မြန်မာနိုင်ငံ၏ထိပ်တန်း အာမခံကုမ္ပဏီ KBZMS General Insurance Co., Ltd နှင့် ထိပ်တန်းနံပါတ်တစ် အိမ်ခြံမြေနှင့်ကား ကြော်ငြာဝဘ်ဆိုက်များဖြစ်သည့် iMyanmarHouse၊ CarsDB လုပ်ငန်းစု တို့ ၏ “ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနား” (MOU Signing Ceremony) ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ ယနေ့နေ့လည်တွင် Strand Square ၌ အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးစီးခဲ့ပါသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားကို KBZMS General Insurance Co., Ltd ၏ CEO ဖြစ်သူ ဦးလူမွန်အောင် နှင့် iMyanmarHouse Group ၏ Group CEO ဖြစ်သူ ဦးနေမင်းသူ တို့ တက်ရောက်၍ ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသို့လက်မှတ်ရေးထိုးရာတွင် iMyanmarHouse နှင့် CarsDB ဝဘ်ဆိုက်များမှတစ်ဆင့် အိမ်ခြံမြေနှင့် ကား ဝယ်ယူသူများအနေဖြင့် မတော်တဆဖြစ်ရပ်များနှင့် သဘာဝဘေးအန္တရာယ်မှ မိမိ၏ပိုင်ဆိုင်မှုအား ကြိုတင်ကာကွယ်နိုင်မည့် KBZMS ၏ အိမ်ခြံမြေ/ကား အာမခံဝန်ဆောင်မှုများကို လွယ်ကူစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်ပါသည်။
iMyanmarHouse၊ CarsDB လုပ်ငန်းစု တို့နှင့် နှစ်ဦးနှစ်ဖက် လုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း အခမ်းအနားပုံရိပ်များနှင့်အတူ မျှဝေလိုက်ရပါသည်။
KBZMS General Insurance
ယုံကြည်အားထား အာမခံစွမ်းအား