Beyond Insurance.Beyond Awareness.Into Action.


KBZMS အနေနဲ့ ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ စတင်ဆောင်ရွက်ရတာမဟုတ်ဘဲ မဖြစ်ပွားခင်ကတည်းက ကြိုတင်ပြင်ဆင်ကာကွယ်မှုတွေနဲ့ စတင်ရမယ်လို့ ယုံကြည်ပါတယ်။


၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးနောက်ပိုင်း Mandalay Phoenix အစီအစဉ်တွေကနေ ငလျင်ဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီခဲ့သလို၊ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တို့မှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွေကနေတစ်ဆင့် လူဦးရေ ၃,၀၀၀ ကျော်ကိုပါ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနဲ့ လျှော့ချရေးဆိုင်ရာ အသိပညာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အသိပညာပေးခြင်းမှ နောက်တစ်ဆင့်တက်လှမ်းပြီး ရပ်ရွာလူထုနဲ့အတူ လက်တွဲကာ လက်တွေ့အကျိုးပြုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါတယ်။


အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ KBZMS ရဲ့ အမှုဆောင်အရာရှိချုပ် ဦးစိုင်းလူမွန်အောင် ဦးဆောင်တဲ့ KBZMS စေတနာ့ဝန်ထမ်း ၅၀ ဦးဟာ FIN Myanmar၊ Early Childhood School Management Committee နဲ့ Community Resource Center တို့နဲ့ ပူးပေါင်းပြီး သန်လျင်မြို့နယ်၊ နတ်စင်ကုန်းကျေးရွာမှာ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေမှာ ရေကြီးရေလျှံမှုအန္တရာယ် လျော့နည်းစေဖို့၊ ရေဝပ်မှုတွေကို ကာကွယ်ဖို့နဲ့ ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ ရပ်ရွာပတ်ဝန်းကျင်တွေ ဖြစ်လာစေရန် ရည်ရွယ်ပြီး ရေနုတ်မြောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနဲ့ မြေဖို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာကနေ အိမ်ထောင်စု ၂,၅၀၀ ကျော်နဲ့ လူဦးရေ ၁၂,၅၀၀ ခန့်အတွက် အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပုသိမ်နဲ့ ဟင်္သာတရုံးခွဲတွေက ဝန်ထမ်းတွေဟာလည်း မိမိတို့ဒေသတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


KBZMS အတွက် Beyond Insurance ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားပြီးမှ ပြန်လည်ထူထောင်ရေးကို ကူညီပေးတာတင်မကဘဲ ဘေးအန္တရာယ်တွေကို ကြိုတင်လျှော့ချနိုင်ဖို့၊ ရပ်ရွာလူထုနဲ့အတူ လက်တွဲဆောင်ရွက်ဖို့နဲ့ ပိုမိုဘေးကင်းလုံခြုံပြီး ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။

 

3