Motor Vehicle Insurance

Hit the road with assurance! Our motor insurance not only shields your car from damage but also boosts your confidence, knowing you’re protected from all angles.

Product Highlights

Motor Vehicle  Insurance Policy

ကုန်းလမ်းပို့ဆောင်‌ရေးညွှန်ကြားမှု ဦးစီးဌာန (က.ည.န) တွင် တရားဝင်မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်မှအပ မည်သည့်မော်တော်ယာဥ်နှင့် စက်ယန္တရားများမဆို အာမခံထားရှိနိုင်ပါသည်။ 

အာမခံသက်တမ်း

၃လ ၊ ၆လ ၊ ၉လ ၊ ၁နှစ် သက်တမ်းစသဖြင့် ထားရှိနိုင်ပါသည်။

အာမခံထားငွေ

အာမခံထားသူနှင့် အာမခံလက်ခံသူ နှစ်ဦးသဘောတူသည့် ကာလပေါက်စျေးထက်မပိုသော တန်ဖိုးဖြင့် အာမခံထားရှိနိုင်သည်။

အာမခံနှုန်းထားများ

ယာဥ်အသုံးပြုပုံ၊ ယာဥ်တန်ဖိုး၊ မော်ဒယ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်၊ အင်ဂျင်ပါဝါ၊ လူစီးနိုင်သည့်ထိုင်ခုံအရေအတွက် တို့အပေါ်တွင် မူတည်၍ အနိမ့်ဆုံး ၁.၀၇၂% မှ အမြင့်ဆုံး ၁.၇၃၄% အထိ။

Premium charge (or) Loading Premium

ပေါ်လစီအသစ်နှင့် သက်တမ်းဆက်ပေါ်လစီတို့တွင် အန္တရာယ်ရှိသောနေရာဒေသများတွင် အသုံးပြုမှု၊ လျော်ကြေးတောင်းခံမှုမှတ်တမ်း၊ လျော်ကြေးတောင်းခံမှုအကြိမ်အရေအတွက် နှင့် လျော်ကြေးတောင်းခံသည့်ငွေပမာဏတို့အပေါ် မူတည်၍ premium charge (or) loading premium ကို စုစုပေါင်းပရီမီယံကြေး၏ အများဆုံး ၁၀% အထိ ထပ်တိုးကောက်ခံပါမည်။

သက်တမ်းတိုနှုန်း

အာမခံသက်တမ်းသည် အနည်းဆုံး (၃)လမှ အများဆုံး (၁၂)လအထိ ဖြစ်ပါသည်။ သက်တမ်းတိုအတွက် နှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်သည်-
၃လအထိ
တစ်နှစ်ပရီမီယံ၏ ၃၅%
၃လအထက်နှင့် ၆လ အထိ
တစ်နှစ်ပရီမီယံ၏ ၆၀%
၆လအထက်နှင့် ၉လ အထိ
တစ်နှစ်ပရီမီယံ၏ ၈၅%
၉လအထက်
တစ်နှစ်ပရီမီယံ၏ ၁၀၀%

Coverage & Benefits

အာမခံအကာအကွယ်များ

မတော်တဆတိုက်မိခြင်း သို့မဟုတ် မတော်တဆ တိမ်းမှောက်ခြင်း
တိုက်မိခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းသည် စက်ချို့ယွင်းမှုကြောင့် ဖြစ်ခြင်း
တိုက်မိခြင်း သို့မဟုတ် တိမ်းမှောက်ခြင်းသည် သာမန်အခြေအနေအတွင်း ယိုယွင်းပျက်စီးမှု‌ကြောင့် ဖြစ်ခြင်း
မီးလောင်ခြင်း၊ ပြင်ပပေါက်ကွဲခြင်း၊ ပြင်ပမီးပွား သို့မဟုတ် မီးတောက်ကြောင့် မဟုတ်သော အလိုအလျောက် လောင်ကျွမ်းခြင်း သို့မဟုတ် အတွင်းတွင် လောင်ကျွမ်းခြင်း သို့မဟုတ် လျှပ်စစ်စီးခြင်း/ မိုးကြိုးပစ်၍ လောင်ကျွမ်းခြင်း
အကျိုးဖျက်ဆီးမှု/ မသမာသည့်လုပ်ရပ်
သင်၏မော်တော်ယာဥ်ကို တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်နေစဥ် (အတင်အချပြုလုပ်ခြင်း အပါအဝင်)
လမ်းများ
ရထားလမ်းများ
ကုန်းတွင်းရေလမ်းကြောင်းများ မြစ် သို့မဟုတ် တူးမြောင်းများကိုဖြတ်ကူးခြင်
ရွေ့လျားစက်လှေခါး သို့မဟုတ် ဓာတ်လှေကားဖြင့် သယ်ယူပို့ဆောင်ခြင်း
သဘာဝတရား၏ ဖောက်ပြန်မှုကြောင့်မဟုတ်သော ပစ္စည်းများ အပေါ်မှ ကျရောက်ခြင်းကြောင့် ထိခိုက်ပျက်စီးခြင်း

