Happy 12th Birthday KBZMS

KBZMS ဖြစ်တည်ခဲ့တာ နှစ်ပေါင်း (၁၂) နှစ်တိုင်ခဲ့ပါပြီဖြစ်ပါသည်။


(၁၂) နှစ်တာကာလအတွင်း KBZMS  အနေဖြင့် အောင်မြင်များစွာရှိခဲ့သလို အခက်အခဲများစွာကိုလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါသည်။

 

အခက်အခဲများကြားမှ မျှော်မှန်းခဲ့သည့် ရလာဒ်များဖြစ်လာခဲ့ပြီး (၁၂)နှစ်တာကာလကိုရောက်ရှိခဲ့သည်မှာ ဝန်ထမ်းများအားလုံး၏စည်လုံးညီညွတ်မှု၊ ကူညီပံ့ပိုးမှုနှင့် ကျရာကဏ္ဍအသီးအသီးတွင် တာဝန်များကို အကောင်းဆုံးလုပ်‌ဆောင်နိုင်ခြင်းကြောင့်သာဖြစ်ပါသည်။

 

ဆက်လက်ပြီးလည်း KBZMS ၏ရည်မှန်းချက်ဖြစ်သည့် မှန်ကန်တဲ့အာမခံဖြေရှင်းချက်များပေးခြင်းဖြင့် လူနေမှုဘဝအရည်အသွေးကိုမြှင့်တင်ပေးနိုင်ရန်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး KBZMSအား ယုံကြည်စွာလက်တွဲသည့် Customer များအား စံတန်ဖိုးများထဲမှ “မေတ္တာ”နှင့်အညီအကောင်းဆုံးဝန်ဆောင်မှုများပေးသွားမည်ဖြစ်ပါသည်။

 

KBZMS 12th Year Anniversary ကို KBZMS Customer Service Area တွင် KBZMS CEO ဦးစိုင်းလူမွန်အောင်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များအားလုံး ဂုဏ်ယူဝမ်းမြောက်စွာကျင်းပခဲ့သည့်ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးလိုက်ရပါသည်။