Travel Insurance

ကျွန်ုပ်တို့၏ပြည်တွင်း/ပြည်ပခရီးသွားအာမခံ၊ မိုင် (၁၀၀) အောက် ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံတို့ဖြင့် စိတ်ပူပင်စရာ ကင်းမဲ့သော ခရီးစဉ်တစ်ခုကို ဖြတ်သန်းလိုက်ပါ။ မမျှော်လင့်ထားသော ခရီးသွားပြဿနာများမှ အကာအကွယ်ရယူကာ အသိပညာဗဟုသုတများဖြင့် စတိုင်လ်ကျကျ ခရီးသွားလိုက်ပါ။

Product Highlights

ဝယ်ယူနိုင်သော ခရီးသွားအာမခံအမျိုးအစားများ

မိုင် (၁၀၀) အောက် ခရီးသည်များသယ်ယူပို့ဆောင်သည့် မော်တော်ယာဉ်လိုင်းများ (ခရီးတစ်ခေါက်) ခရီးသွားအာမခံ
မိုင် (၁၀၀) အထက် အထူးခရီးသွားအာမခံ
ပြည်တွင်းခရီးစဉ်များ ခရီးသွားအာမခံ

ပြည်ပခရီးစဉ်များ ခရီးသွားအာမခံ

အာမခံသက်တမ်း

မိုင် (၁၀၀)အောက် ခရီးသွားအာမခံ
ခရီးစဉ်အစ မှ အဆုံးအထိ
မိုင် (၁၀၀)အထက် အထူးခရီးသွားအာမခံ
ခရီးစဉ်အစ မှ အဆုံးအထိ
ပြည်တွင်းခရီးစဉ်များ ခရီးသွားအာမခံ
နေ့ချင်းပြန် (၁) ရက်ခရီးမှ အများဆုံး (၃)လ ခရီးအထိ
ပြည်ပခရီးစဉ်များ ခရီးသွားအာမခံ
နေ့ချင်းပြန် (၁) ရက်ခရီးမှ အများဆုံး (၃)လ ခရီးအထိ

အာမခံထားငွေ

မိုင် (၁၀၀)အောက် အာမခံထားငွေ (၁)ယူနစ်အတွက် ကျပ်သိန်း (၂၀)
မိုင် (၁၀၀)အထက် အာမခံထားငွေ (၁)ယူနစ် ကျပ်သိန်း (၃၀) မှ အများဆုံး (၂)ယူနစ် ကျပ်သိန်း (၆၀) အထိ
ပြည်တွင်းခရီးစဉ်များအတွက် (၁)ယူနစ် ကျပ် (၅)သိန်း မှ အများဆုံး (၂၀)ယူနစ် ကျပ်သိန်း (၁၀၀)အထိ
ပြည်ပခရီးစဉ်များအတွက် (၁)ယူနစ် ကျပ် (၅)သိန်း မှ အများဆုံး (၂၀)ယူနစ် ကျပ်သိန်း (၁၀၀)အထိ

အာမခံနှုန်းထားများ

Coverage & Benefits

Coverages

ခရီးစဉ်အတွင်း အာမခံလက်မှတ်ဝယ်ယူပြီး စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများ ယာဉ်မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများအတွက် အကာအကွယ်ပေးပါသည်။