အပိုအကာအကွယ်များ

ရှေ့လေကာမှန်ပျက်စီးခြင်းအကာအကွယ် (မယူမနေရ)
သပိတ်မှောက်၊ အဓိကရုဏ်း နှင့်/သို့မဟုတ် လူထုအုံကြွခြင်းဆိုင်ရာ အကာအကွယ် (မယူမနေရ)
ခိုးမှုအတွက် အကာအကွယ်
သဘာဝဘေးအကာအကွယ် (ရေကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ စသဖြင့်)
စစ်ဘေးအကာအကွယ်
ပိုမိုကောင်းမွန်လာသောအကာအကွယ်

နုတ်ဖြတ်ငွေ

နုတ်ဖြတ်ငွေဆိုသည်မှာ အာမခံကုမ္ပဏီမှ ပေါ်လစီပါလျော်ကြေးပေါ်ပေါက်ပါက လျော်ကြေးငွေ၏ ပမာဏတစ်ခုကို ကနဦးနုတ်ယူခြင်း ဖြစ်ပြီး ယင်းနုတ်ယူထားသည့်ပမာဏအား အာမခံထားသူ၏ သဘောတူညီချက်အရ ၎င်းထံမှ ထပ်ဆောင်းပရီမီယံအဖြစ် ကောက်ခံထားမှု မရှိခြင်းကို ဆိုသည်။ အကျဥ်းချုပ်တွင် နုတ်ဖြတ်ငွေတန်ဖိုးဖော်ပြထားသည်။ ၎င်းသည် ပေါ်လစီအရ လျော်ကြေးတောင်းဆိုမှု တစ်ခုချင်းစီနှင့် စပ်လျဥ်း၍ သင်ဦးစွာကျခံရမည့် တန်ဖိုးဖြစ်သည်။ သို့သော် နုတ်ဖြတ်ငွေပမာဏသည် “စရိတ်သက်သာသောပြုပြုင်မှုကို ကျော်လွန်သည့်လုံးဝဆုံးရှုံးမှု (BER)” နှင့် “မော်တော်ယာဥ်ပျက်ဆွဲစရိတ်” တို့တွင် အကျိုးသက်ရောက်မှုမရှိပါ။ အကယ်၍ ကျွန်ုပ်တို့က နုတ်ဖြတ်ငွေတန်ဖိုးကို ထပ်မံတိုးမြှင့်လိုခြင်းနှင့် သင်ကလည်း ထပ်မံတိုးမြှင့်လိုပါက သင့်အနေဖြင့် ကျသင့်ပရီမီယံပေါ်မှ လျော့ပေါ့မှုကို ခံစားခွင့်ရှိသည်။ လျော့ပေးမည့်ငွေနှင့် တိုးမြှင့်နုတ်ဖြတ်ငွေတန်ဖိုးကို အောက်ပါဇယားဖြင့် ဖော်ပြပါသည်။

နုတ်ဖြတ်ငွေတန်ဖိုးနှင့် ထပ်ဆောင်း/လျှော့ပေါ့ပရီမီယံဇယား

*ထပ်မံနုတ်ဖြတ်ငွေအား အနည်းဆုံးအာမခံထားငွေကျပ် (၂၀,၀၀၀,၀၀၀) မှစတင်၍ ကျင့်သုံးမည် ဖြစ်သည်။

အကျိုးခံစားခွင့်များ

မော်တော်ယာဥ်ပျက်ဆွဲစရိတ်

ဤပေါ်လစီက တာဝန်ယူထားသော သင်၏မော်တော်ယာဥ်သည် အကယ်၍ ထိခိုက်မှုတစ်ခုခုကြောင့် မောင်းနှင်မရပါက ကျွန်ုပ်တို့ အနေဖြင့် သင့်မော်တော်ယာဥ်ကို ပြင်ဆင်ရန် သို့မဟုတ် ရှင်းလင်းရန် စောင့်ဆိုင်းနေစဥ်အတွင်း အနီးဆုံး ပြင်ဆင်သူ သို့မဟုတ် သိမ်းဆည်းရန် လုံခြုံသည့်နေရာသို့ ‌ရွှေ့ပြောင်းရာတွင် လိုအပ်မည့် ဖြစ်နိုင်ချေရှိသောကုန်ကျစရိတ်ကို အာမခံထားငွေ၌ ထည့်ပေါင်းပြီး ပေးလျော်ရန် တာဝန်ကို အကန့်အသတ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။

