မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ၊ KBZMS အတွက် သမိုင်းဝင်အောင်မြင်မှု!

KBZMS General Insurance မှ 30th Asia Insurance Industry Awards 2026 တွင် General Insurance Company of the Year ဆုကြီးကို ဆွတ်ခူးရရှိခဲ့ပါပြီ။

Asia Insurance Review မှ ကြီးမှူးကျင်းပတဲ့ ယခုနှစ် Asia Insurance Industry Awards တွင် ဆုအမျိုးအစား ၁၆ ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်မှု ၁၈၅ ခုနီးပါးရှိခဲ့ပြီး အာရှအာမခံလုပ်ငန်းနယ်ပယ်မှ ထူးချွန်တဲ့ ကုမ္ပဏီများကို ရွေးချယ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ပါတယ်။

General Insurance Company of the Year ဆုအတွက် အာရှနိုင်ငံ ၅ နိုင်ငံမှ ထိပ်တန်း General Insurance ကုမ္ပဏီ ၅ ခု Finalists အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

Allianz Ayudhya – Thailand

KBZMS General Insurance – Myanmar

MSIG Insurance (Singapore) – Singapore

Phillip General Insurance (Cambodia) – Cambodia

PVI Insurance Corporation – Vietnam

 

အာရှထိပ်တန်းအာမခံကုမ္ပဏီများနဲ့အတူ Finalist အဖြစ် ရွေးချယ်ခံခဲ့ရပြီး General Insurance Company of the Year ဆုကြီးကို KBZMS က ဆွတ်ခူးရရှိခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ Insurance Industry အတွက်ပါ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။

KBZMS အနေနဲ့ Customers တွေရဲ့ ယုံကြည်မှုကို အလေးထားပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့၊ Digital Innovation တွေကတစ်ဆင့် Insurance Protection ကို လူအများ ပိုမိုလက်လှမ်းမီလာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ Insurance Industry ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် Disaster Risk Reduction နဲ့ Community Resilience လုပ်ငန်းတွေမှာလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ရင်း သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ပိုမိုလုံခြုံစိတ်ချရတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေဖို့ ဆက်လက်ပံ့ပိုးပေးနေပါတယ်။

ဒီဆုဟာ KBZMS ရဲ့ Business Performance ကို အသိအမှတ်ပြုခြင်းသာမက စည်းလုံးညီညွတ်မှု၊ တာဝန်ယူမှုနဲ့ အတူတကွ ကြိုးပမ်းအားထုတ်မှုတွေကို ပြသခဲ့တဲ့ ONE KBZMS Team တစ်ဖွဲ့လုံးရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။

ဒီအောင်မြင်မှုအတွက် အစဉ်အမြဲ ကြိုးစားပေးနေကြတဲ့ KBZMS ဝန်ထမ်းများ၊ Shareholders များ၊ Business Partners များနဲ့ KBZMS ကို ယုံကြည်အားပေးကြတဲ့ Customers များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

Proud to Represent Myanmar. Honored to Stand Among Asia’s Best.

ရှေ့ဆက်ပြီးလည်း မြန်မာပြည်သူတွေရဲ့ ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးရင်း ပိုမိုလုံခြုံစိတ်ချရတဲ့ အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။