၂၀၂၅ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့မှာ ကျရောက်ခဲ့သည့် KBZMS ၏ (၁၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်လ (၁၆) ရက်‌နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ KBZMS ဝန်ထမ်းများမှ မိမိတို့သက်ဆိုင်ရာမြို့နယ်များရှိ သွေးလှူဘဏ်များ တွင် မေတ္တာတရားရှေ့ထားကာ

လူအများ၏အသက်များကိုကယ်တင်ရာတွင် အထောက်အကူပြုစေရန် သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ပါသည်။

 

KBZMS မိသားစုသည် KBZMS မှ ချမှတ်ထားသည့် စံတန်ဖိုးများဖြစ်သော မေတ္တာ၊ သတ္တိ၊ ဝီရိယ တို့အနက်မှ မေတ္တာတရားဖြင့် သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ရာ ယခုတွင် (၃) ကြိမ်မြောက်ကို ရောက်ရှိလာခဲ့ပါပြီ။CSR Program နှင့် လူထုအကျိုးပြု လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပေါ်သွေးလိုအပ်နေသည့် လူနာများ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ဆက်လက်ပြီး သွေးလှူဒါန်းမှုများကို လုပ်ဆောင်သွားမှာပဲဖြစ်ပါသည်။

 

KBZMS စိတ်အားထက်သန်စွာ သွေးလှူဒါန်းခဲ့ကြပါသော ဝန်ထမ်းများကို သက်သောင့်သက်သာအနားယူပြီး အားရှိစေရန် အစားအစာများနှင့် လက်ဆောင်များကိုပေးအပ်ခဲ့တဲ့ ပုံရိပ်များအား ပီတိဖြစ်စေရန် မျှဝေပေးလိုက်ပါသည်။