အကျိုးခံစားခွင့်များ

အာမခံထားသူသည် စီးနင်းလိုက်ပါသည့် ယာဉ်ကြောင့်ဖြစ်စေ၊ အာမခံထားသူ၏ မတော်တဆဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်း ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများအတွက် အောက်ပါအတိုင်း အကျိုးခံစားခွင့်များကို ရရှိခံစားမည်ဖြစ်ပါသည်။ အကျိုးခံစားခွင့်စုစုပေါင်းသည် အာမခံထားငွေထက် မကျော်လွန်စေရပါ။
အသက်ဆုံးရှုံးမှုဖြစ်ခြင်း
မတော်တဆဖြစ်ရပ်များကြောင့် အာမခံထားသူသေဆုံးလျှင် အာမခံထားငွေကို အကျိုးခံစားခွင့်လွှဲပြောင်းပေးသူထံသို့ တစ်လုံးတည်းတစ်ခဲတည်း ထုတ်ပေးပါမည်။
ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ထာဝစဥ်မသန်စွမ်းဖြစ်ခြင်း
အာမခံထားသူသည် မတော်တဆဖြစ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ထာဝစဥ်မသန်စွမ်းဖြစ်လျှင် ဆရာဝန်၏ ထောက်ခံချက်/ဆေးစာ ပေါ်မူတည်၍ ရာခိုင်နှုန်းအချိုးအစားအလိုက် အောက်ပါဇယားအတိုင်း ပေးလျော်ပါမည်။
ဆေးရုံတက်၍ ဆေးကုသမှုခံယူရခြင်း
မိုင် (၁၀၀)အောက် ခရီးသွားအာမခံ
အာမခံထားသူသည် မတော်တဆမှုကြောင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပါက ယင်းသို့ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူရသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၃၂၀၀ နှုန်းဖြင့် ရက်သတ္တတစ်ပတ် (၅၂) ပတ်ထိခံစားခွင့်ရှိသည်။
ထို့ပြင် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီးသော်လည်း အလုပ်ပြန်လည်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၃၂၀၀ နှုန်းဖြင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူခဲ့ရသည့်ကာလအပါအဝင် ရက်သတ္တပတ် (၅၂) ပတ်ထိ ခံစားခွင့်ရှိသည်။
မိုင် (၁၀၀)အထက် အထူးခရီးသွားအာမခံ
အာမခံထားသူသည် မတော်တဆမှုကြောင့် ဆေးရုံတက်၍ဆေးဝါးကုသမှုခံယူပါက ယင်းသို့ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူရသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၂၄၀၀ နှုန်းဖြင့် ရက်သတ္တတစ်ပတ် (၅၂) ပတ်ထိ ခံစားခွင့်ရှိသည်။
ထို့ပြင် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီးသော်လည်း အလုပ်ပြန်လည်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၂၄၀၀ နှုန်းဖြင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူခဲ့ရသည့်ကာလအပါအဝင် ရက်သတ္တပတ် (၅၂) ပတ်ထိ ခံစားခွင့်ရှိသည်။
ပြည်တွင်း/ပြည်ပခရီးစဉ်များ ခရီးသွားအာမခံ
အာမခံထားသူသည် မတော်တဆမှုကြောင့် ဆေးရုံတက်၍ဆေးဝါးကုသမှုခံယူပါက ယင်းသို့ဆေးရုံတက်၍ ဆေးဝါးကုသမှု ခံယူရသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၄၀၀၀ နှုန်းဖြင့် ရက်သတ္တတစ်ပတ် (၅၂) ပတ်ထိ ခံစားခွင့်ရှိသည်။
ထို့ပြင် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီးသော်လည်း အလုပ်ပြန်လည်လုပ်ကိုင်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့အပြည့်အဝလုပ်ကိုင်နိုင်ခြင်း မရှိသည့်ကာလအတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ယူနစ် အတွက် ကျပ် ၄၀၀၀ နှုန်းဖြင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူခဲ့ရသည့်ကာလအပါအဝင် ရက်သတ္တပတ် (၅၂) ပတ်ထိ ခံစားခွင့်ရှိသည်။

Insurance Eligibility

အာမခံထားခွင့်ရှိသူ

ပြည်တွင်း၊ ပြည်ပခရီးစဉ်ကို လေယာဉ်၊ ရေယာဉ်၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) စင်းလုံးငှားယာဉ်ဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ (နိုင်ငံခြားသားများအပါအဝင်)၊ အများပြည်သူသုံးယာဉ်လိုင်းများဖြင့် စီးနင်းလိုက်ပါသည့် ခရီးသည်များ (နိုင်ငံခြားသားများအပါအဝင်)။ အသက်အရွယ် ကန့်သတ်ချက် မရှိပါ။

Document Download

Proposal Travel Insurance (PDF)
Brochure Travel Insurance (PDF)
Terms & Conditions Travel Insurance (PDF)

Related Products

Personal Lines Insurance

Health Insurance

လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။

Personal Lines Insurance

Personal Accident Insurance

သင်မမျှော်လင့်ထားဆုံး အချိန်တွင် မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။ မတော်တဆ ထိခိုက်မှုများ သို့မဟုတ် မတော်တဆမှုများအတွက် မိမိကိုယ်တိုင်နှင့် လူကြီးမင်းတို့၏ ချစ်ရသူများအား ကာကွယ်လိုက်ပါ။

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment