risks (EAR) Insurance (PDF)

Brochure Contractors’ & Erection All Risks (CAR & EAR) Insurance (PDF)

Related Products

Commercial Lines Insurance

Industrial All Risks Insurance (IAR)

မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။

Personal Lines Insurance

မီးနှင့်အပိုအန္တရာယ်အကာအကွယ်အာမခံ

KBZMS ၏ မီးအာမခံဖြင့် မထင်မှတ်ထားသော ဘေးဆိုးများမှ လူကြီးမင်း၏ တန်ဖိုးကြီးသော ပစ္စည်းများကို ကာကွယ်ပါ။

Commercial Lines Insurance

Bailee’s Liability Insurance

KBZMS ၏ မီးအာမခံဖြင့် မထင်မှတ်ထားသော ဘေးဆိုးများမှ လူကြီးမင်း၏ တန်ဖိုးကြီးသော ပစ္စည်းများကို ကာကွယ်ပါ။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.