သူတစ်ပါးသို့ ပေးလျော်ရန် တာဝန်ရှိမှု

ကိုယ်အင်္ဂါထိခိုက်မှုနှင့်ဆေး၀ါးကုသမှုစရိတ်

လျော်ကြေးမဲ့ဆု

အာမခံသက်တမ်းအတွင်း လျော်ကြေး တောင်းခံမှုမရှိခဲ့လျှင် နောင်နှစ်များတွင် အခြေခံပရီမီယံကြေး၏ ကိုယ်ပိုင်ယာဉ် အများဆုံး ၄၀%ထိနှင့် လုပ်ငန်းသုံးယာဉ်အတွက် အများဆုံး၂၅% အထိလျော့ပေးမည့်ဆုကြေး အဖြစ်ခံစားခွင့်ရှိပါသည်။
လျော်ကြေးမတောင်းဆုကြေးကို အာမခံထားသူကသာ ပိုင်ဆိုင်ပါသည်။ အာမခံထားသည့် ယာဉ်နှင့်အတူ ပါမသွားပါ။
လျော်‌ကြေးမတောင်းဆုကြေးကို အောက်ပါဇယားအတိုင်း သတ်မှတ်ထားပါသည်။

ယာဉ်အုပ်စုအလိုက် အာမခံထားခြင်းအတွက် လျော့ပေးခြင်း

အကယ်၍ အာမခံထားသူတစ်ဦးမှ မော်တော်ယာဥ် (၁၀) စီး၊ (၁၀)စီးနှင့်အထက် တစ်ပြိုင်တည်း အာမခံထားရှိပါက ယာဥ်တစ်စီးခြင်း၏ အခြေခံပရီမီယံပေါ်မှ (၁၀) ရာခိုင်နှုန်းလျှော့၍ ယာဥ်အစုလိုက်ထားခြင်းအတွက် လျှော့နှုန်း (Fleet Discount) အဖြစ်ပေးမည်ဖြစ်ပါသည်။ (ပေါ်လစီအသစ်အတွက်သာ)

Insurance Eligibility

Any vehicle or machinery that is legally registered with the Road Transport Administration Department can be insured.

အာမခံထားနိုင်သော မော်တော်ယာဥ်အမျိုးအစားများ

ကိုယ်ပိုင်ယာဥ်/ လုပ်ငန်းသုံးယာဥ်
ကုန်တင်ယာဥ်/ တွဲပါသော ကုန်တင်ယာဥ်
ဘတ်စ်/ မီနီဘတ်စ်
လုပ်ငန်းသုံး စက်ယန္တရား

Document Download

Proposal Motor Vehicle Insurance (PDF)

Brochure Motor Vehicle Insurance (PDF)

Terms & Conditions Motor Vehicle Insurance (PDF)

Related Products

Personal Lines Insurance

Personal Accident Insurance

သင်မမျှော်လင့်ထားဆုံး အချိန်တွင် မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။ မတော်တဆ ထိခိုက်မှုများ သို့မဟုတ် မတော်တဆမှုများအတွက် မိမိကိုယ်တိုင်နှင့် လူကြီးမင်းတို့၏ ချစ်ရသူများအား ကာကွယ်လိုက်ပါ။

Personal Lines Insurance

Health Insurance

လူကြီးမင်း၏ ကျန်းမာရေးသည် လူကြီးမင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပါသည်။ KBZMS အာရောဂျံ ကျန်းမာရေးအာမခံဖြင့် ဆေးဘက်ဆိုင်ရာနှင့် ခွဲစိတ်မှုကုန်ကျစရိတ်များမှ လူကြီးမင်းနှင့်မိသားစုကို ကာကွယ်လိုက်ပါ။

Personal Lines Insurance

Travel Insurance

ကျွန်ုပ်တို့၏ပြည်တွင်း/ပြည်ပခရီးသွားအာမခံ၊ မိုင် (၁၀၀) အောက် ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံတို့ဖြင့် စိတ်ပူပင်စရာ ကင်းမဲ့သော ခရီးစဉ်တစ်ခုကို ဖြတ်သန်းလိုက်ပါ။ မမျှော်လင့်ထားသော ခရီးသွားပြဿနာများမှ အကာအကွယ်ရယူကာ အသိပညာဗဟုသုတများဖြင့် စတိုင်လ်ကျကျ ခရီးသွားလိုက်ပါ

Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.

Schedule a Free Asessment

Schedule a Free Asessment