KBZMS မှ ကျောင်းသားအရွယ် လူငယ်မောင်မယ်များရဲ့ ဘဝအတွက် အရေးပါသော စိတ်လုံခြုံမှုကိုရည်ရွယ်ပြီး ဦးဆောင်ကျင်းပခဲ့တဲ့ “ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲလေးကို KBZ Center Mandalay မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ
တွေ့ဆုံပွဲလေးရဲ့ အနှစ်သာရကို ပေါ်လွင်အောင် အသိပညာ၊ စာပေဗဟုသုတများဖြင့် မျှဝေပေးခဲ့တဲ့ ဆရာ ဆူးငှက် ကို ကျေးဇူးဂါရဝပြုကြောင်း ထပ်မံ မှတ်တမ်းတင်ရှိပါတယ်။
ထို့အတူ လူငယ်မောင်မယ်များရဲ့ Inner-Balance နဲ့ Well-Being ကဲ့သို့ အကြောင်းအရာများကို လူငယ်တွေ နားလည် သဘောပေါက်လွယ်စေရန် စနစ်တကျ စီစဉ် ဝေမျှပေးခဲ့တဲ့ Yangon School Social Work (YSSW) မှ ဆရာဦးကျော်စစ်နိုင်နဲ့ အဖွဲ့သားများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
တွေ့ဆုံပွဲလေးရဲ့ အစီအစဉ်တစ်ခုချင်းစီတိုင်းမှာ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပါဝင်ပေးခဲ့ကြတဲ့ မန္တလေးမြို့က လူငယ်မောင်မယ်များအားလုံးကိုလည်း အသိအမှတ်ပြု၊ မှတ်တမ်းတင်အပ်ပါတယ်။
လူငယ်တွေအနေနဲ့ တွေဆုံပွဲကတဆင့် ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေ၊ ကိုယ့်ကိုကိုယ် အပြစ်တင်အားငယ်နေမိတဲ့အပိုင်းတွေကို သေချာသိမြင်ကာ လျော့ကျ၊ ပျောက်ကင်းသွားပြီး စိတ် လုံခြုံမှုအပြည့်နဲ့ ဘဝလုံခြုံမှုဆီ ဦးတည်လျှောက်လှမ်းနိုင်ကြရန်လည်း မျှော်လင့်မိပါတယ်။
ဒီနေ့တွေ့ဆုံပွဲလေးဖြစ်မြောက်အောင် နေရာတစ်ခုအဖြစ်ရှိပေးတဲ့ KBZ Center Mandalay ကိုလည်းကျေးဇူးတင်ပါတယ်
“ရှင်သန်နိုးထလာသော မန္တလေးမှ လူငယ်များ” တွေ့ဆုံပွဲကို ကိုယ်တိုင်ကိုယ်ကျတက်ရောက်ခဲ့တဲ့ သူများအနေဖြင့်လည်း ကိုယ်တွေ့ အတွေ့အကြုံလေးတွေကို Comment ထဲမှာ မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေ။