Inland Marine Cargo Insurance
- ပြည်တွင်း၌ ကုန်ပစ္စည်းများတစ်နေရာမှ တစ်နေရာသို့သယ်ယူသည့်ခရီးစဉ် တစ်ခေါက်အတွက် အကာအကွယ်ပေးသောအာမခံ ဖြစ်ပါသည်။
- လုံးဝဆုံးရှုံးမှုဖြစ်ခြင်း(Total Loss Only-T.L.O)ကိုသာ ပေးလျော်မည်ဖြစ်ပြီး တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံမှုကို ပေးလျော်မည်မဟုတ်ပါ။
- ရေကြောင်းကုန်စည်အာမခံ (Marine Cargo Insurance)
- မြစ်တွင်းရေကြောင်းကုန်စည်အာမခံ(by Steamer)
- ကန်းရိုးတန်းရေကြောင်းကုန်စည်အာမခံ(by Coastal)
- ကုန်းလမ်းကုန်စည်အာမခံ(Inland Transit Cargo Insurance)
အဆိုလွှာ
- ရေယာဉ်/မော်တော်ယာဉ်လိုင်စင်မိတ္တူ
- ကုန်စည်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူနှင့်
- ကုန်ပစ္စည်းတန်ဖိုးစာရင်းများ လိုအပ်ပါသည်။
စစ်နှင့်စစ်အသွင်အကာအကွယ် ၊သပိတ် ၊အဓိကရုဏ်း၊ လူထုအုံကြွမှု၊ ဆိပ်ကမ်း ရက်လွန်ကြေး တို့ဖြစ်ပါသည်။
အထွေထွေကုန်စည်များအတွက် မြစ်တွင်းနှင့်ကုန်းလမ်းပို့ဆောင်ရေးတို့တွင်0.14%ဖြစ်ပြီး ကမ်းရိုးတန်းပို့ ဆောင်ရေးတွင်နွေရာသီအတွက်0.28%နှင့်မိုးရာသီအတွက်(မေ၁ရက်နေ့မှအောက်တိုဘာ၁၅ရက်နေ့ အထိ) 0.56% ဖြစ်ပါသည်။ ရေနံဆီ၊ဓာတ်ဆီ၊ဒီဇယ်ဆီ၊ဓာတ်ငွေ့အတွက် မြစ်တွင်းနှင့််ကုန်းလမ်းပို့ဆောင်ရေးတို့တွင်0.28%ဖြစ်ပြီး ကမ်းရိုးတန်းပို့ဆောင်ရေးတွင်နွေရာသီအတွက်0.42%ဖြစ်ပြီးမိုးရာသီအတွက်0.84%ဖြစ်ပါသည်။ဆိပ်ကမ်းရက်လွန်ကြေးအတွက် အခြေခံပရီမီယံ၏10%ဖြစ်ပါသည်။
ကုန်ပစ္စည်းများသယ်ဆောင်သည့်ယာဉ်သည် သဘာဝဘေးအန္တရာယ်ကြုံ၍သော်လည်းကောင်း၊မတော်တ ဆထိခိုက်မိခိုက်မိ၍သော်လည်းကောင်း၊မီးလောင်၍သော်လည်းကောင်း၊သယ်ယူပို့ဆောင်သည့်ယာဉ် လုံးဝ ဆုံးရှုံးသွား၍ပျက်စီးသွားသည့်ကုန်ပစ္စည်းတန်ဖိုးကို ပေးလျော်ပါသည်။ ထို့အပြင်ယာဉ်လုံးဝဆုံးရှုံးမှုမှ ကင်းဝေးအောင်ဆောင်ရွက်ရသည့်စရိတ်များ၊အလုပ်သမားခများကိုပေးလျော် ရန်တာဝန်ယူပါသည်။
- အဆိုလွှာ
- မော်တော်ယာဉ်လိုင်စင်မိတ္တူ
- ယာဉ်မောင်းလိုင်စင်မိတ္တူ
- ကုန်စည်ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ
- ကုန်ပစ္စည်းတန်းဖိုးစာရင်းများ လိုအပ်ပါသည်။