KBZMS General Insurance သည် ၂၀၂၆ ခုနှစ်တွင် Insurance Asia မှ ပေးအပ်သည့် အောက်ပါဆုနှစ်ဆုကို ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။
Domestic General Insurer of the Year, Myanmar
ESG Initiative of the Year, Myanmar
Domestic General Insurer of the Year ဆုကို (၇) ကြိမ်မြောက် ဆက်တိုက်ရရှိခြင်းသည် KBZMS အတွက် အလွန်ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ပြီး Customer များ၏ ယုံကြည်မှု၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် KBZMS ၏ “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တန်ဖိုးများအပေါ် အခြေခံ၍ ပေးအပ်လျက်ရှိသော အာမခံဝန်ဆောင်မှုများ၏ အသိအမှတ်ပြုမှုတစ်ရပ်လည်း ဖြစ်ပါသည်။
ထို့အပြင် ESG Initiative of the Year ဆုကို ရရှိခဲ့ခြင်းသည် အာမခံဝန်ဆောင်မှုများပေးအပ်ခြင်းထက် ကျော်လွန်၍ လူမှုအသိုင်းအဝိုင်းများအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖန်တီးနိုင်ရန် KBZMS ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။
ဤအောင်မြင်မှုများသည် Customer များ၏ ယုံကြည်စွာ လက်တွဲမှု၊ ဝန်ထမ်းများ၏ အပ်နှံကြိုးပမ်းမှုနှင့် မိတ်ဖက်များ၏ ပူးပေါင်းပံ့ပိုးမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
KBZMS နှင့်အတူ လက်တွဲပါဝင်ပေးခဲ့ကြသော Customer များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်၍လည်း မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော အာမခံမိတ်ဖက်အဖြစ် Customer များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် တန်ဖိုးရှိသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။