Marine Hull Insurance

ရေယာဉ် ကိုယ်ထည်အာမခံ ဆိုတာ ဘာကိုပြောတာလဲ။
မိမိတို့ရေယာဉ် များကို မမျှော်လင့်သော ဘသာဝဘေးအန္တရယ်ကြောင့်ထိခိုက်ပျက်စီးမှုများကို ကာကွယ်မှုရှိစေရန်အတွက် ထားရှိခြင်းဖြစ်ပါသည်။
ဘာတွေ အာမခံအကာအကွယ်ရရှိပါသလဲ။
အလုံးစုံ အန္တရယ် အာမခံအကာအကွယ် (All Risk) – လုံးဝဆုံးရှုံးမှုအကာအကွယ် (Total Loss Only) -မီးလောင်ပေါက်ကွဲခြင်း။ -သဘောၤပြင်ပမှ ပစ်ချခြင်း။ -ပင်လယ်ဓားပြ -နျူကလီးယား အဆောက်အဦး သို့ အနုမြူဓတ်ပေါင်းဖို မတော်မဆချို့ယွင်းပျက်စီးမှု -လေယာဉ် သို့ အလားတူ အရာများနှင့် ထိခိုက်မိခြင်း၊ အပေါ်မှ ကျလာသောအရာများနှင့်ထိခိုက်မိခြင်း၊ သဘောၤကျင်း သို့ ဆိပ်ကမ်းမှပစ္စည်းကိရိယာများနှင့် တိုက်မိခြင်း။ -ငလျင်လှုပ်ခြင်း၊မိုးကြိုးပစ်ခြင်း၊ပေါက်ကွဲခြင်း။ -ကုန်တင်ကုန်ချခြင်း၊ ကုန်များပြောင်းခြင်းကြောင့်ထိခိုက်ပျက်စီးခြင်း။ – ဘွိုင်လာများပေါက်ကွဲခြင်း၊ကျိုးကျခြင်းနှင့် စက်နှင့်ရေယာဉ်ကိုယ်ထည် တည်ဆောက်မှု မှားယွင်းခြင်းကြေင့် ပျက်စီးခြင်း။ – သဘောၤသား၊ အရာရှိများပေါ့ဆမှားယွင်းမှုများကြောင့် ပျက်စီးခြင်း။ – ငှားရမ်း အသုံးပြုသူများ သို့ ပြင်ဆင်သူများ၏ ပေါ့ဆမှုကြောင့် ပျက်စီးခြင်း။ – သဘောၤအရာရှိ သဘောၤသားများ ပုန်ကန်လျက် သဘောၤအပိုင်စီးမှုကြောင့်ပျက်စီးမှုများ။ အားလုံးသော အကြောင်းအရာများတွင် သဘောၤပိုင်ရှင်၏ ပေါ့ဆမှုမပါစေရ။ ၃။(မေး) ဘယ်သူတွေအာမခံထားနိုင်သလဲ။
ဘယ်သူတွေအာမခံထားနိုင်သလဲ။
ရေယာဉ်ပိုင်ရှင် ၊ အဖွဲ့အစည်း၊ ရေယာဉ်ကိုယ်ထည် ကိုငှားရမ်းသုံးစွဲသူ၊အဖွဲ့အစည်းများ ထားလို့ရပါသည်။
အာမခံ ဘယ်လောက်ထားလို့ရပါသလဲ။
ခရီးစဉ်တစ်ခေါက် (သို့) တစ်နှစ် အာမခံထားရှိလို့ရပါသည်။
အပိုအကာအကွယ် ထပ်မံ ဝယ်ယူလို့ရပါသလား။
ဝယ်ယူလို့ရပါတယ်ရှင့်။ War, Strike, Malicious acts and Nuclear Exclusion စတဲ့ အပိုအကာအကွယ်များထပ်မံ ဝယ် ယူနိုင်ပါသည်။ ကျသင့်ပရီမီယံ၏ 0.5%နှင့် ထပ်မံ ကောက်ခံပါမည်။
ပရီမီယံ ဘယ်လောက်ပေးသွင်းရပါမလဲ။
ဝယ်ယူမည့် သက်တမ်းနှင့်တွက်ချက်၍ အကာအကွယ် အလိုက် သတ်မှတ်ထားသော Rating ဇယားအတိုင်း ကောက်ခံပါမည်ရှင့်။ တံဆိပ်ခေါင်းတန်ဖိုးပါ တွက်ချက်ပါသည်။
ဘာတွေ အကျိုးခံစားခွင့် ရရှိနိုင်ပါသလဲ။
လူကြီးမင်းတို့ ဝယ်ယူထားသော အာမခံအမျိုးအစားအလိုက် ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ် အခြေခံ၍ အကျိုးခံစားခွင့်များရရှိနိုင် ပါသည်။
အာမခံထားမည် ဆိုလျှင်ဘာတွေလိုအပ်ပါသလဲ။
အဆိုလွှာဖြည့်စွက်ရပါမည်။ ရေယာဉ်တန်းဖိုး အထောက်အထား (ရာဖြတ်အစီရင်ခံစာ) ရေယာဉ်ဓတ်ပုံ (ရှေ့နောက် ဝဲယာ အင်ဂျင်ခန်း) ရေယာဉ် လိုင်စင်မိတ္တူ သက်တမ်းအကျုံးဝင်ရေယာဉ် ပို့ဆောင်ခွင့်လိုင်စင်မိတ္တူ သက်တမ်းအကျုံးဝင် လုပ်ငန်းလိုင်စင်မိတ္တူ Load Line Certificate ရေယာဉ်မှူး၏ လိုင်စင်မိတ္တူ/ ကိုယ်ရေးရာဇဝင်ကျဉ်းချုပ် စက်ခန်းအုပ်လိုင်စင်မိတ္တူ မျက်မြင်စစ်ဆေးချက်အစီရင်ခံစာ တို့လိုအပ်ပါတယ်ရှင့်။
ရေယာဉ်ကိုယ်ထည် အာမခံကို KBZMS ရုံးခွဲတိုင်းမှာဝယ်လို့ရပါသလား။
ဝယ်လို့ရပါတယ်ရှင့်။ KBZMS ရုံးများသို့ တိုက်ရိုက်လာ၍ဖြစ်စေ ၊ အာမခံကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ဝယ်ယူနိုင်ပါသည်။
လျော်ကြေးဖြစ်ပြီဆိုမည်သို့ ဆောင်ရွက်ရမည်နည်း။
လျော်ကြေးတစ်စုံတစ်ရာဖြစ်ပြီ ဆိုပါက KBZMS Call Centre သို့ချက်ချင်းအကြောင်းကြားပေးရပါမယ်ရှင့်။ သက်ဆိုင်ရာ Claims အဖွဲ့မှချက်ချင်း ပြန်လည် ဆက်သွယ်ပေးပါမယ်ရှင့်။

Personal Lines
Insurance

Commercial Lines 

Insurance

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment