သြဂုတ်လ (၂၁) ရက်နေ့၊ ရန်ကုန်မြို့ WYNDHAM GRAND YANGON Hotelတွင် KBZMS နှင့် KBZ ဘဏ်တို့၏ ဂုဏ်ပြုညစာစားပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက်သောကုမ္ပဏီ၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ပါသည်။
KBZMS နှင့် KBZ Bank တို့ရှိ Bancassurance channel မှ ဝန်ထမ်းများ၏ကြိုးစားအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်သောအခမ်းအနားဖြစ်ပြီး KBZ Bank ၏ CEO ဦးဇော်လင်းအောင်နှင့် KBZMS ၏ CEO ဦးလူမွန်အောင် တို့မှ အဖွင့်အမှာစကားများဖြင့် အခမ်းအနားကိုစတင်ခဲ့ပါသည်။
နှစ်ဖက်သောကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့် တစ်နှစ်တာအတွင်းလုပ်ဆောင်ခဲ့သည့် အစီအစဉ်များအားပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်မည့် မဟာဗျူဟာအစီအစဉ်များ၊ ရည်မှန်းချက်များအား ပြောကြားခြင်းနှင့် ဆုချီးမြှင့်မှုခြင်းအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။






