International Finance 2024 ရဲ့ Best General Insurance Provider အဖြစ် KBZMS မှ ရွေးချယ်ခံခဲ့ရပါသည်။

 

မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော အာမခံကုမ္ပဏီအဖြစ် ယခုကဲ့သို့ဂုဏ်ယူစရာဆုကိုရရှိပြီး ဒီနှစ်ကိုအစပြုရတဲ့အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ရပါသည်။

 

ဒီဆုကိုရရှိခြင်းသည် ကျွန်ုပ်တို့လုပ်ဖော်ကိုင်ဖက်များရဲ့ ဇွဲ၊လုံ့လ၊ဝီရိယတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှု၊ ပံ့ပိုးကူညီမှုများကြောင့်ရရှိလာတဲ့ ရလာဒ်တစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Customer များအား ကောင်းမွန်သောဝန်ဆောင်မှုများရရှိစေရေးသည် ကျွန်ုပ်တို့၏စံတန်ဖိုး တစ်ခုဖြစ်သည့်အတွက် ဤအောင်မြင်မှုကိုရရှိခြင်းကို လွန်စွာဂုဏ်ယူမိပါသည်။

 

KBZMS ၏ Chief Operating Officer ဖြစ်သူ Mr. Michita Kijima နှင့် Chief Marketing Officer  ဖြစ်သူ ဒေါ်ယုဝေမောင် တို့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Waldorf Astoria ဟိုတယ်မှာ ကျင်းပခဲ့သည့် “Best General Insurance Provider” ဆုကိုလက်ခံရယူခဲ့ပါသည်။ ထိုဆုချီးမြှင့်ပွဲသို့ နိုင်ငံပေါင်း (၁၆)နိုင်ငံမှ ထိပ်တန်းလုပ်ငန်းခေါင်းဆောင်များစွာ တက်ရောက်ခဲ့ပါသည်။

 

ယခုအောင်မြင်မှုသည် လုပ်ဖော်ကိုင်ဖက်များ၏ လုပ်ငန်းခွင်အပေါ်  စိတ်ရောကိုယ်ပါကြိုးစားအားထုတ်ပေးမှုနှင့်အတူ Customer များ၏ KBZMS အပေါ်ထားရှိသည့် ယုံကြည်မှုများကြောင့်ဖြစ်ပါသည်။ KBZMS ရဲ့ဖြတ်သန်းခဲ့တဲ့ ခရီးစဉ်တစ်လျှောက်မှာ ကျွန်ုပ်တို့နဲ့အမြဲအတူရှိပေးသူများအား ကျေးဇူးအထူးတင်ရှိရပါသည်။ KBZMS မှ Customer များအာ ပိုမိုကောင်းမွန်တဲ့  ဝန်ဆောင်မှုများကိုပေးနိုင်ဖို့အတွက်လည်း အစဉ်အမြဲကြိုးစားနေပါတယ်။