Industrial All Risks Insurance
မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။
Product Highlights
အာမခံသက်တမ်း
အခြေခံအားဖြင့် ၁နှစ် (ပေါ်လစီသက်တမ်းမကုန်မီ နှစ်စဉ်သက်တမ်းထပ်မံ တိုးနိုင်ပါသည်)
အာမခံနှုန်းထားများ
အန္တရာယ်ရှိနိုင်သော တည်နေရာ၊ လုပ်ငန်းသဘောသဘာဝ၊ လုံခြုံရေးစီမံခန့်ခွဲမှု၊ မီးငြှိမ်းသတ်ရေးစနစ် တည်ဆောက်ထားမှု စသည်တို့အပေါ်မူတည်ကာ ထည့်သွင်းစဉ်းစားမည် ဖြစ်ပါသည်။
ပရီမီယံသတ်မှတ်ချက်အရ နှုန်းထားများသည် နေထိုင်မှုပုံစံ၊ ဆောက်လုပ်ရေးအမျိုးအစား၊ ပိုင်ဆိုင်မှု ပုံစံရေးဆွဲမှု၊ မီးဘေးကာကွယ်ရေး ပစ္စည်းများနှင့် လုံခြုံရေးအစီအမံများ၊ လွန်ခဲ့သော ၃နှစ်အတွင်း အသေးစိတ် လျော်ကြေးအတွေ့အကြုံများ၊ risk assessment report (ရှိပါက) နှင့် အာမခံတန်ဖိုး ခွဲခြားစိတ်ဖြာမှုတို့အပေါ် မူတည်ပါသည်။
Coverages & Benefits
အာမခံအကာအကွယ်များနှင့်အကျိုးခံစားခွင့်များ
မီး၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှု၊ လေယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း၊ ခိုးယူမှု (အကြမ်းဖက်မှုနှင့် သို့မဟုတ် အတင်းအကြပ် ဝင်ရောက်မှုသာ)၊ လေပြင်းမုန်တိုင်း၊ ဟာရီကိန်း၊ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ရေကြီးရေလျှံခြင်း၊ ငလျှင်လှုပ်ခြင်း စသဖြင့်…
အပိုအကာအကွယ်
လုပ်ငန်းပြတ်တောက်ခြင်း- ပျက်စီးဆုံးရှုံးမှုအပိုင်း ၁ တွင် ဆက်စပ်သော (၁) လစာ (၂) စုစုပေါင်းအမြတ်ငွေ စသဖြင့်ကဲ့သို့ လုပ်ငန်းပိုင်ဆိုင်ရာ ဝင်ငွေဆုံးရုံးမှုများအတွက် ပြန်လည်အစားထိုးပေးခြင်း အကာအကွယ်။
Insurance Eligibility
အာမခံထားခွင့်ရှိသူ
အခြေခံအားဖြင့် အဆောက်အဦးပိုင်ရှင်များ၊ လုပ်ငန်းပိုင်ရှင်များ အာမခံထားနိုင်ပါသည်။
Related Products
Commercial Lines Insurance
Contractors’ All Risks/Erection All Risks Insurance(CAR/EAR)
မတော်မတဆဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုများနှင့် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများကိုပါ အကျုံးဝင်သည့် စက်မှုလုပ်ငန်းအလုံးစုံ အန္တရာယ်အာမခံ ပေါ်လစီနှင့်အတူ လူကြီးမင်း၏ပိုင်ဆိုင်မှုများအတွက် အကာအကွယ်ကို ရယူခံစားလိုက်ပါ။ ၎င်းတွင် မီးအန္တရာယ်၊ ရေကြီးရေလျှံခြင်း၊ ငလျင် စသည့်အကာအကွယ်များပါဝင်ပါသည်။