၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့၊ မန္တလေးမြို့ရှိ Golden Duck Restaurantတွင် မန္တလေးအခြေစိုက် Express အဝေးပြေးယာဉ်လုပ်ငန်းရှင်များနှင့် လှည့်လည်ခရီးသွားလုပ်ငန်းရှင်များအတွက် စီစဉ်ကျင်းပသည့် နှစ်ပတ်လည် ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် KBZMS CEO ဦးစိုင်းလူမွန်အောင်မှ KBZMS နှင့် ယုံကြည်စွာ လက်တွဲပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် မိတ်ဖက်များအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ရှေ့ဆက်၍လည်း ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ တိုးတက်အောင်မြင်မှုများ ဖန်တီးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ လုပ်ငန်းရှင်ကြီးများအား အသိအမှတ်ပြုဂုဏ်ပြုခြင်း၊ ‌တစ်ခြားသော ပျော်ရွှင်ဖွယ်ရာ Activities များစွာဖြင့် နှစ်ပတ်လည် ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

KBZMS အနေဖြင့် ရှေ့ဆက်၍ မိတ်ဖက်များနှင့်အတူ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုအခြေခံကာ နောင်နှစ်များစွာတိုင်အောင်မြင်မှုများကိုအတူတည်ဆောက်သွားကြပါမည်။

အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အခမ်းအနား၏ အမှတ်တရပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါသည်။

1
2 copy 2