Health Insurance
KBZ MS အာရောဂျံ ကို မည်သူတွေအာမခံထားလို့ရပါသလဲ။
ကျန်းမာရေးအာမခံထားမည်ဆိုလျှင် မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူတိုင်းအာမခံထားရှိနိုင်ပြီး အသက်အတည် ပြုချက်အတွက် မှတ်ပုံတင်လိုအပ်ပါတယ်ရှင်။
အာမခံသက်တမ်းက ဘယ်လောက်လဲ။
ကျန်းမာရေးအာမခံသက်တမ်းကို (၁) နှစ် အာမခံထားရှိနိုင်ပါတယ်ရှင်။
KBZMS အာရောဂျံက ဘာတွေ အကာအကွယ်ရပါသလဲ။
ကျန်းမာရေးအာမခံတွင် အကာအကွယ်များအနေဖြင့် ခွဲစိတ်ကုသမှု၊ သေဆုံးခြင်း၊နေ့စဉ်ဆေးရုံစရိတ်၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ဆေးရုံ၊ဆေးခန်းပြသခြင်းနှင့် ပြင်းထန်ရောဂါကုသခြင်းစသည်တို့ကို ဝယ်ယူထားသော Package အလိုက် အကာအကွယ်ပေးပါတယ်ရှင်။
Package တွေက ဘာတွေလဲ။
ကျန်းမာရေးအာမခံတွင် အသင်းအဖွဲ့များအတွက် Corporate Package နှင့်တစ်ဦးတစ်ယောက်ချင်းစီ အတွက် Personal Package နှစ်မျိုးရှိပါတယ်ရှင်။
ပရီမီယံကြေးကို ဘယ်လိုသတ်မှတ်ပါသလဲ။
အသက်အရွယ်အလိုက် ပရီမီယံနှုန်းထား သတ်မှတ်ထားပါတယ်ရှင်။
ပရီမီယံ ကိုဘယ်လိုပေးသွင်းရပါမလဲ။
ပရီမီယံပေးသွင်းရာတွင် အသင်းအဖွဲ့အတွက်ဆိုပါက လစဉ် (၁) လ၊ (၃) လ၊ (၆) လ၊ (၁) နှစ်အချိုးကျပေးသွင်းလို့ရပါတယ်ရှင်။တစ်ဦးတစ်ယောက်ချင်းစီအတွက်ဆိုပါက (၆) လ၊ (၁) နှစ်အချိုးကျပေးသွင်းလို့ရပါတယ်ရှင်။