KBZMS General Insurance ၏ ဒုတိယအကြိမ်မြောက် All Hands Meeting ကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် Meliá Hotel တွင်အောင်မြင်စွာကျင်းပခဲ့ပြီဖြစ်ပါသည်။

 

Executive Vice Chairman ဦးညိုမြင့် မှ ၀န်ထမ်းများအား နှုတ်ခွန်းဆက်မိန့်ခွန်းကို  Teams Meeting ဖြင့် ပြောကြားခဲ့ပြီး CEO, COO,Head of HR, Head of Retail Partners  တို့မှ လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့် ဝန်ထမ်းများအတွက် အဖိုးတန်စကားလက်‌ဆောင်များအားပြောကြားခဲ့ပါသည်။CMO မှ ဝန်ထမ်းများအားလုံးအတွက် စိတ်ပျော်ရွှင်ပြီး ခွန်အားရစေမည့် စကားများအား ဘဝအတွေ့အကြုံများမှတစ်ဆင့် မျှဝေခဲ့ပြီး CFO, DCDO နှင့်အတူ Head of Corporate Planning မှ အတွေ့အကြုံများကိုအခြေခံပြီး  အဖိုးတန်စကားလက်ဆောင်များမျှဝေပေးခဲ့ပါသည်။ လုပ်သက် (၁၀)နှစ် နှင့် (၅)နှစ် ပြည့်ဝန်ထမ်းများအား Long Standing Appreciation Award နှင့်အတူ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းထက်သာလွန်သည့်အရာများကိုလုပ်ဆောင်ခဲ့သည့် ဝန်ထမ်းအား Spotlight Award တို့အားလည်းချီးမြှင့်ပေးခဲ့ပါသည်။

 

All-Hands Meeting 2025 အခမ်းအနားကြီးအောင်မြင်စွာပြီးမြောက်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီနှင့်အတူ တက်ရောက်ပေးခဲ့ကြသည့် ရုံးခွဲများနှင့် ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိရပါသည်။

 

အောင်မြင်စွာပြီးမြောက်ခဲ့သော ပုံရိပ်မှတ်တမ်းများအားလည်း ကြည်နူးပီတိဖြစ်စေရန်အတွက်ပြန်လည်မျှဝေပေးလိုက်ရပါသည်။