နိုဝင်ဘာ (၂၃) ရက်နေ့တွင် ရန်ကုန်မြို့  Zealax Hotel တွင် KBZMS နှင့် MOB တို့ပူးပေါင်းပြီး Revive & Thrive Appreciation Dinner ကျင်းပခဲ့ရာ KBZMS နှင့် MOB မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

ညစာစားပွဲသို့ KBZMS မှ CEO ဦးစိုင်းလူမွန်အောင် နှင့် MOB မှ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်သန်းတို့မှ အဖွင့်အမှာစကားများဖြင့်စတင်ခဲ့ပြီး နောင်လာမည့်နှစ်များတွင် ပိုမိုရောင်းအားမြှင့်တက်ရေးအတွက် မဟာဗျူဟာရည်မှန်းချက်များကိုချမှတ်ခြင်းနှင့် အပြုသဘောဆောင်သောအကြံပေးမှုများကိုပြောကြားခဲ့ပါသည်။

Revive & Thrive Appreciation Dinner သို့ တက်ရောက်လာကြသူများအား KBZMS Motor Vehicle Campaign နှင့်ပတ်သက်သည့် မေးခွန်း (အမေး/အဖြေ) အစီအစဉ်များမေးခြင်းနှင့် ပျော်ရွှင်ဖွယ်ရာ activity များကိုပြုလုပ်ခြင်း၊ ဆုလက်ဆောင်များပေးခြင်းတို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။