Cash in Safe Insurance

ငွေသားလုံခြုံမှု အာမခံအကြောင်း သိချင်လို့ပါ။
အစိုးရဌာနများ၊ သမဝါယမလုပ်ငန်းများ၊ ဘဏ်များ(အစိုးရ၊ပုဂ္ဂလိက)အခြားပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ မိမိလက်ဝယ်ရှိငွေများကို လုပ်ငန်းတည်ရှိရာနေရာတွင် သိမ်းဆည်းထားပြီးသော ငွေများအတွက် ငွေသားလုံခြုံမှုအာမခံ ထားရှိနိုင်ပါသည်။
ငွေသားလုံခြုံမှု အာမခံထားရင် ဘာတွေလိုအပ်ပါသလဲ။
အာမခံထားမည့်သူ မှတ်ပုံတင်မိတ္တူနှင့် အဆိုလွှာဖြည့်ပေးရပါမည်။ Underwrite မှတောင်းခံမည့် စာရွက်များမှာ လုပ်ငန်းလိုင်စင်မိတ္တူ၊ ဘော့ခန်း(Certificate)၊ (သို့) မီးခံသေတ္တာ(Certificate)၊ ဘဏ်ဝန်ထမ်းကဒ်၊ သော့ကိုင်တွေ ဝန်ထမ်းကဒ် များလိုအပ်ပါသည်။
မည်သို့သော အကာအကွယ်များ ရရှိနိုင်ပါသလဲ။
ဖောက်ထွင်းခိုးယူခံရခြင်း၊ လုယက်ခံရခြင်း၊ အတင်းအကြပ်ပြုခြင်းနှင့် အင်အားအသုံးပြုယူဆောင်ခြင်း တို့ကိုအကာအကွယ်ပေးပါသည်။
ပရီမီယံနှုန်းထားများ မည်သို့ပေးရပါသလဲ။
ဖြေ လုပ်ငန်းအမျိုးအစား၊ တည်နေရာနှင့် ထားရှိမှုပုံစံတို့ပေါ် မူတည်ပြီး အာမခံထားငွေမှာ အနည်းဆုံး ဝ.၂% မှ အများဆုံး ၁%အထိ ပေးသွင်းရပါမည်။
အာမခံသက်တမ်းက ဘယ်လောက်တွေ ထားလို့ရပါသလဲ။
အာမခံသက်တမ်းက (၁) နှစ်ဖြစ်ပါသည်။
ငွေသားလုံခြုံမှု အာမခံထားရင် ဘာတွေအကျုံးမဝင်ဘူးလဲ။
မီးလောင်ရင်အကျုံးမဝင်ပါ၊ သော့အတုနဲ့ဖွင့်ရင် အကျုံးမဝင်ပါ။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment