KBZMS All Hands Meeting was held on 2026

မေတ္တာနှင့်လျှောက်လှမ်း ယုံကြည်မှုနှင့်ဖြတ်သန်း (၁၃)နှစ်တာသက်တမ်း

KBZMS General Insurance ၏ တတိယအကြိမ်မြောက် All-Hands Meeting ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့၊ Wyndham Grand Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။

ဝန်ထမ်းများအားလုံးပျော်ရွှင်တက်ကြွစွာဖြင့် All-Hands Meeting ကိုဆင်နွှဲနိုင်ရန်အတွက် Warm Up – One Team Activation လှုပ်ရှားမှုဖြင့်စတင်ခဲ့ပြီး KBZMS CEO ဦးစိုင်းလူမွန်အောင်မှ စိန်ခေါ်မှုများမှ အောင်မြင်မှုများစွာရရှိခဲ့သည်ကို ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုခြင်းနှင့်အတူ ရှေ့ဆက်သောခရီးစဉ်များအတွက် ONE Team, ONE Direction, ONE Bold Future ဖြင့်အတူကြိုးစားမည်ဖြစ်ကြောင်းကိုပြောကြားခဲ့ပါသည်။

ဦးရွှေလမင်း(Retail Partners Channel)၊ ဒေါ်ချောစုစုအောင်(Underwriting)၊ ဦးကျော်ဇင်ဟန် (Customer Experience & Marketing)၊ ဒေါ်ထိုက်ထိုက်စံ (Finance)၊ ဒေါ်ဇင်ဝါဝါကျော်(Corporate Direct Channel) တို့မှလည်း KBZMS ၏ အောင်မြင်မှုရည်ရွယ်ချက်ဆီသို့သွားရာတွင် ONE Team Direction ဖြင့်အတူတူပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားသွားကြမည်ဖြစ်ကြောင်းကို မျှဝေခြင်းများနှင့်အတူ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်သက် (၁၀)နှစ် နှင့် (၅)နှစ် ပြည့်ဝန်ထမ်းများအား Long Standing Appreciation Award ဖြင့် ကြိုးစားပြီးအတူရှိခဲ့သည့်အတွက် Appreciation Awards များချီးမြှင့်ခြင်း၊ ဝန်ထမ်းများအား Dinner ဧည့်ခံကျွေးမွေးခြင်း၊ (၁၃)နှစ်ပြည့်တာကာလအတွက် ကိတ်ခွဲခြင်းခြင်းနှင့်အတူ တစ်ခြားသော ပျော်ရွှင်ဖွယ်ရာ Activities များစွာကို အတူဆင်နွှဲခဲ့ကြပါသည်။

All-Hands Meeting 2026 အခမ်းအနားကြီးအောင်မြင်စွာပြီးမြောက်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ တက်ရောက်ပေးခဲ့ကြသည့် ရုံးချုပ်နှင့် ရုံးခွဲများများမှ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိရပါသည်။

12 June 2026   |

သတင်းအချက်အလက်များ

 

ကျွန်ုပ်တို့ KBZMS အာမခံကုမ္ပဏီ၏ အဓိက စံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ သတ္တိ နှင့် ဝီရိယ တို့ကို ဖော်ကြူးသည့် ယဉ်ကျေးမှုများ၊ လူထုဖွံ့ဖြိုးတိုးတက်မှုများ၊ ကုမ္ပဏီအဖွဲ့အစည်းပွဲများကို တွေ့မြင်နိုင်မှာဖြစ်ပါသည်။

photo-7
02 Nov 2026
General Insurance Company of the Year – 2026
မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ KBZMS အတွက် သမိုင်းဝင်အောင်မြင်မှု! KBZMS General Insurance မှ 30th Asia Insurance Industry Awards 2026 တွင် General Insurance Company of the Year ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါပြီ။ Asia Insurance Review မှ ကြီးမှူးကျင်းပတဲ့ ယခုနှစ် Asia Insurance Industry Awards တွင် ဆုအမျိုးအစား ၁၆ ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်မှု ၁၈၅ ခုနီးပါးရှိခဲ့ပြီး အာရှအာမခံလုပ်ငန်းနယ်ပယ်မှ ထူးချွန်တဲ့ ကုမ္ပဏီများကို ရွေးချယ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။ General Insurance Company of the Year ဆုအတွက် အာရှနိုင်ငံ ၅ နိုင်ငံမှ ထိပ်တန်း General Insurance ကုမ္ပဏီ ၅ ခု Finalists အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Allianz Ayudhya – Thailand KBZMS General Insurance – Myanmar MSIG Insurance (Singapore) – Singapore Phillip General Insurance (Cambodia) – Cambodia PVI Insurance Corporation – Vietnam အာရှထိပ်တန်းအာမခံကုမ္ပဏီများနဲ့အတူ Finalist အဖြစ် ရွေးချယ်ခံခဲ့ရပြီး General Insurance Company of the Year ဆုကြီးကို KBZMS က ဆွတ်ခူးရရှိခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ Insurance Industry အတွက်ပါ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ KBZMS အနေနဲ့ Customers တွေရဲ့ ယုံကြည်မှုကို အလေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့၊ Digital Innovation တွေကတစ်ဆင့် Insurance Protection ကို လူအများ ပိုမိုလက်လှမ်းမီလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ Insurance Industry ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် Disaster Risk Reduction နဲ့ Community Resilience လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရင်း သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ပိုမိုလုံခြုံစိတ်ချရတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ဆက်လက်ပံ့ပိုးပေးနေပါတယ်။ ဒီဆုဟာ KBZMS ရဲ့ Business Performance ကို အသိအမှတ်ပြုခြင်းသာမက စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနဲ့ အတူတကွ ကြိုးပမ်းအားထုတ်မှုတွေကို ပြသခဲ့တဲ့ ONE KBZMS Team တစ်ဖွဲ့လုံးရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ဒီအောင်မြင်မှုအတွက် အစဉ်အမြဲ ကြိုးစားပေးနေကြတဲ့ KBZMS ဝန်ထမ်းများ၊ Shareholders များ၊ Business Partners များနဲ့ KBZMS ကို ယုံကြည်အားပေးကြတဲ့ Customers များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ Proud to Represent Myanmar. Honored to Stand Among Asia’s Best. ရှေ့ဆက်ပြီးလည်း မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးရင်း ပိုမိုလုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
1
13 Oct 2026
Beyond Insurance.Beyond Awareness.Into Action.
Beyond Insurance.Beyond Awareness.Into Action. KBZMS အနေနဲ့ ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ စတင်ဆောင်ရွက်ရတာမဟုတ်ဘဲ မဖြစ်ပွားခင်ကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေနဲ့ စတင်ရမယ်လို့ ယုံကြည်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးနောက်ပိုင်း Mandalay Phoenix အစီအစဉ်တွေကနေ ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီခဲ့သလို၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေကနေတစ်ဆင့် လူဦးရေ ၃,၀၀၀ ကျော်ကိုပါ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ လျှော့ချရေးဆိုင်ရာ အသိပညာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အသိပညာပေးခြင်းမှ နောက်တစ်ဆင့်တက်လှမ်းပြီး ရပ်ရွာလူထုနဲ့အတူ လက်တွဲကာ လက်တွေ့အကျိုးပြုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ KBZMS ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုင်းလူမွန်အောင် ဦးဆောင်တဲ့ KBZMS စေတနာ့ဝန်ထမ်း ၅၀ ဦးဟာ FIN Myanmar၊ Early Childhood School Management Committee နဲ့ Community Resource Center တို့နဲ့ ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေဖို့၊ ရေဝပ်မှုတွေကို ကာကွယ်ဖို့နဲ့ ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ ရပ်ရွာပတ်ဝန်းကျင်တွေ ဖြစ်လာစေရန် ရည်ရွယ်ပြီး ရေနုတ်မြောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာကနေ အိမ်ထောင်စု ၂,၅၀၀ ကျော်နဲ့ လူဦးရေ ၁၂,၅၀၀ ခန့်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပုသိမ်နဲ့ ဟင်္သာတရုံးခွဲတွေက ဝန်ထမ်းတွေဟာလည်း မိမိတို့ဒေသတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ KBZMS အတွက် Beyond Insurance ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ ပြန်လည်ထူထောင်ရေးကို ကူညီပေးတာတင်မကဘဲ ဘေးအန္တရာယ်တွေကို ကြိုတင်လျှော့ချနိုင်ဖို့၊ ရပ်ရွာလူထုနဲ့အတူ လက်တွဲဆောင်ရွက်ဖို့နဲ့ ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။
6 7
02 Oct 2026
Shared with Warm Compassion: KBZMS’s 5th Blood Donation Drive
စက်တင်ဘာလ (၂) ရက်နေ့တွင် KBZMS ဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာ မြို့နယ်များရှိ သွေးလှူဘဏ်များတွင် မေတ္တာတရားရှေ့ထား၍ သွေးလှူဒါန်းခဲ့ကြပါသည်။ KBZMS ၏ တန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့ကို အခြေခံကာ ယခု (၅) ကြိမ်မြောက်အထိ သွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး CSR နှင့် လူထုအကျိုးပြု လုပ်ငန်းစဉ်များအဖြစ် လိုအပ်နေသူများ၏ အသက်များကို ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။ စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော ဝန်ထမ်းများအတွက် အစားအစာများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည့် ပုံရိပ်လေးများကို မျှဝေပေးလိုက်ရပါသည်။
Cover 1
25 Sep 2026
Partnership Agreement Signing Ceremony
ပြည်တွင်း/ပြည်ပ ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် ပိုမိုလုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် KBZMS General Insurance နှင့် Myanmar Airways International (MAI) တို့ ပူးပေါင်းဆောင်ရွက်သည့် Partnership Agreement Signing Ceremony ကို “ Myanmar Trade Partners Session” အခမ်းအနားတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် KBZMS နှင့် MAI တို့သည် လေကြောင်းခရီးသွားများအတွက် လိုအပ်သည့် ခရီးသွားအာမခံ (Travel Insurance) ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ၊ မြန်ဆန်၊ ထိရောက်စွာ ရယူနိုင်ရန် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ “ Myanmar Trade Partners Session” အခမ်းအနားတွင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အပြင် MAI ၏ Brand Ambassador များ ပါဝင်ဆွေးနွေးသည့် Panel Discussion နှင့် တက်ရောက်လာကြသည့် မိတ်ဖက်စီးပွားရေး အဖွဲ့အစည်းများအကြား အနာဂတ် လုပ်ငန်းစဉ်ဆိုင်ရာ ရင်းနှီးစွာ ဆွေးနွေးဖလှယ်မှုများလည်း ပါဝင်ခဲ့ပါသည်။ KBZMS General Insurance အနေဖြင့် ခရီးသွားပြည်သူများ၏ ခရီးစဉ်တိုင်းတွင် စိတ်အေးချမ်းမှုနှင့် လုံခြုံမှုအပြည့် ပေးအပ်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အာမခံဝန်ဆောင်မှုများဖြင့် အစဉ်အမြဲ အနီးကပ် စောင့်ရှောက်ပေးလျက် ရှိပါသည်။
9
14 Aug 2026
BEYOND INSURANCE: Connecting Culture, Communities and Business Through Resilience
KBZMS General Insurance မှ Building Continuity Through Resilience Seminar ကို ဩဂုတ်လ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး KBZMS ရဲ့ 2026–2027 Disaster Risk Reduction (DRR) Roadshow ရဲ့ ပထမဆုံးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ယခု Seminar သို့ တက်ရောက်အားပေးခဲ့ကြတဲ့ KBZ Group Vice Chairman ဦးညိုမြင့်၊ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ တို့နှင့်အတူ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၊ လင်းယုန်ပရဟိတအဖွဲ့၊ Inle Youth Volunteer Network တို့အပါအဝင် ဒေသခံအဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒီနေ့ပွဲကို တက်ရောက်အားပေးပြီး အတူတကွ ပူးပေါင်းပါဝင်ပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ KBZMS အတွက် အာမခံဆိုတာ အာမခံအကာအကွယ်ပေးခြင်းနဲ့ လျော်ကြေးငွေပေးအပ်ခြင်းမှာပဲ ရပ်တန့်မနေပါဘူး။ “Beyond Insurance” Approach ကနေ လူမှုအသိုင်းအဝိုင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အန္တရာယ်တွေကို ပိုမိုနားလည်ပြီး ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ရေရှည် ကြံ့ကြံ့ခံနိုင်စွမ်း ပိုမိုအားကောင်းလာစေဖို့ အတူတကွ လက်တွဲဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဒီတောင်ကြီးဆွေးနွေးပွဲမှာတော့ Culture, Communities and Business ဆိုတဲ့ မတူညီတဲ့ ရှုထောင့်သုံးခုကို Resilience ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအောက်မှာ ချိတ်ဆက်ဆွေးနွေးခဲ့ကြပါတယ်။ Preserving Culture Through Resilient Building STATEMENT Architecture + Design မှ Architect & Researcher ဒေါ်ချောကလျာ မှ ငလျင်ဘေးအန္တရာယ်က ရရှိခဲ့တဲ့ သင်ခန်းစာတွေအပေါ် အခြေခံပြီး ရှမ်းပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဒေသခံဗိသုကာလက်ရာတွေနဲ့ လက်မှုပညာတွေကို ထိန်းသိမ်းရင်း ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ အဆောက်အအုံတွေ ဘယ်လိုပြန်လည်တည်ဆောက်နိုင်မလဲဆိုတာ မျှဝေဆွေးနွေးခဲ့ပါတယ်။ Empowering Communities to Lead Inle Resource Center (IRC) ရဲ့ Excellence & Resilience Lead ဒေါ်ယမုံသော် မှ ဒေသခံတွေရဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်တွေကို အားကောင်းစေပြီး ကိုယ့်ဒေသရဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်နိုင်ဖို့ အရေးကြီးပုံကို မျှဝေခဲ့ပါတယ်။ Understanding Risk & Ensuring Business Continuity KBZMS ရဲ့ Head of Survey & Engineering ဦးကျော်ဇေယျာလင်း မှ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ Disaster Risk Management နဲ့ Business Continuity Planning (BCP) ကနေ စီးပွားရေးလုပ်ငန်းတွေ အန္တရာယ်တွေကို ကြိုတင်နားလည်ပြီး ပြင်ဆင်နိုင်ဖို့နဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်ဖို့ ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ မျှဝေခဲ့ပါတယ်။ မတူညီတဲ့ ရှုထောင့်တွေဖြစ်ပေမယ့် အားလုံးဟာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ အပြန်အလှန် ချိတ်ဆက်နေပါတယ်။ Resilience ဆိုတာ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အားထုတ်မှုနဲ့ တည်ဆောက်လို့ရတဲ့အရာ မဟုတ်ပါဘူး။ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေ အားလုံး အတူတကွ လက်တွဲပူးပေါင်းမှသာ ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ KBZMS ရဲ့ “Beyond Insurance” Approach ဖြစ်ပါတယ်။ KBZMS ရဲ့ 2026–2027 DRR Roadshow နဲ့အတူ လူမှုအသိုင်းအဝိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဆက်လက်ချိတ်ဆက်ပြီး ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ မြန်မာနိုင်ငံဆီသို့ အတူတကွ ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။
Cover
20 Jul 2026
Appreciation Event & Awarding Ceremony
KBZMS General Insurance နှင့် KBZ Bank တို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအောက်တွင် Financial Year 2025–2026 (Year-3) အတွင်း ရရှိခဲ့သော အောင်မြင်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုသည့် Appreciation Event & Awarding Ceremony ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုအခမ်းအနားသည် FY 2025–2026 (Year-3) အတွင်း ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသော Branch များ၊ Business Unit များနှင့် တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုသည့် အထူးအခမ်းအနားတစ်ရပ် ဖြစ်ပါသည်။ အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် အားစိုက်ကြိုးပမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း KBZMS General Insurance နှင့် KBZ Bank တို့သည် Customer များအတွက် ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းနှင့် အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးရင်း အောင်မြင်မှုအသစ်များကို အတူတကွ ရေးဆွဲသွားမည်ဖြစ်ပါသည်။
o
17 Jul 2026
Kick-off & Appreciation Event
KBZMS နှင့် uab bank PCL တို့၏ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရရှိခဲ့သော Outstanding Performance များကို အတူတကွ ဂုဏ်ပြုခဲ့ကြပြီး ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။ ထို့အပြင် FY26–27 အတွက် ပိုမိုကောင်းမွန်သော Customer Experience နှင့် လုပ်ငန်းတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားသည့် Strategic Plans များကိုလည်း အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ အခမ်းအနားတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များ၏ အမှတ်တရပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ယနေ့အောင်မြင်မှုများ၏ နောက်ကွယ်တွင် အားစိုက်ကြိုးပမ်းခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း KBZMS နှင့် uab bank PCL တို့သည် Customer များအတွက် ပိုမိုကောင်းမွန်သော အာမခံနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးသွားမည်ဖြစ်ပါသည်။
4S4A9413
17 Jul 2026
Bancassurance Partnership Agreement Signing Ceremony
KBZMS General Insurance နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) တို့၏ Bancassurance Partnership Agreement Signing Ceremony ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ တွင် Pan Pacific Yangon ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုသည် Customer များအတွက် ယုံကြည်စိတ်ချရသော ဘဏ်ဝန်ဆောင်မှုများနှင့် အာမခံဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေ၊ လွယ်ကူပြီး အရည်အသွေးမြင့်မားစွာ ရရှိနိုင်စေရန် ရည်ရွယ်ထားသည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပါသည်။ ရှေ့ဆက်၍လည်း Customer များ၏ လိုအပ်ချက်များကို အခြေခံသော ဘဏ္ဍာရေးနှင့် အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးသွားမည်ဖြစ်ပါသည်။
Media (3)
07 Jul 2026
Seven Years of Excellence
KBZMS General Insurance သည် ၂၀၂၆ ခုနှစ်တွင် Insurance Asia မှ ပေးအပ်သည့် အောက်ပါဆုနှစ်ဆုကို ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။ Domestic General Insurer of the Year, Myanmar ESG Initiative of the Year, Myanmar Domestic General Insurer of the Year ဆုကို (၇) ကြိမ်မြောက် ဆက်တိုက်ရရှိခြင်းသည် KBZMS အတွက် အလွန်ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ပြီး Customer များ၏ ယုံကြည်မှု၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုနှင့် KBZMS ၏ “မေတ္တာ၊ သတ္တိ၊ ဝီရိယ” တန်ဖိုးများအပေါ် အခြေခံ၍ ပေးအပ်လျက်ရှိသော အာမခံဝန်ဆောင်မှုများ၏ အသိအမှတ်ပြုမှုတစ်ရပ်လည်း ဖြစ်ပါသည်။ ထို့အပြင် ESG Initiative of the Year ဆုကို ရရှိခဲ့ခြင်းသည် အာမခံဝန်ဆောင်မှုများပေးအပ်ခြင်းထက် ကျော်လွန်၍ လူမှုအသိုင်းအဝိုင်းများအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖန်တီးနိုင်ရန် KBZMS ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ဤအောင်မြင်မှုများသည် Customer များ၏ ယုံကြည်စွာ လက်တွဲမှု၊ ဝန်ထမ်းများ၏ အပ်နှံကြိုးပမ်းမှုနှင့် မိတ်ဖက်များ၏ ပူးပေါင်းပံ့ပိုးမှုတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ KBZMS နှင့်အတူ လက်တွဲပါဝင်ပေးခဲ့ကြသော Customer များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော အာမခံမိတ်ဖက်အဖြစ် Customer များနှင့် လူမှုအသိုင်းအဝိုင်းများအတွက် တန်ဖိုးရှိသော ဝန်ဆောင်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.
Successful!
Thank you for filling out the information.
Our staff will contact you back as soon as possible.